COVID-19 ရောဂါပိုး အတည်ပြု ဓာတ်ခွဲစမ်းသပ်မှုအား ရန်ကုန်မြို့တွင်သာ စစ်ဆေးနိုင်သည့်အတွက် လိုအပ်သည့်နေရာများသို့ ရောဂါပိုးစစ်ဆေးနိုင်သည့်စက်များ ပို့ဆောင်ထားရှိပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရမည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
COVID-19 ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးနှင့်အခြား လိုအပ်ချက်များ ဆောင်ရွက်ပေးနိုင်ရေးအတွက် တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်များ၏ စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေးကို ဧပြီ ၂၀ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) အစည်းအဝေးခန်းမ၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးစီး၍ ပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်းကြောင်း တပ်မတော် က ဧပြီ ၂၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
လက်ရှိအခြေအနေ၌ ရောဂါပိုးအတည်ပြုဓာတ်ခွဲစမ်းသပ်မှုအား ရန်ကုန်မြို့ တွင်သာ စစ်ဆေးနိုင်သည့်အတွက် လိုအပ်သည့်နေရာများသို့ ကနဦး ရောဂါပိုးစစ်ဆေးနိုင်သည့်စက်များ ပို့ဆောင်ထားရှိပေးနိုင်ရေး စီစဉ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က အဆိုပါအစည်း အဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
COVID-19 ရောဂါပိုး ရှိ၊ မရှိအား အလိုအလျောက် စစ်ဆေးပေးနိုင်သည့်စက်များ တပ်မတော်တွင်ရှိနေပြီး အဆိုပါစက်များအား လိုအပ်သည့်နေရာများသို့ ပို့ဆောင်ပေးရန် စီစဉ်နေကြောင်း တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“အဓိကကတော့ ကျွန်တော်တို့ တပ်က နေပြီးတော့ ထားရှိပေးဖို့ လုပ်နေပါတယ်ဗျာ့။ အဲဒီလိုမျိုး ဆောင်ရွက်နိုင်ဖို့ပါ။ အလိုအလျောက် စစ်ဆေးတဲ့စက်တွေ ရှိပါတယ် ခင်ဗျာ့။ ကျွန်တော်တို့ ပုဂ္ဂလိကကနေ ဝယ် ပြီး လှူနေတာ၊ တရုတ်ကနေဝယ်ပြီး လှူထားတာနဲ့ ဒီပြင်နိုင်ငံကနေ ဝယ်ပြီး လှူထားတာတွေ ရှိပါတယ်။ ကျွမ်းကျင်သူတော့ အနည်းငယ်လိုတာပေါ့။ အလိုအလျောက် ကျွန်တော်တို့ထည့်ပြီး စစ်ဆေးတဲ့ အဖြေထုတ်တဲ့ စက်မျိုး ရှိပါတယ်။ အဲဒါမျိုးကိုဆိုလိုရင်း ဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားသည်။
လက်ရှိအချိန်တွင် အဆိုပါစက်များ ထားရှိပေးမည့် နေရာများအား ရွေးချယ် ရခြင်းမရှိသေးသော်လည်း လူအဝင်အထွက်များသော နယ်စပ်နေရာများတွင် အဆိုပါစက်များ ထားရှိပေးနိုင်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။
-
တစ်လအတွင်း ထိုင်းနိုင်ငံမှ တန်ဖိုးဒေါ်လာ သုည ဒသမ ၂၈ သန်းကျော်ရှိသည့် ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ ကျော် တင်သွင်း
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်