COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဒုတိယအကြိမ် အစည်းအဝေးကို ဧပြီ ၂၃ ရက်က နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပြီး ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကော်မတီ အဖွဲ့ဝင်များဖြစ်သည့် ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ကြကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်သည်။
ကော်မတီအစည်းအဝေးတွင် ကော်မတီအတွင်းရေးမှူးများနှင့် ကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများက COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ဧပြီ ၃၀ ရက်အထိ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို ထပ်မံကာလတိုးမြှင့်ရေး၊ စက်ရုံအလုပ်ရုံများ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လည်ပတ်နိုင်ရေး အပါအဝင် အချက်ငါးချက် ဆွေးနွေးတင်ပြခဲ့ကြသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပက်သက်၍ နိုင်ငံတော်ဘဏ္ဍာငွေ သုံးစွဲရာတွင် စနစ်တကျ ရှိရေးတို့အပြင် နယ်စပ်ဒေသများမှ ပြန်လည်ဝင်ရောက်လာမည့် တိုင်းရင်းသားများအား ၎င်းတို့နေရပ်များသို့ ပြန်လည်ပို့ဆောင်ရေးနှင့် Community Base Facility Quarantine ၂၁ ရက် ထားရှိရေး၊ ကုန်စည်စီးဆင်းမှု မပြတ်တောက်စေရေး တို့ကိုလည်း ဆွေးနွေးတင်ပြခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
ထိုသို့တင်ပြချက်များနှင့် ပတ်သက်၍ ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လမ်းညွှန်မှုများ၊ ဆုံးဖြတ်ချက်များ ချမှတ်ပေးပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
လက်ရှိတွင် COVID-19 ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ပတ်သက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကဏ္ဍအသီးသီးအတွက် စည်းမျဉ်းစည်းကမ်းများကို ဧပြီ ၃၀ ရက်ကို ဦးတည်ကာ ထုတ်ပြန်ထားသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင်လည်း COVID-19 ကာကွယ်၊ ထိန်းချုပ်ရေးအတွက် အသွားအလာ ကန့်သတ်မှုနှင့် စက်ရုံ၊ အလုပ်ရုံများ ဖွင့်လှစ်မှုတို့နှင့် ပတ်သက်၍ ဧပြီ ၃၀ ရက်အထိ သက်တမ်းတိုးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
-
တစ်လအတွင်း ထိုင်းနိုင်ငံမှ တန်ဖိုးဒေါ်လာ သုည ဒသမ ၂၈ သန်းကျော်ရှိသည့် ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ ကျော် တင်သွင်း
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်