Top News

ဌာနချုပ်အပေါ် တိုက်လေယာဉ် အနိမ့်ပျံသန်းမှုနှင့်ပတ်သက်၍ SSPP ထုတ်ပြန်
24htopnews | July 13, 2024 6:12 PM CST

ဌာနချုပ်တည်ရှိရာ ရှမ်းပြည်နယ်၊ ဝမ်ဟိုင်းမြို့နယ်အတွင်း တပ်မတော်၏ YAK-130 အမျိုးအစား ဂျက်တိုက်လေ ယာဉ်တစ်စင်း ဇန်နဝါရီ ၂၄ ရက် နံနက် ၁၁ နာရီကျော်က အနိမ့်ပျံသန်းမှုနှင့်ပတ်သက်၍ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) က သတင်းထုတ်ပြန်သည်။

ယင်းထုတ်ပြန်ချက်တွင် ဇန်နဝါရီ ၂၄ ရက် နံနက်ပိုင်းက တပ်မတော်၏ YAK-130 အမျိုးအစား ဂျက်တိုက်လေယာဉ်တစ်စင်း အနိမ့်ရှပ်ပျံသန်းခဲ့ကြောင်း၊ ထိုသို့အကြောင်း မကြားပဲ အနိမ့်ပျံသန်းမှုပြုလုပ်ခြင်းသည် SSPP/SSA အပေါ် ရန်စစော်ကားသည့် လုပ်ရပ်သာဖြစ်သည်ဟု ယူဆနိုင်ကြောင်း၊ နောက်တစ်ကြိမ် ဤကဲ့သို့ အကြောင်းကြားခြင်းမရှိပဲ ဝမ်ဟိုင်းမြို့ပေါ်သို့ လေယာဉ်ပျံသန်းခြင်းများ၊ လေ့ကျင့်ခြင်များ ထပ်မံပြုလုပ်ပါက တပ်မတော်၏ တာဝန်သာဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် မည်သည့်အတွက်ကြောင့် တိုက်လေယာဉ်ပျံသန်းသည်ကို SSPP ဗဟိုလူကြီးများက သိရှိလိုကြောင်း၊ SSPP ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းဆုက တပ်မတော်ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး(၂) ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင်ထံ ဆက်သွယ်မေးမြန်းရာတွင် ဖြစ်စဉ်ဖြစ်နေချိန်၌ RCSS နှင့် ဆွေးနွေးပွဲလုပ်ဆောင်နေသည့်အတွက် ၎င်းကိုယ်တိုင်မသိရသေးကြောင်းနှင့် သိရှိပါက အကြောင်းပြန်ပေးမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်ဟု ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


READ NEXT
Cancel OK