Top News

ညီနောင်မဟာမိတ်သုံးဖွဲ့၏ သြဂုတ် ၂၈ ရက်နှင့် ၃၁ ရက် ထုတ်ပြန်ချက်နှစ်ခုတွင် ရှေ့နောက် ကွဲလွဲမှုများအပေါ် ဝေဖန်မှုများရှိနေပြီး ၎င်းတို့ကျူးလွန်ခဲ့သည့် အကြမ်းဖက်လုပ်ရပ်များကို ဖြေလျှော့ချင်၍ဖြစ်ကြောင်း သုံးသပ်မှုများရှိနေ
24htopnews | July 12, 2024 9:12 AM CST

ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNDAA)၊ တအာင်းလက်နက်ကိုင်အဖွဲ့(TNLA)နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့(AA)တို့၏ သြဂုတ် ၂၈ ရက်နှင့် ၃၁ ရက်ကထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက် နှစ်စောင်တွင် အကြောင်းအရာ ရှေ့နောက်ကွဲလွဲမှုများအပေါ် ဝေဖန်မှုများ ရှိနေပြီး ၎င်းတို့ကျူးလွန်ခဲ့သည့် အကြမ်းဖက်လုပ်ရပ်များအား ဖြေလျှော့ချင်၍ဖြစ်ကြောင်း  သုံးသပ်မှုများ ရှိနေသည်။

ပြီးခဲ့သည့်သြဂုတ် ၂၈ ရက်က ညီနောင် မဟာမိတ်သုံးဖွဲ့အနေဖြင့် ‘ခရီးသွားမိဘပြည်သူများအား မေတ္တာရပ်ခံခြင်း’ ဆိုသည့် ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။ ယင်း ကြေညာချက်တွင် တပ်မတော်နှင့် ညီနောင် မဟာမိတ်သုံးဖွဲ့အကြား ဖြစ်ပွားနေသော တိုက်ပွဲများမှာ တစ်ရက်ထက်တစ်ရက် ပိုမို ပြင်းထန်လာနေပြီး တိုက်ပွဲနေရာများမှာလည်း ယခင်ထက်ပိုမိုများပြားလာနေသည့် အပြင် ပိုမိုပြင်းထန်မည့်အရိပ်အယောင်များကို တွေ့မြင်နေရကြောင်း၊ ထို့ကြောင့် တိုက်ပွဲဖြစ်ပွားရာ ရှမ်းပြည်မြောက်ပိုင်းဒေသတွင် ခရီးသွားလာကြသည့် ကုန်တင်ကားများ၊ ကားငယ်များ၊ ခရီးသည်တင်ကားများ၊ အိမ်စီးကားများအားလုံးသည် တိုက်ပွဲထဲတွင် ကြားညှပ်မသွားစေရန်၊ အသက်အန္တရာယ်ကင်းရှင်း စေရန်အတွက် ယခုရက်များအတွင်း တိုက်ပွဲ ဖြစ်ပွားနေသောနေရာများသို့ သွားလာခြင်း မပြုကြရန် ညီနောင်မဟာမိတ်သုံးဖွဲ့က အထူး မေတ္တာရပ်ခံကြောင်း ဖော်ပြထားသည်။

အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်၍ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက “ပထမတစ်ခုကတော့ ဖြေရှင်းချက်ပေါ့။ ပြောရရင် ပြည်သူသို့ ထုချေချက်ပေါ့။ အခုဟာက အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ လူတွေက သူတို့အပေါ်မှာ တော်တော်လေးကိုအထင်သေးသွားပြီ။ ရတဲ့စစ်ရေးအမြတ်နဲ့ နိုင်ငံရေးအဆုံးအရှုံးနဲ့က မကာမိတော့ဘူး။ မကာမိတဲ့အတွက်ကြောင့်မို့လို့ သူတို့က ဒီလိုကြားထဲမှာ ဝင်လာလို့ ပစ်ရပါတယ်ဆိုတဲ့ သဘောမျိုးဖြစ်အောင် မသွားမလာကြဖို့  အမိန့်ထုတ်ပေးတယ်”ဟု သုံးသပ်ပြောကြားသည်။

ထို့ပြင် ညီနောင်မဟာမိတ်သုံးဖွဲ့အနေဖြင့် သြဂုတ် ၃၁ ရက်ကလည်း ကြေညာချက် တစ်စောင်ထုတ်ပြန်ရာ၌ သြဂုတ် ၉ ရက် ကပင် လက်ရှိ စစ်ဆင်ရေးအား အကောင်အထည်ဖော်လာခဲ့၍ ယနေ့ ဆိုလျှင် တိုက်ပွဲပေါင်း ၉၀၀ ကျော်အား ဆင် နွှဲပြီးဖြစ်ကြောင်း၊ ရာချီသောတိုက်ပွဲများကြောင့် ၎င်းတို့ဘက်က အဆုံးအရှုံးများအပေါ် ငယ်တပ်သားမှူးအချို့နှင့် အောက်ပိုင်း အဆင့်များမှ များစွာထိခိုက် မှုများ ဖြစ်ပေါ်နေ၍ စိတ်ဓာတ်ခိုင်မာသော စစ်သည်တော်များအနေဖြင့် ခက်ခဲလှသည့် စစ်ရေးကြမ်းတမ်းမှုများအပေါ် ခံနိုင်ရည်နည်းပါးလာကာ  စစ်ရေးဆိုင်ရာ မဟုတ်သည့် ပစ်မှတ်များကို ရံဖန်ရံခါ ပြုလုပ်လေ့ရှိသည်ကိုလည်း ညီနောင်ခေါင်းဆောင်ပိုင်းက ကြားသိရကြောင်း၊ ကျယ်ပြန့်လှသော စစ်ဆင်ရေးနယ်မြေများရှိ တပ်များအသီးသီးအား ညွှန်ကြားရာတွင် စစ်သည်တော်များမှာ စစ်ဆင် ရေး ပင်ပန်းလာမှုအပေါ် သည်းခံစိတ်မမွေးနိုင်တော့ဘဲ ထင်ရာပြုလုပ်သည့်အတွက် ယခုကဲ့သို့ မိဘပြည်သူများ၏ စီးပွားရေးလုပ်ငန်းများအား  ထိခိုက်စေရန် ဆောင်ရွက်လာသည့် အခြေအနေဖြစ်ပေါ်နေခြင်းသာ ဖြစ်ကြောင်း၊ အမိန့်မနာခံတော့သည့် စစ်သည်တော်အရာရှိများ နေရာတွင် စည်းကမ်းပြည့်မီသည့် စစ်သည်တော်များဖြင့် လဲလှယ်ကာ စစ်ရေးဆိုင်ရာ မဟုတ်သည့် ပစ်မှတ်များအား ပစ်ခတ်တိုက်ခိုက်ခဲ့သည့် စစ်သည်တော်များကို မည်သည့် တပ်မတော်တွင်မှ ဒဏ်ပေးခြင်းမရှိသည့် ပြင်းထန်သည့် ပြစ်ဒဏ်များကိုပါ အမိန့်ချ မှတ်ဆောင်ရွက်သွားပြီး ထိုပြစ်ဒဏ်ပေးမှုများအား ညီနောင် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တရားဝင်ချပြမည်ဖြစ်ကြောင်း ပါရှိသည်။

“ဒီနေ့ထုတ်ပြန်ချက်ကို ကျွန်တော်ဖတ်ကြည့်လိုက်တော့ အပေါ်က ခေါင်းဆောင်တွေ မသိဘဲနဲ့ တိုက်ပွဲပေါင်း ၉၀၀ ကျော်ဖြစ် ပွားတဲ့အချိန်မှာ အောက်ခြေကသူတွေက စိတ်ဓာတ်တွေကျလာတဲ့အချိန်၊ ဖိအားတွေများလာတဲ့အချိန်မှာ လုပ်တဲ့ပုံစံမျိုး ရေးထားတယ်။ ရှင်းရှင်းပြောရရင် သူတို့ခေါင်းဆောင်ပိုင်းက ခေါင်းရှောင်ပြီးတော့မှ အောက်ကိုလွှဲချတဲ့ဟာလို့ မြင်တယ်။ တကယ်တမ်းကျတော့ သူတို့ခိုင်းလို့ လုပ်တာပဲ။ ဗျူဟာအရ အရမ်းအရေးပါတဲ့ တံတားတွေကို ချိုးတယ်။ တပ်မလာနိုင်အောင် သူတို့ပိတ်တယ်။ ဒီလိုပဲ မြင်တယ်။ ဒါပေမဲ့ မီဒီယာကနေ ပြည်သူတွေဘက်ကနေပြီး ရေးလာတော့ ဒါက အကြမ်းဖက်လုပ်ငန်း လုပ်ဆောင်တာအဖြစ် သတ်မှတ်ခံထားရပြီဆိုတဲ့အချိန်မှာ ဒါကို ဖြေလျှော့ချင်တဲ့အနေနဲ့ ဒီလိုမျိုးပြောင်းပြီးတော့ ကြေညာချက်ထုတ်တယ်လို့ မြင်တယ်။ ဒါကတော့ သေချာတယ်။ သူတို့ဘက်က မရိုးသားဘူး”  ဟု သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာနိုင် ဆွေဦးက သုံးသပ်ပြောကြားသည်။

ပြီးခဲ့သည့် သြဂုတ် ၂၈ ရက်နှင့် ၃၁ ရက် က ညီနောင်မဟာမိတ်သုံးဖွဲ့ ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်နှစ်ခုနှင့်ပတ်သက်၍ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက “ပထမဟာက ဖြေရှင်းချက်ပေါ့။ ပထမဟာက သူလုပ်လိုက်တာကို ဘာလို့လုပ်လိုက်ရပါတယ်ဆိုပြီး ဖြေရှင်းတာပေါ့။ သူတို့ ဒီ လိုသတိပေးတဲ့ကြားက ဒီလိုစစ်ပွဲဖြစ်နေတဲ့ အချိန်လာရင် ဒီလိုဖြစ်မှာပေါ့လို့ ဖြေရှင်းချက် ပေးထားတာပေါ့။ ဒုတိယအချက်ကတော့ သူတို့ရဲ့ကတိပေးချက်ပါ။ ဒုတိယအချက်ကတော့ သူတို့ပုံရိပ်ကို သူတို့ ပြန်တင်တာပေါ့” ဟု သုံးသပ်ပြောကြားသည်။

 


READ NEXT
Cancel OK