မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးတက်ကောင်းမွန်စေရေး တပ်မတော်ဘက်မှစတင်၍ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ ရပ်ဆိုင်းပေးခြင်းအား တိုင်းစစ်ဌာနချုပ်နယ်မြေငါးခုတွင် စက်တင်ဘာ ၂၁ ရက်အထိ ထပ်မံသက်တမ်းတိုးမြှင့်ပေးကြောင်း သြဂုတ် ၃၁ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ရုံးက သတင်းထုတ်ပြန်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးတက်ကောင်းမွန်စေရေး တပ်မတော်ဘက်မှစတင်၍ စစ် ရေးဆိုင်ရာလှုပ်ရှားမှုများ ရပ်ဆိုင်းပေးခြင်းအား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေများတွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှစ၍ ယနေ့ထိ အချိန် ကာလအားဖြင့် ရှစ်လကြာ တိုင်းရင်းသားပြည် သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားရေးဘဝဖွံ့ ဖြိုးတိုးတက်ရေးနှင့် ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်လိုသည့် စစ်မှန်သောဆန္ဒဖြင့် ပြုလုပ်ပေးခဲ့ကြောင်း ဖော်ပြထားသည်။
လက်ရှိအခြေအနေတွင် တပ်မတော်အနေဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများ၏ ငြိမ်းချမ်းရေးအပေါ် မျှော်လင့်ချက်၊ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်းအားလုံး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ယုံကြည်မှုအပြည့်ဖြင့် ဆက်လက်ဆောင်ရွက်နိုင်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟို ဌာန(NRPC)တို့နှင့် လက်ရှိဆွေးနွေးဆဲ အခြေအနေများ ဆက်လက်ဆောင်ရွက်နိုင်ရေးတို့အတွက် အထက်ဖော်ပြပါ တိုင်းစစ်ဌာနချုပ်နယ်မြေများ၌ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများအား ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၁ ရက် အထိ တိုးမြှင့်ရပ်ဆိုင်းပေးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
တံတားများမိုင်းခွဲဖျက်ဆီးခံရခြင်း၊ မော်တော်ယာဉ်များ မီးရှို့ဖျက်ဆီးခံရခြင်း စသည်ဖြင့် လမ်းပန်းဆက်သွယ်ရေး လုံခြုံမှုကင်းမဲ့နေသော မန္တလေး-မူဆယ်ပြည်ထောင်စုလမ်းမကြီးသည် တပ်မတော်က စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ရပ်ဆိုင်းပေးခြင်း သက်တမ်းတိုးမြှင့်သည့်နယ်မြေတွင် ပါဝင်သည်။
သြဂုတ် ၃၁ ရက်က ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် အစိုးရ၏အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟို ဌာန (NRPC) နှင့် မြောက်ပိုင်းမဟာမိတ်လက် နက်ကိုင်လေးဖွဲ့ဖြစ်သည့် ကချင်လက်နက်ကိုင် အဖွဲ့(KIO/KIA)၊ တအာင်းလက်နက်ကိုင်အဖွဲ့(PSLF/TNLA)၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (ULA/AA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNTJP/MNDAA)တို့ တွေ့ဆုံဆွေးနွေးခဲ့သည်။
အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်အဖွဲ့များ၏ နောက်တစ်ကြိမ်ထပ်မံ တွေ့ဆုံဆွေးနွေးမှုကို စက်တင်ဘာ ၁၆ ရက် နှင့် ၁၇ ရက်တို့တွင် ပြုလုပ်မည်ဖြစ်ပြီး တွေ့ ဆုံမည့်နေရာကို နှစ်ဖက်ဆက်လက်ညှိနှိုင်းရန်လည်း သဘောတူခဲ့ကြောင်း ပူးတွဲသတင်း ထုတ်ပြန်မှုအရ သိရသည်။
တပ်မတော်ဘက်မှစတင်၍ စစ်ရေးဆိုင် ရာလှုပ်ရှားမှုများ ရပ်ဆိုင်းပေးခြင်းအား သက်တမ်းတိုးမြှင့်ထားမှုမှာ သြဂုတ် ၃၁ ရက်တွင် သက်တမ်းကုန်ဆုံးခဲ့သဖြင့် ယခုကဲ့သို့ ၂၁ ရက် ထပ်မံသက်တမ်းတိုးမြှင့်ကြောင်း ကြေ ညာခြင်းဖြစ်ပြီး အစိုးရနှင့် မြောက်ပိုင်းမဟာ မိတ်လက်နက်ကိုင်အဖွဲ့များ ထပ်မံတွေ့ဆုံ မည့်ရက်အတွက် ထပ်မံသက်တမ်းတိုးမြှင့် သည့် သဘောလည်းဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် တပ်မတော်၏ တစ်ဖက်သတ်ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲပေးထားသည့် ကာလအတွင်း ဆောင်ရွက်ရမည့်လုပ်ငန်း စဉ်များ၊ လိုက်နာရမည့်အချက်များနှင့်ပတ် သက်၍ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သော တပ်မတော်၏ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
တပ်မတော်၏ စစ်ရေးလှုပ်ရှားမှုများ ရပ်ဆိုင်းထားသည့်ကာလအတွင်း စစ်ဆင်ရေး နယ်မြေအလိုက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် NRPC နှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအပါအဝင် ငြိမ်းချမ်းရေးဆိုင်ရာများကို ညှိနှိုင်းဆွေးနွေးသွားရန်နှင့် လိုအပ်ပါက တပ်မတော်က ဖွဲ့စည်းပေးထားသော စစ်ဆင်ရေးနယ်မြေအလိုက် တိုင်းမှူးများပါဝင်သည့် တပ်မတော်ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ဖြင့် ဆွေးနွေးရန် ဒီဇင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်သော တပ်မတော်၏ ကြေညာချက်တွင် ပါဝင်သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် သဘောတူစာချုပ်များကို လိုက်နာရန်၊ ငြိမ်းချမ်းရေးသဘောတူညီချက်များအပေါ် အမြတ်မထုတ်ရန်၊ ဒေသခံပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်နှင့် နိုင်ငံတော်က ထုတ်ပြန်ထားသော တည်ဆဲဥပဒေများကို လိုက်နာရန်တို့ကို ဒီဇင်ဘာ ၂၁ ရက် တပ်မတော်၏ ထုတ်ပြန်ချက်တွင် ပါဝင်ခဲ့သည်။
ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချင်းချင်း အင်အားသုံးတိုက်ခိုက်ခြင်းများ ရှောင်ရှားရန်၊ အစိုးရ၏အုပ်ချုပ်ရေး ယန္တရားအဆင့်ဆင့်၊ လမ်းပန်းဆက်သွယ်ရေးများနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်တို့ကို ထိခိုက်မှုမဖြစ်ပွားစေရန်ကိုလည်း တာဝန်ယူရန် ဒီဇင်ဘာ ၂၁ ရက် တပ်မတော်၏ ထုတ်ပြန်ချက်တွင် ပါဝင်ခဲ့သည်။
-
ပြင်သစ်ထိပ်သီးကလပ် လိုင်ယွန်အသင်း ဘဏ္ဍာရေးပြဿနာကြောင့် ရာသီကုန်တွင် လီဂူး-၂ သို့ တန်းဆင်းရန် ပြစ်ဒဏ်ချမှတ်ခံရ
-
ပေါ့ဘာနှင့် ဂျူဗင်တပ်စ်အသင်း နိုဝင်ဘာလကုန်တွင် စာချုပ်ဖျက်သိမ်းရန် သဘောတူညီမှုရရှိ
-
မျှော်လင့်ခြင်းများစွာဖြင့်
-
Nations League နဲ့ မျှော်လင့်ခြင်းများဆီသို့
-
အလန်ရှီးယား ရွေးချယ်သည့် ပရီးမီးယားလိဂ်အကောင်းဆုံးအသင်းတွင် လီဗာပူးလ်ကစားသမား (၄)ဦးပါဝင်ပြီး မန်စီးတီးနှင့် အာဆင်နယ်မှ ပါဝင်ခြင်းမရှိ