လိပ်ကျွန်းလူသတ်မှုဖြင့် သေဒဏ်ချမှတ် ခံထားရသည့် မြန်မာအလုပ်သမား နှစ်ဦးဖြစ်သော ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့၏ ပြစ်ဒဏ်လျှော့ပေ့ါရေးအတွက် ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်ထံ မေတ္တာရပ်ခံချက်ကို ကူညီတင်ပြပေးရန် ထိုင်းနိုင်ငံဝန်ကြီးချုပ်ထံသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက စက်တင်ဘာ ၁ ရက်တွင် စာပေးပို့ တောင်းဆိုခဲ့သည်။
လူသားချင်း ညှာတာ ထောက်ထားမှု၊ နှစ်နိုင်ငံ ရင်းနှီးဆက်နွှယ်မှုများအလို့ငှာ မြန်မာရွှေ့ပြောင်း ဒုက္ခသည်နှစ်ဦးကို သေဒဏ်ချမှတ်ခြင်းမှ ရှောင်ရှားနိုင်ရေး နောက်ဆုံးအဆင့် ကြိုးပမ်းမှုအနေဖြင့် ထိုင်းတော်ဝင် ဘုရင်မင်းမြတ်ထံ ပြစ်ဒဏ်လျှော့ပေ့ါရေး မေတ္တာရပ်ခံချက်ကို ကူညီတင်ပြပေးရန် မေတ္တာရပ်ခံကြောင်း မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ထုတ်ပြန်သည့် ပြည်ခိုင်ဖြိုးပါတီ၏ မေတ္တာရပ်ခံစာတွင် ဖော်ပြပါရှိသည်။
“ထိုင်းဝန်ကြီးချုပ်အနေနဲ့ ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီက ပေးပို့တဲ့ မေတ္တာရပ်ခံချက်ကို ထိုင်းဘုရင်မင်းမြတ်ထံ တင်ပြလိမ့်မယ် ထင်ပါတယ်။ ဒီလိုတင်ပြမှုတွေအပေါ်မှာ ကလေးနှစ်ယောက်အတွက် ပြစ်ဒဏ် လျှော့ပေါ့တဲ့ အနေအထား မျှော်လင့်ပြီးတော့ ပေးပို့ခြင်း ဖြစ်ပါတယ်”ဟု ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောကြားသည်။
သို့သော် လက်ရှိအနေအထားအရ ထိုင်းဘုရင်ထံ တိုက်ရိုက်စာပေးပို့၍ရသည် မှာ အစိုးရသာဖြစ်သောကြောင့် အစိုးရ အနေဖြင့် မြန်မာလုပ်သားနှစ်ဦး ပြစ်ဒဏ် လျှော့ပေါ့ရေးအတွက် ဆောင်ရွက်ပေးစေလို ကြောင်း ၎င်းင်းက တိုက်တွန်းသည်။
မြန်မာအလုပ်သမားနှစ်ဦးဖြစ်သည့် ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့နှင့် ပတ်သက် ၍ ထိုင်းနိုင်ငံ တရားရုံးချုပ်၏ စီရင်ဆုံးဖြတ် ချက်ကို နားလည်လေးစားမှု အပြည့်အဝရှိ ကြောင်း၊ သို့သော် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ သည် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းကောင်းများဖြစ်ကြပြီး လူမှုရေး၊ တူညီသော ယဉ်ကျေးမှုများနှင့် ဆက်နွှယ်မှုကောင်းများ ရှိသော နိုင်ငံများဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ၏ မေတ္တာရပ်ခံစာတွင် ဖော်ပြထားသည်။
“အကောင်းဆုံးရလဒ်ကို မျှော်လင့် စောင့်စားလျက် ရှိပါသည်”ဟု ပြည်ခိုင်ဖြိုးပါတီ၏ မေတ္တာရပ်ခံစာတွင် ဖော်ပြပါရှိသည်။
လိပ်ကျွန်းလူသတ်မှုဖြင့် သေဒဏ်ချမှတ် ခံထားရသည့် ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့၏ နောက်ဆုံးအယူခံကို သြဂုတ် ၂၉ ရက်တွင် ထိုင်းနိုင်ငံ ဗဟိုတရားရုံးက ပယ်ချခဲ့သည့်အတွက် သေဒဏ်ချမှတ်ခံရမည့် အရေးနှင့် ရင်ဆိုင်နေရသည်။
မြန်မာလုပ်သား နှစ်ဦးအတွက် ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်ထံ အသနားခံစာ အမြန်ဆုံး တင်သွင်းရန်ရှိကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံမတ်ကြီး ဦးမျိုးမြင့်က ပြည်တွင်းသတင်းမီဒီယာတစ်ခုကို ပြောကြားထားသည်။
ထိုင်းနိုင်ငံ တောင်ပိုင်း ဆူရတ်ဌာနီခရိုင်အတွင်းရှိ ခိုတောင်ကျွန်း (လိပ်ကျွန်း) တွင် ၂၀၁၄ နှစ်ကုန်ပိုင်းက ဗြိတိန်နိုင်ငံသား ဒေးဗစ်မယ်လာနှင့် ဟန်နာဝစ်သာရစ်တို့ နှစ်ဦး သတ်ဖြတ်ခံရမှုနှင့် ပက်သက်ပြီး ဝင်း ဇော်ထွန်းနှင့် ဇော်လင်းတို့ကို လူသတ်မှု၊ မုဒိမ်းမှု၊ လုယက်မှု အပါအဝင် စွဲချက် ခုနစ်ခုဖြင့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်တွင် သေဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
-
ရန်ကုန်အထိုင်စျေး အခြေခံလက်ကားရည်ညွှန်းစျေးနှုန်း စားအုန်းဆီတစ်ပိဿာလျှင် ၇၁၀၅ ကျပ်ဖြစ်ပြီး ယခင်တစ်ပတ်ထက် စားအုန်းဆီရည်ညွှန်းစျေး ကျပ် ၃၈၀ မြင့်တက်
-
ပြင်သစ်ထိပ်သီးကလပ် လိုင်ယွန်အသင်း ဘဏ္ဍာရေးပြဿနာကြောင့် ရာသီကုန်တွင် လီဂူး-၂ သို့ တန်းဆင်းရန် ပြစ်ဒဏ်ချမှတ်ခံရ
-
ပေါ့ဘာနှင့် ဂျူဗင်တပ်စ်အသင်း နိုဝင်ဘာလကုန်တွင် စာချုပ်ဖျက်သိမ်းရန် သဘောတူညီမှုရရှိ
-
မျှော်လင့်ခြင်းများစွာဖြင့်
-
Nations League နဲ့ မျှော်လင့်ခြင်းများဆီသို့