ပြည်နယ်နှင့် တိုင်းဒေသကြီး ခုနစ်ခုတွင် ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင် လက်ဝယ်ရှိသည့် မြေနှင့် အဆောက်အဦနှင့် မြေကွက်များကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင် လက်ဝယ်ရှိ မြေနှင့် အဆောက်အဦနှင့် မြေကွက် စုစုပေါင်း ၂၄ ခုကို ၂၀၂၀ ပြည့်နှစ် မတ် ၈ ရက်ထုတ် ကြေးမုံသတင်းစာနှင့် မတ် ၉ ရက်ထုတ် မြန်မာ့အလင်းသတင်းစာတို့တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချရန် ကြော်ငြာခဲ့ပြီး COVID-19 ဖြစ်စဉ် ပျံ့ပွားလာမှု ကြောင့် ၂၀၂၀ ပြည့်နှစ် ဧပြီ ၅ ရက်ထုတ် ကြေးမုံသတင်းစာတွင် တင်ဒါဖွင့်လှစ်မည့်ရက်ကို ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထပ်မံကြော်ငြာခဲ့သည်။
ယခုအခါ COVID-19 စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ မြေနှင့်အဆောက်အဦနှင့်မြေကွက် ၂၃ ခုကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း၊ ယခင်အဆိုပြုလွှာ ဝယ်ယူခဲ့သူများနှင့် ထပ်မံဝယ်ယူလိုသူများမှ ဝယ်ယူလိုသော Lot No. တစ်ခုချင်းအလိုက် သီးခြားအဆိုပြုလွှာတစ်စောင်စီ တင်သွင်းရမည်ဖြစ်ကြောင်း၊ သတ်မှတ် စပေါ်ငွေ P.O Cheque (Payment Order Cheque) အား တင်ဒါတင်သွင်းလွှာနှင့်အတူ ပူးတွဲတင်ပြရမည်ဖြစ်သည်။
တင်ဒါပုံစံများကို ၂၀၂၁ ခုနှစ် ဇွန် ၂၈ ရက်မှ ၂၀၂၁ ခုနှစ် ဇူလိုင် ၃၀ ရက်အထိ ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်ရုံး (စီမံကိန်း စိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေး ဦးစီးဌာန၊ ရုံးအမှတ် (၃၂)၊ နေပြည်တော်) သို့ စပေါ်ငွေ သွင်းရမည့်တန်ဖိုးကို အဆိုပြုလွှာ ဝယ်ယူသည့်အခါ တစ်ပါတည်း ဖော်ပြပေးမည်ဖြစ်ကြောင်း သိရသည်။
P.O Cheque တင်ပြရမည့်ရက်မှာ သြဂုတ်၂၊ ၃ နှင့် ၄ ရက်ဖြစ်ပြီး တင်ဒါတင်သွင်းရမည့်ရက်မှာ သြဂုတ် ၅ ရက်ဖြစ်သည်။
အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည့် နိုင်ငံပိုင်မြေနှင့်အဆောက်အဦများမှာ ကချင်ပြည်နယ် ဖားကန့်မြို့နယ် ရပ်ကွက် (၂) ဆိပ်မူကျေးရွာ အမှတ် ၁၅၉ ကွင်းအမှတ် (Oss-၉၆) ရှိ ၀ ဒသမ ၀၅၃ ဧက၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးဝမြို့ အမှတ် (၁) ရပ်ကွက်ရှိ မြေနှင့် အဆောက်အအုံ မြေ ၁ ဒသမ ၂၁၃ ဧက၊ ကလေးမြို့နယ် အောင်မင်္ဂလာရပ်ကွက် နယ်မြေ (၇) အောင် သိဒ္ဓိလမ်းနှင့် ဧကရာဇ်လမ်းထောင့် အကွက် အမှတ် (၇၂) ရှိ မြေနှင့်အဆောက်အအုံ မြေ ၀ ဒသမ ၀၆၉ ဧက၊ ကလေးမြို့နယ် တောင်ဇလပ်ရပ်ကွက် နယ်မြေ (၈) ကွင်းအမှတ် (၈၄၆) အိမ်အမှတ် (၄၄) ရှိ မြေနှင့်အဆောက်အအုံ မြေ ၀ ဒသမ ၀၉၁ ဧကတို့ ပါဝင်သည်။
ပဲခူးတိုင်းဒေသကြီး ပဲခူးမြိ့ ရပ်ကွက်ကြီး(၈) မြေတိုင်း (၂၃/အေ) မြေကွက်အမှတ် (၁၃၄၂-၁၃၄၃) ရှိ မြေကွက် မြေ ဝဒသမ ၃၆၈ ဧက၊ ပဲခူးမြို့ ရပ်ကွက်ကြီး (၈) မြေတိုင်း (၂၃/အေ) မြေကွက်အမှတ်(သီးသန့်-၁) ရှိ မြေဝဒသမ ၃၆ ဧက၊ မြေကွက်အမှတ် (၁၃၄၆ -၁၃၄၇) ရှိ မြေ ၀ ဒသမ ၃၆၈ ဧကတို့ ပါဝင်သည်။
မွန်ပြည်နယ် မော်လမြိုင်မြို့ မန္တလေး ရပ်ကွက်ကွင်းအမှတ် (၃၆) စက်သုံးဆီ အရောင်းဆိုင် အမှတ် (၀၈၆၀) နှင့်ကပ်လျက် မြေကွက် (B) နှင့် မြေကွက် (C) ရှိ မြေ ၀ ဒသမ ၅၆၆ ဧက၊ ရေးမြို့နယ် ရန်မျိုးအောင် ရပ်ကွက် မေခလမ်း အမှတ် ၂၆ ရှိ မြေ ၀ ဒသမ ၀၄၁ ဧကတို့ပါဝင်သည်။
ရှမ်းပြည်နယ် မူဆယ်ခရိုင် မုံးကိုးမြို့နယ်ခွဲ ကွင်းအမှတ် ၂၁၄ အိမ်အမှတ် ၁၂၆ မြို့မရပ်ကွက်ရှိ မြေ ၀ ဒသမ ၀၆၉ ဧက၊ တာချီလိတ်မြို့ လွန်းကျိုင်းကျေးရွာ ကွင်းအမှတ် ၂၃ ရှိ မြေ ၀ ဒသမ ၁၉၈ ဧက၊ လားရှိုးမြို့နယ် အမှတ် (၄) ရပ်ကွက် အကွက်အမှတ် (၆၂/ က) တရုတ်ဘုရားကျောင်း၊ ရေကန်လမ်းနှင့် ၄၂ လမ်းထောင့် နယ်မြေ ၁၃ ရှိ မြေ ၀ ဒသမ ၀၄၅ ဧက၊ လားရှိုးမြို့ သံလွင်ကျေးရွာ အကွက် အမှတ်-ကွင်းပြင် ရပ်ကွက် (၈) ရှိ မြေ ၀ ဒသမ ၃၈၅ ဧက၊ တာချီလိတ်မြို့ ဆန်ဆိုင်း (က) ရပ်ကွက် ခတ္တာလမ်းနှင့် ခတ္တာ (၂) လမ်းထောင့်၊ အိမ်အမှတ် (၄/၅၆)၊ အကွက်အမှတ် ၁၆ ရှိ မြေ ၀ ဒသမ ၂၄၈ ဧက စသည်တို့ပါဝင်သည်။
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ သင်္ဘောကျင်းရပ်ရှိ မြေနှင့် သိုလှောင်ရုံ ခြောက်လုံး၊ မြေ ၆ ဒသမ ၈၉၇ ဧကတို့ ပါဝင်သည်။
ဝယ်ယူလိုသည့်မြေနှင့် အဆောက်အအုံနှင့် မြေကွက်များအား ကြော်ငြာသည့်နေ့မှစ၍ သွားရောက်ကြည့်ရှုနိုင်ကြောင်းနှင့် ဝယ်ယူရန် အဆိုပြုလွှာတင်သွင်းသည့်အချိန်တွင် ဝယ်ယူမည့် မြေနှင့်အဆောက်အအုံနှင့် မြေကွက်များအား ကြည့်ရှုစစ်ဆေးပြီးဖြစ်ကြောင်း ဝန်ခံချက်ဖြင့် ပူးတွဲတင်ပြရမည်ဟု သိရသည်။
-
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ငါးခုတွင် ရာသီဥတု ပြောင်းလဲမှုများနှင့် မြေဆီလွှာ တိုက်စားမှု လျှော့ချရန်အတွက် ရေဝေရေလဲ နေရာငယ်များတွင် ဒေသနှင့် ကိုက်ညီသည့်သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းမှု ပြုလုပ်
-
ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ (LDC) တွင် မြန်မာနိုင်ငံသည် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အများဆုံး ရရှိခဲ့ပြီး မကြာမီ LDC စာရင်းဝင်နိုင်ငံအဖြစ်မှ လွတ်မြောက်တော့မည်ဟု ကုလသမဂ္ဂ အစီရင်ခံစာ၌ ဖော်ပြ
-
ဟေတီတွင် ရာဇဝတ်ဂိုဏ်းများနှင့် ဆက်နွှယ်သည့် အကြမ်းဖက်မှုများကြောင့် လူ ၂၀,၀၀၀ ကျော် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်
-
■ စီးရီးအေ ပွဲစဉ်(၆)၊ ဂျာမန်ဖလား ပထမအဆင့်နှင့် ပြင်သစ်လီဂူး ပွဲစဉ်(၆) ပွဲကြိုသုံးသပ်ချက်
-
■ ဟူစတန်ဒိုင်နမိုအသင်းနှင့် ယှဉ်ပြိုင်ရမည့် အင်တာမိုင်ယာမီအသင်း၏ US Open Cup ဗိုလ်လုပွဲကိုလည်း မက်ဆီ လွဲချော်ဖွယ်ရှိနေ