Top News

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်းက ပြည်ပတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ၆၃ ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်
24htopnews | July 9, 2024 8:12 PM CST

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်းက ပြည်ပတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများ ၆၃ ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။

COVID-19 ကူးစက်ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာ/သွားရောက်ရန် စောင့်ဆိုင်းနေကြသည့်  မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြားသားများအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ တစ်ပတ်လျှင် တစ်ကြိမ် ကယ်ဆယ်ရေး လေယာဉ်များ ပျံသန်းပြေးဆွဲနိုင်ရေး စီစဉ်ပေးလျက်ရှိရာ ဇွန်လ ၂၉ ရက်တွင် MAI ၏ ၆၃ ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါကယ်ဆယ်ရေးလေယာဉ်တွင် ဘယ်လ်ဂျီယမ်မှ တစ်ဦး၊ ဂျာမနီမှ တစ်ဦး၊ နော်ဝေမှ သုံးဦး၊ ဆွစ်ဇာလန်မှ နှစ်ဦး၊ ဂျာမနီမှတစ်ဦး၊ ကိုရီးယားမှ မြန်မာနိုင်ငံသား ၃၅ ဦးအပါအဝင် စုစုပေါင်း ၈၃ဦး စီးနင်းလိုက်ပါခဲ့ကြောင်း သိရသည်။ MAI က ကိုရီးယားနိုင်ငံသို့ ကယ်ဆယ်ရေးလေယာဉ် ပျံသန်းနေသည် မှာ ၆၃ ကြိမ်အထိ ရှိခဲ့ပြီဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်းက လာမည့် ဇူလိုင်လအတွင်း ရန်ကုန်-ဘန်ကောက် ကယ်ဆယ်ရေးခရီးစဉ်အား အပတ်စဉ် စနေနေ့တိုင်း ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်းက စင်ကာပူနှင့် ကာလကတ္တားခရီးစဉ်များ ပျံသန်းခြင်းအား ဇွန် ၃၀ ရက်အထိ ထပ်မံတိုးမြှင့် ရပ်ဆိုင်းပြီး ကွာလာလမ်ပူနှင့် ဆိုးလ်နှင့် ဘန်ကောက်ခရီးစဉ်များကို ကူညီကယ်ဆယ်ရေး ခရီးစဉ်များအဖြစ် ပျံသန်းမည်ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်း၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ကူးစက်မှုအား ကာကွယ်ရန် ခရီးသွားလာမှု ယာယီကန့်သတ်ကာလအား ထပ်မံတိုးချဲ့ခဲ့သည့်အတွက် မြန်မာနိုင်ငံ လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ နောက်ဆုံး ထုတ်ပြန်ကြေညာချက်များအရ MAI အနေဖြင့် ၎င်း၏ လေကြောင်းခရီးစဉ်များကို ၂၀၂၁ခုနှစ်၊ ဇွန် ၃၀ ရက်အထိ ပြင်ဆင်ပျံသန်းသွားမည် ဖြစ်သည်။

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်ရန် ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားများအပေါ် ပြည်ဝင်ခွင့် ယာယီကန့်သတ်မှုဆိုင်ရာ အစီအမံများအားလုံးကို ဇွန် ၃၀ ရက်အထိ ထပ်မံတိုးမြှင့်သတ်မှတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

COVID-19 ကပ်ရောဂါ ကူးစက်ပြန့် ပွားမှုကို ကာကွယ်ထိန်းချုပ်သည့် အစီအမံများအား ပိုမိုထိရောက်စွာ ဆောင်ရွက်ရန် မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားများအပေါ် ပြည်ဝင်ခွင့်ယာယီကန့်သတ်ချက်များအား ထုတ်ပြန်ထားခဲ့ပြီး၊ အဆိုပါ ကန့်သတ်ချက်များအားလုံးကို ၂၀၂၁ခုနှစ်၊ ဇွန် ၃၀ ရက်အထိ ဆက်လက်တိုးမြှင့်လိုက်ခြင်းဖြစ်သည်။


READ NEXT
Cancel OK