Top News

လက်ရှိဘဏ္ဍာနှစ် လေးလကျော်တွင် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု၌ ကုန်သွယ်ရေးပိုငွေ ဒေါ်လာ ၆၁ သန်းကျော်ဖြစ်ပေါ်
24htopnews | July 4, 2024 4:12 AM CST

လက်ရှိဘဏ္ဍာနှစ် လေးလကျော်တွင် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု၌ ကုန်သွယ်ရေးပိုငွေ ဒေါ်လာ ၆၁ သန်းကျော်ဖြစ်ပေါ်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ကုန်သွယ်မှုလိုငွေဆိုသည်မှာ မိမိနိုင်ငံက တင်ပို့သည့်ပို့ကုန်ပမာဏထက် အခြားပြည်ပနိုင်ငံများမှ တင်သွင်းရသည့် သွင်းကုန်ပမာဏ ပိုများနေခြင်းကို ဆိုလိုသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၂၂ ခုနှစ်၊ ဧပြီ ၁ ရက်မှ သြဂုတ် ၅ ရက်အထိ လေးလကျော်တွင် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုတွင် ပို့ကုန်တင်ပို့မှုမှာ ဒေါ်လာ ၅ ဒသမ ၈၅၁ ဘီလျံအထိရှိသည်။ သွင်းကုန်တင်သွင်းမှုမှာ ဒေါ်လာ ၅ ဒသမ ၇၉၀ ဘီလျံသာရှိသည်။

အဆိုပါကာလအတွင်း မိမိနိုင်ငံက တင်ပို့ထားသည့် ပို့ကုန်ပမာဏနှင့် ပြည်ပနိုင်ငံများမှ တင်သွင်းထားသည့် သွင်းကုန်ပမာဏနှစ်ခုအား နှိုင်းယှဉ်ပါက ပို့ကုန်ပမာဏမှာ သွင်းကုန် ပမာဏထက် ဒေါ်လာ ၆၁ ဒသမ ၂၈၁ သန်း အထိ ပို၍များနေခြင်းဖြစ်သည်။လက်ရှိဘဏ္ဍာ နှစ်လေးလကျော်တွင် မြန်မာနိုင်ငံ၏ကုန်သွယ်မှုကဏ္ဍ၌ ကုန်သွယ်ရေးပိုငွေဒေါ်လာ ၆၁  ဒသမ ၂၈၁ သန်းဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိဘဏ္ဍာနှစ် လေးလကျော်တွင် ပို့ကုန်/သွင်းကုန် စုစုပေါင်းပမာဏ ဒေါ်လာ ၁၁ ဒသမ ၆၄၂ ဘီလျံရှိပြီး ယခင်နှစ်ကာလတူထက် ၂ ဒသမ ၁၆၁ ဘီလျံ ပိုမိုဆောင်ရွက်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုဆောင်ရွက်ရာတွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ် ရေးနှစ်ခုလုံးမှ ဆောင်ရွက်နေခြင်းဖြစ်သည်။

လက်ရှိဘဏ္ဍာနှစ် လေးလကျော်တွင် ပင်လယ်ရေကြောင်းမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃ ဒသမ ၉ ဘီလျံကျော်ရှိပြီး ယခင် နှစ်ကာလတူထက် ဒေါ်လာတစ်ဘီလျံကျော် ပိုမိုဆောင်ရွက်ထားသည်။

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ ကုန်သွယ်မှုပမာဏ ဒေါ်လာနှစ်ဘီလျံနီးပါးရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၂၆ သန်း ကျော်ပိုမိုဆောင်ရွက်ထား ခြင်းဖြစ်သည်။

ထို့အတူ ပို့ကုန်တင်ပို့မှာလည်း ယခင်နှစ်ကာလတူထက် ဒေါ်လာတစ်ဘီလျံကျော် ပိုမိုတင်ပို့ထားပြီး သွင်းကုန်တင်သွင်းမှုမှာလည်း ယခင်နှစ်ကာလတူထက် ဒေါ်လာတစ်ဘီလျံကျော် ပိုမိုတင်သွင်းထားခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ကြားကာလခြောက်လတွင် ပို့ကုန်မြင့်တက်ခဲ့သဖြင့် ကုန်သွယ်ရေးပိုငွေ ဒေါ်လာ ၆၇၇ ဒသမ ၂၂၆ သန်းဖြစ်ပေါ်ခဲ့သည်။

ထို့အတူ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တွင် ပို့ကုန်မြင့်တက်ခဲ့သဖြင့် ကုန်သွယ်ရေးပိုငွေ ၆၇၇ ဒသမ ၂၂၆ သန်းဖြစ်ပေါ်ခဲ့သည်။၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်တွင် ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၁ ဒသမ ၃ ဘီလျံ ကျော်ဖြစ်ပေါ်ခဲ့သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၁ ဒသ မ ၁၅ ဘီလျံ ကျော်ဖြစ်ပေါ်ခဲ့သည်။

၂၀၁၈ ဘဏ္ဍာနှစ်ကြားကာ ခြောက်လတွင် ကုန်သွယ်ရေးလိုငွေ ဒေါ်လာတစ်ဘီလျံကျော် ဖြစ်ပေါ်ခဲ့သည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၃ ဒသမ ၈ ဘီလျံ ကျော်ဖြစ်ပေါ်ခဲ့သည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကုန်သွယ်ရေးလိုငွေ အမေရိကန်ဒေါ်လာ ၅ ဘီ လျံကျော်ဖြစ်ပေါ်ခဲ့သည်။


READ NEXT
Cancel OK