Top News

ကျန်ရှိနေသည့် မဲဆွယ်စည်းရုံးရေး ကာလအတွင်း နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာရန် UEC ထုတ်ပြန်
24htopnews | June 9, 2024 2:12 PM CST

ကျန်ရှိနေသည့် မဲဆွယ်စည်းရုံးရေးကာလအတွင်း နိုင်ငံရေးပါတီများနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်းများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က အောက်တိုဘာ၂၄ ရက်တွင် ထုတ်ပြန်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပမည့် မြို့နယ်အားလုံးတွင် ရွေးကောက်ပွဲများ တည်ငြိမ်အေးချမ်းစွာ ကျင်းပနိုင်ရေးကို အလေးထား ဆောင်ရွက်လျက်ရှိပါသဖြင့် မဲဆန္ဒရှင်အား လုံးသည် သက်ဆိုင်ရာက ထုတ်ပြန်ထားသည့် စည်းကမ်းများနှင့်အညီ ဆန္ဒမဲပေးနိုင်ရေးအ တွက် ၀ိုင်းဝန်းကူညီပေးရန်လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် သည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခြင်းကို ရက်ပေါင်း ၆၀ (စက်တင်ဘာ ၈ ရက် နံနက် ၆ နာရီမှ နိုဝင် ဘာ ၆ ရက် ည ၁၂ နာရီအထိ ) ခွင့်ပြုကြောင်း ကြေညာချက်အမှတ် ( ၁၇၃/၂၀၂၀ ) ဖြင့် ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ မဲဆွယ်စည်းရုံး ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည့် မဲဆွယ်စည်းရုံးရေး ဆိုင်ရာ ညွှန်ကြားချက်များ၊ နိုင်ငံရေးပါတီ များနှင့် ကိုယ်စားလှယ်လောင်းများအတွက် ရွေးကောက်ပွဲဆိုင်ရာ ကျင့်ဝတ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာကျန်း မာရေးလုပ်ငန်းလမ်းညွှန် (Standard Operating Procedure SOP) ၊ သက်ဆိုင်ရာက အချိန်ကာလ နေရာဒေသအလိုက် ထုတ်ပြန် သည့် ကျန်းမာရေးဆိုင်ရာအမိန့်များ၊ လမ်း ညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက် ရန်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသား ထားသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနကလည်း ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်း၊ မဲဆွယ်စည်းရုံးခြင်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးစံလုပ်ငန်း လမ်းညွှန် (SOP) နှင့်အညီ နေရာအနေအ ထား၊ အကျယ်အဝန်းအပေါ်မူတည်၍ တစ် ကြိမ်လျှင် လူ ၅၀ ထက် မပိုစေဘဲ လူတစ်ဦး နှင့်တစ်ဦး ရှေ့၊ နောက်၊ ဝဲ-ယာ အနည်းဆုံး ခြောက်ပေစီကွာလျက် နေရာချထားရန်၊ နေ ရာအကျယ်အဝန်းကို အခြေခံအားဖြင့် လူ တစ်ဦးအတွက် ၃၆ စတုရန်းပေနှုန်းဖြင့် လေ ဝင်လေထွက်ကောင်းသော နေရာများတွင် သာပြုလုပ်ရန်နှင့် COVID-19 ရောဂါကာ ကွယ် ထိန်းချုပ်ရေးလမ်းညွှန်ချက်များအ တိုင်း လိုက်နာရန် အမိန့်အမှတ် (၁၀၁/ ၂၀၂၀) ဖြင့် ထုတ်ပြန်ကြေညာထားပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

သို့ရာတွင် နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆွယ်စည်းရုံးရေးဆောင်ရွက်ရာတွင် သတ် မှတ်လူဦးရေထက် ကျော်လွန်ဆောင်ရွက် ခြင်း၊ Social Distancing Rule ကို လိုက်နာ ရန်လိုအပ်ခြင်း၊ ဝန်းရံသူ ပြည်သူများအနေ ဖြင့်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားသောညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်မှု အားနည်းခြင်း များကို တွေ့ရှိရသည်ဟု ထုတ်ပြန်ချက်ကဆို သည်။

ယခုကာလသည် အထွေထွေရွေး ကောက်ပွဲကျင်းပရန် ၁၅ ရက်ခန့်သာကျန်ရှိ ပြီး မဲဆွယ်စည်းရုံးခွင့် ကာလပြီးဆုံးရန် ၁၃ ရက်ခန့်သာ ကျန်ရှိကြောင်း၊ ထို့ကြောင့် ကျန် ရှိ နေသည့် မဲဆွယ် စည်းရုံးရေးကာလအတွင်း နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ၊ သက်ဆိုင်ရာက အချိန်ကာလ၊ နေရာဒေသအလိုက် ထုတ် ပြန်သည့် ညွှန်ကြားချက်များနှင့်အညီ လိုက် နာဆောင်ရွက်ရန်ဖြစ်ပြီး မိမိတို့၏ပါတီဝင် များ၊ ဝန်းရံသူ မဲဆန္ဒရှင်ပြည်သူများကိုလည်း အဆိုပါညွှန်ကြားချက်များနှင့်အညီ အလေး ထားလိုက်နာဆောင်ရွက်စေရေး ကြီးကြပ် သွားရန် မေတ္တာရပ်ခံသည်ဟု ထုတ်ပြန်ထားသည်။

 


READ NEXT
Cancel OK