ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ မဲဆန္ဒနယ်အချို့အား ရွေးကောက်ပွဲမကျင်းပခြင်းသည် တိုင်းရင်းသားနိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များလွှတ်တော်များအတွင်း သို ့ များများမရောက်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသလားဟု မေးခွန်းထုတ်စရာဖြစ်နေဟု မွန်ညီညွတ်ရေးပါတီတွဲဖက်အတွင်းအရေးမှူး(၁) နိုင်လယိတမက ပြောကြားသည်။
“နိုင်ငံတော်အနေနဲ့ကလည်း နိုင်ငံရေးဘောင်ကိုချဲ့ပြီးတော့၊ ရွေးကောက်ပွဲ လမ်း ကြောင်းကနေတစ်ဆင့် နိုင်ငံရေးဘောင်ကို ချဲ့ရမယ့်နေရာမှာ အခုလိုရွေးကောက်ပွဲကို ကန့်သတ်လိုက်ခြင်းသည် အဲဒီဒေသမှာရှိ နေကြတဲ့ ဒေသခံတိုင်းရင်းသားပြည်သူတွေ ကို ရွေးကောက်ပွဲပြင်ပလမ်းကြောင်းကို ရွေး ချယ်လာအောင် တမင်တကာကိုတွန်းပို ့ သလိုဖြစ်နေတယ်။ နောက်တစ်ချက်ကအဲဒီ ဒေသတွေက သေချာပေါက် တိုင်းရင်းသား ပါတီတွေနိုင်မယ့်နေရာတွေပါ။ ဒီလို တိုင်း ရင်းသားပါတီတွေ အနိုင်ရမယ့်နေရာတွေ ကိုကန့်သတ်လိုက်တဲ့အခါမှာ ဒါသည် တိုင်း ရင်းသားပါတီတွေက ကိုယ်စားလှယ်လောင်း တွေ လွှတ်တော်ထဲမှာနေရာများများ မရောက်အောင်လို့ တမင်တကာရည်ရွယ် ချက်ရှိရှိလုပ်နေသလားလို့တောင် ကျွန် တော်တို့က မေးခွန်းမေးစရာတွေ ရှိလာပါ တယ်” ဟု နိုင်လယိတမကပြောကြားသည်။
ရွေးကောက်ပွဲကော်မရှင်သည် ရွေး ကောက်ပွဲမကျင်းပဖြစ်တော့သည့် ဒေသများ သတ်မှတ်ခဲ့ပြီးနောက် ပြည်နယ် ငါးခုမှ ပေါင်းစည်းတိုင်းရင်းသားညီနောင်ငါးပါတီက သဘာထား ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါမြို့နယ်များသည် မူလကတည်းက ရွေးကောက်ပွဲကျင်းပမည်ဆိုကာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ကြေညာထားပြီးမြို့နယ်များဖြစ်ကြောင်း၊ ပါတီအသီးသီးက ကိုယ်စားလှယ် လောင်းများကလည်း မဲဆွယ်စည်းရုံးရေး ဆင်းနေကြပြီး၊ ရွေးကောက်ပွဲဆိုင်ရာကုန် ကျစရိတ်များလည်း ကုန်ကျထားပြီးဖြစ်နေကြောင်း၊ ထို့ပြင် အဆိုပါဒေသများရှိ တိုင်းရင်းသားပြည်သူများကလည်း ဆန္ဒမဲပေးရန် အဆင်သင့်ရှိနေကြကြောင်း၊ အဆိုပါ အနေအထားတွင် ရွေးကောက်ပွဲကျင်းပရန် ရက်၂၀ ခန့်အလိုမှသာရွေးကောက်ပွဲကော် မရှင်က ပိတ်ပင်လိုက်ခြင်းသည် ရွေးကောက် ပွဲကော်မရှင်အပေါ် များစွာသံသယဝင်မိကြောင်းနှင့် မည်သည့်ရည်ရွယ်ချက်ဖြင့်လုပ်သည်ဆိုသည်ကို စဉ်းစားစရာဖြစ်နေ ကြောင်း နိုင်လယိတမကပြောကြားသည်။
“နောက်တစ်ချက်က ကန့်သတ်လိုက်တဲ့ ရခိုင်ပြည်နယ်က မြို ့နယ်တချို့နဲ ့ ရှမ်း ပြည်နယ်က မြို ့နယ်တွေမှာအချို့သော မြို့ နယ်တွေက တိုက်ပွဲမရှိဘူး။ တိုက်ပွဲတွေ လုံးဝမရှိတဲ့ မြို ့နယ်တွေလည်း ပါရှိနေပါ တယ်။ ကြိုကြားကြိုကြားဖြစ်နေတဲ့ မြို့နယ် တွေလည်းရှိနေတယ်ပေါ့လေ။ ပြောရရင် လုံခြုံရေးကို အကြောင်းပြပြီးတော့ ဒီရွေး ကောက်ပွဲကို ပိတ်ပင်လိုက်တာကမဖြစ်သင့် ဘူး။ နောက်တစ်ချက်က ဒီလိုပိတ်ပင်လိုက် ခြင်းသည် အဲ့ဒီမြို ့နယ်တွေမှာရှိတဲ့ ပြည်သူ တွေရဲ့ ရပိုင်ခွင့်ဖြစ်တဲ့ မဲပေးပိုင်ခွင့် အခွင့် အရေးက ဆုံးရှုံးသွားပါမယ်” ဟု နိုင်လယိ တမက ပြောကြားသည်။
အဆိုပါ ပိတ်ပင်ကန့်သတ်ထားသည့် မြို့နယ်များကို ပြန်စဉ်းစားပေးရန်နှင့် သက်ဆိုင်ရာ နိုင်ငံရေးပါတီမှ ကိုယ်စားလှယ် လောင်းများနှင့် တွေ့ဆုံညှိနှိုင်းပြီးအဖြေ တစ်ခုရှာရန်လိုကြောင်း၊ အသံများနားမ ထောင်ဘဲလုပ်ပိုင်ခွင့်ရှိတိုင်း ဆက်လုပ်နေ မည်ဆိုပါကမလိုလားအပ်သည့် ပြဿနာ များဖြစ်လာနိုင်ကြောင်း ၎င်းကဆိုသည်။
မြန်မာနိုင်ငံ၌ ကျင်းပပြီးစီးခဲ့သော ရွေးကောက်ပွဲများအား တာဝန်ယူခဲ့သည့် ရွေးကောက်ပွဲကော်မရှင်နှင့် လက်ရှိကျင်းပမည့် ရွေးကောက်ပွဲအား တာဝန်ယူနေသည့် လက်ရှိရွေးကောက်ပွဲကော်မရှင်တို့အား နှိုင်းယှဉ် ကြည့်မည်ဆိုပါက ဦးသိန်းစိန် အစိုးရလက်ထက်က ရွေးကောက်ပွဲကော်မရှင်က လက်ရှိရွေးကောက်ပွဲကော်မရှင်ထက်ကို ပွင့်လင်းမြင်သာမှုရှိကြောင်း၊ နိုင်ငံရေးပါတီဥပဒေဖြစ်စေ၊ ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေဖြစ်စေ တစ်စုံတစ်ရာပြင်ဆင် ပြောင်းလဲမှုလုပ်မည်ဆိုလျှင် မပြင်ဆင်ခင်တွင် နိုင်ငံရေးပါတီများနှင့် ဆွေးနွေးပြီးမှသာ နိုင်ငံရေးပါတီများ၏ အသံကိုနားထောင်၍ ပြင်ဆင်လေ့ရှိကြောင်း နိုင်လယိတမက ဆိုသည်။
“အခုလက်ရှိရွေးကောက်ပွဲဲကော်မရှင်က ပြောရရင် ငါးနှစ်သက်တမ်းက ပြည့်တောမယ်။ နိုင်ငံရေးပါတီတွေနဲ ့တွေ့ဆုံပြီး အကြံဉာဏ် ရယူတာက ကျွန်တော်ထင်တယ်။ နှစ်ကြိမ်၊ သုံးကြိမ်လောက်ဘဲရှိတယ်။ အဲဒီတော့ ရွှေ ့ပြောင်းလုပ်သားတွေ မဲပေးပိုင်ခွင့်ကို ရက် ၁၈၀ ကနေ၊ ရက်ပေါင်း ၉၀ ကိုပြင်လိုက် တာသည် တိုင်းရင်းသားပါတီတွေကန့်ကွက်နေတဲ့ကြားက လွှတ်တော်ထဲမှာဆိုရင်လည်း တိုင်းရင်းသားပါတီ ကိုယ်စားလှယ်တွေ ကန့်ကွက်နေတဲ့ကြားကနေ အင်အားနဲ့ အနိုင်ယူပြီးတော့ ပြင်လိုက်တယ်။ သဘောက ဒီနည်းဥပဒေကို မပြင်ဆင်ခင်မှာ တိုင်းရင်းသားနိုင်ငံရေးပါတီတွေရဲ့ သဘောထား တွေ၊ အသံတွေကိုစုစည်းရယူပြီးတော့ ပြင်သင့်၊ မပြင်သင့် စဉ်းစားသင့်တယ်။ အခုက ကော်မရှင်ကလုပ်ပိုင်ခွင့်ရှိသလို လုပ်လိုက်တဲ့အခါကျတော့ ကျွန်တော်တို ့တိုင်းရင်းသားပါတီတွေက အများကြီးနစ်နာတယ်။ အဲ့ဒါကိုလည်း ကျွန်တော်တို့က တချိန်လုံး ကန့်ကွက်ခဲ့တယ်။ သို ့သော်ကော်မရှင်က လိုက်လျောမှုမရှိဘူး။ ကျွန်တော်တို့ အသံကို လည်းနားမထောင်ဘူး။ ကော်မရှင်က လုပ်ပိုင်ခွင့်ရှိသလိုလုပ်ခဲ့တာကို ဒီအချိန်အထိ ကန့်ကွက်နေတယ်။ နောက်နောင်ကိုလည်း ဒီ နည်းဥပဒေကိုဆက်ပြီးတော့ ကန့်ကွက်နေဦးမှာပါ” ဟု နိုင်လယိတမက ပြောကြားသည်။
အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ နယ်မြေတချို ့၌ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေ မရှိ သဖြင့် ရွေးကောက်ပွဲများကျင်းပခြင်း ပြုမည် မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က အောက်တိုဘာ ၁၆ ရက်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
-
ထရန့်က ကုန်သွယ်ရေးနှင့် ပညာရေးဝန်ကြီးရာထူးနေရာများအတွက် အမည်စာရင်းတင်သွင်း
-
ဝေဖန်ခံနေရသည့် အသင်းဖော် ချူပိုမိုတင်းကို ဘာပေ အားပေး
-
ပရီးမီးယားလိဂ်သို့ ပြန်လည်ပြောင်းရွှေ့မည်မဟုတ်ဟု ကော်တင်ဟို ပြောကြား
-
သထုံမြို့နယ်တွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည့် Puma Power စက်သုံးဆီအရောင်းဆိုင် မန်နေဂျာကို ၁၀ ရက်ကြာသည်အထိ အဆက်အသွယ်မရသေး
-
ဖိလစ်ပိုင်တွင် ဆဋ္ဌမမြောက် တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် မြေပြိုမှုများဖြစ်ပွားပြီး လူခုနစ်ဦး သေဆုံး