အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား တစ်ဖွဲ့နှင့်တစ်ဖွဲ့ ယုံကြည်မှုရှိသည့်အတွက် NCA စာချုပ် ဖြစ်ပေါ်လာသော်လည်း လက်ရှိတွင်မူ အဆိုပါ ယုံကြည်မှုပျက်ပြားစေရန် အသေးစိတ်ကအစ အငြင်းပွားမှုများ ဖြစ်ပေါ်နေကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်တွင် အောက်တိုဘာ ၂၄ ရက်က တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
“ ပြောချင်တာကတော့ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ယုံကြည်မှုရှိကြလို့ ဒီစာချုပ်ကို သဘောတူခဲ့ကြတယ်။ ယုံကြည်မှု တည်ဆောက်ခဲ့ကြတယ်။ အခုအချိန်မှာတော့ ဒီယုံကြည်မှု ပျက်ပြားဖို့ အသေးစိတ်က အစပေါ့နော် အငြင်းပွားတဲ့ပုံစံမျိုးတွေ ဖြစ်လာပါတယ်။ ဘယ်သူ့မှာ တာဝန်ရှိသလဲဆိုတာကို မေးခွန်းထုတ်စရာ ဖြစ်လာတဲ့သဘော ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
NCA စာချုပ်နှင့်ပတ်သက်၍ NCA တွင် မည်သို့ကြိုပမ်းခဲ့ရသည်၊ မည်သို့ဆောင်ရွက်ခဲ့ရသည်၊ မည်သည့်အချက်များကို ဆွေးနွေးခဲ့ရသည်ဆိုသည်များအား တရားဝင် စာရွက်စာတမ်းများ၊ စာရင်းဇယားများ ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ လက်ရှိအချိန် စကားလုံးတစ်လုံးချင်းစီအပေါ်တွင် ထပ်မံ၍ အဓိပ္ပာယ်ဖွင့်ဆိုရန် လိုခြင်းသည် ယုံကြည်မှုအပေါ် မူတည်၍သာဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် NCA ကဲ့သို့ EAO အားလုံးနီးပါး ပါဝင်ဆွေးနွေးခဲ့ခြင်း၊ တိုင်းရင်းပြည်သူလူထု လိုလားသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရန် အခြေခံသဘောတူညီခဲ့ခြင်းမျိုး သမိုင်းတွင် မရှိခဲ့ဖူးကြောင်း၊ စကားလုံးတစ်ခုခြင်း၊ စာပိုဒ်တစ်ပိုဒ်ခြင်း၊ အသေးစိတ် အကျေအလည် ဆွေးနွေးသဘောတူခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
-
ဖိလစ်ပိုင်ကို အရေးနိမ့်ခဲ့သည့် မြန်မာအမျိုးသမီးအသင်း အာရှအားကစားပြိုင်ပွဲ အုပ်စုအဆင့်မှ ထွက်ခဲ့ရ
-
■ နည်းပြဘဝအတွက် အူန်ယွန်းဘာလင်ကို ရွေးချယ်ခဲ့ခြင်းဟု ဘိုနူချီ ဆို
-
■ ရီးယဲလ်နှင့် ကာမာဗင်ဂါ သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် နီးစပ်
-
■ မာဆေးလ်အသင်းကို ဆော်ဒီရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ဝယ်ယူနိုင်ခဲ့ပါက ဇီဒန်းကို နည်းပြအဖြစ် ခန့်အပ်ရန် သဘောတူညီမှုရရှိထား
-
■ လီဗာပူးလ်အသင်း၏ ရှယ်ယာအချို့ကို အသင်းပိုင်ရှင်များဖြစ်သည့် FSG က အမေရိကန်လုပ်ငန်းစု Dynasty Equity သို့ ရောင်းထုတ်