လက်ရှိကာလတွင် အနုပညာရှင်များသည် အနုပညာလှုပ်ရှားမှုများ ရပ်နားထားကြရသည်။ အားလုံးအခက်အခဲ ဖြစ်နေချိန်တွင် အနုပညာရှင်များသည် ပရိသတ်များနှင့် အလှူဒါနများပြုလုပ်ပြီး ဆက်သွယ်လျက်ရှိကြသည်။ မွေးနေ့အလှူ၊ ပရဟိတ အလှူများပြုလုပ်ပေးလျက်ရှိပြီး သရုပ်ဆောင် သင်ဇာမြင့်မိုရ်သည်လည်း အနုပညာရှင် မောင်နှမများနှင့် စုပေါင်းအလှူများတွင် ပါဝင်ပြီး ကုသိုလ်ယူလျက်ရှိသည်ကို တွေ့ရသည်။
“အခုချိန် ကိုယ်တိုင်လည်း အများကြီး မလှူနိုင်ဘူးလေ။ အခုလို အနုပညာမောင်နှမတွေနဲ့ ပေါင်းလှူတာမျိုးပဲ လုပ်နိုင်ပါတယ်။ အားလုံးက ဝင်ငွေမရှိတဲ့ အချိန်ဆိုတော့။ ပေါင်းလှူတဲ့ အလှူမှာလည်း နည်းသည် များသည်ထက် ပရိသတ်တွေက အနုပညာရှင်တွေ လာလှူတယ်ဆိုရင်ကိုပဲ ပျော်ပြီးလက်ခံကြတယ်။ ကိုယ်တိုင်ကိုလည်း အပျော်တွေ ကူးစက်ပါတယ်။ ကိုခန့်တို့၊ မမဆောင်းတို့နဲ့တော့ အမြဲလှူဖြစ်ပါတယ်။ ဝင်ငွေမရှိတော့ ဘယ်လိုရပ်တည်နေလဲဆိုရင် အမေဆီက ပြန်တောင်းသုံးနေပါတယ်။ အရင်တုန်းက Online ရောင်းထားလို့ရတဲ့ စုထားတာလေးတွေသုံးပြီး နေရပါတယ်။ ကိုယ်တစ်ယောက်တည်း ခက်ခဲနေတာ မဟုတ်ဘူးလေ။ အားလုံး ခက်ခဲနေတာဆိုတော့ အများနည်းတူ ဖြေသိမ့်ပြီးနေရတယ်” ဟု သရုပ်ဆောင် သင်ဇာမြင့်မိုရ်က ပြောကြားသည်။
သရုပ်ဆောင်သင်ဇာမြင့်မိုရ်သည် ဗွီဒီယိုခေတ်တွင် ဗွီဒီယိုဇာတ်ကားများစွာမှာ ပါဝင်သရုပ်ထားသူဖြစ်သည်။ သရုပ်ဆောင်အပြင် မော်ဒယ်တစ်ဦးအဖြစ်လည်း ပရိသတ်လက်ခံသည့် အနုပညာရှင်ဖြစ်သည်။
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်
-
Nations League ကွာတားဖိုင်နယ်သို့ ပေါ်တူဂီနှင့် နယ်သာလန်အသင်း ထပ်မံတက်ရောက်ခဲ့ပြီး ဂျာမနီအသင်း ပြိုင်ပွဲသမိုင်းတွင် ဂိုးအပြတ်ဆုံးနိုင်ပွဲ စံချိန်တင်