ယခုနှစ်ကျင်းပမည့် ဂရမ်မီဆုပေးပွဲတွင် အကောင်းဆုံး တေးအယ်လ်ဘမ်ဆုအတွက် စည်းမျဉ်းများကို ပြောင်းလဲခဲ့သည်ဟု ဂရမ်မီဆုပေးပွဲကို ကျင်းပသည့် Recording Academy ကုမ္ပဏီက မေလ ၂၆ ရက် တွင် ကြေညာခဲ့သည်။
ယင်းစည်းမျဉ်းပြောင်းလဲမှုအရ တစ်နှစ်တာအတွက် အကောင်းဆုံး တေးအယ်လ်ဘမ်ဆုဆန်ခါတင် စာရင်းတင်သွင်းခံရသည့် အယ်လ်ဘမ်ကို ဖန်တီးထုတ်လုပ်ရာတွင် ပါဝင်သည့် ပရိုဂျူဆာ၊ တေးရေး၊ အင်ဂျင်နီယာနှင့် တွဲဖက်သီဆိုသူ အပါအဝင် ယင်းအယ်လ်ဘမ်ထုတ်လုပ်မှုတွင် သက်ဆိုင်ရာကဏ္ဍမှ ပါဝင်ခဲ့သည့် အနုပညာရှင်များပါ ဆန်ခါတင်စာရင်းတွင် ပါဝင်လာမည်ဖြစ်သဖြင့် ယင်းအနုပညာရှင်များပါ ဂရမ်မီဆုရရှိရန် အခွင့်အလမ်းပိုမို ရရှိလာမည်ဖြစ်သည်။
ယင်းမတိုင်မီ ၂၀၁၇ ခုနှစ်က ချမှတ်ခဲ့သည့် စည်းမျဉ်းအရ တေးရေးများ သို့မဟုတ် ပရိုဂျူဆာများသည် ဆန်ခါတင်စာရင်းတွင် ပါဝင်ရန် အယ်လ်ဘမ်၏ ၃၃ ရာခိုင်နှုန်းနှင့်အထက် ပါဝင်ဖန်တီးရန် လိုအပ်မည်ဖြစ်သည်။
သို့သော်လည်း ယခုပြောင်းလဲချက်အရ အယ်လ်ဘမ်တစ်ခုလုံးတွင် သီချင်းတစ်ပုဒ်စာအတွက်သာ ပါဝင်ခဲ့သည့် ပရိုဂျူဆာများ၊ အင်ဂျင်နီယာများ သို့မဟုတ် တွဲဖက်သီဆိုသူများပါ အကောင်းဆုံး အယ်လ်ဘမ်ဆုအတွက် စကာတင်စာရင်းဝင်မည်ဖြစ်ပြီး ယခင်ကချန်လှပ်ခံခဲ့ရသည့် တေးရေးများပါ အကောင်းဆုံး တေးအယ်လ်ဘမ်ဆုအတွက် ဆန်ခါတင်စာရင်း ဝင်လာမည်ဖြစ်သည်။
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်
-
Nations League ကွာတားဖိုင်နယ်သို့ ပေါ်တူဂီနှင့် နယ်သာလန်အသင်း ထပ်မံတက်ရောက်ခဲ့ပြီး ဂျာမနီအသင်း ပြိုင်ပွဲသမိုင်းတွင် ဂိုးအပြတ်ဆုံးနိုင်ပွဲ စံချိန်တင်