Raindrops Keep Fallin’ on My Head သီချင်းဖြင့် ကျော်ကြားခဲ့သော အမေရိကန်အဆိုတော် ဘီဂျေသောမတ်သည် အသက် ၇၈ နှစ်၌ ကွယ်လွန်သွားကြောင်း သူ၏ အေးဂျင့်က ကြေညာခဲ့သည်။
သူသည် တက္ကဆက်ပြည်နယ် အာလင်တန်မြို့တွင် အဆုတ်ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
သောမတ်သည် ၁၉၇၇ ခုနှစ်နှင့် ၁၉၈၁ ခုနှစ်အကြား ဂရမ်မီဆု ငါးဆု ရရှိခဲ့သော်လည်း I’m So Lonesome I Could Cry သီချင်းဖြင့် ၁၉၆၆ ခုနှစ်ကတည်းက လူသိများ ထင်ရှားခဲ့ခြင်းဖြစ်သည်။
ယင်းနောက် နှစ်နှစ်အကြာတွင် သူ၏ Hooked on a Feeling သီချင်းသည် Bilboard Hot 100 တွင် Top 10 ဝင်ခဲ့သည်။
သို့သော် သူ၏ အကြီးမားဆုံး ကျော်ကြားမှုသည် ရောဘတ်ရက်ဖို့ဒ်နှင့် ပေါနယူမင်တို့ ပါဝင်သည့် Butch Cassidy and the Sundance Kid ရုပ်ရှင်ဇာတ်ကား ဇာတ်ဝင်တေးကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ဘတ်ဘတ်ချာရက်နှင့် ဟောဒေးဗစ်တို့ ရေးသားသည့် အဆိုပါသီချင်းကြောင့် သောမတ်သည် အော်စကာဆုရရှိခဲ့ပြီး အမေရိကန် ထိပ်တန်းအဆိုတော်စာရင်းဝင်ဖြစ်လာခဲ့သည်။ ယင်းနောက် ရုပ်ရှင်ဇာတ်ကား ခြောက်ကားထက်မနည်းတွင် ဇာတ်ဝင်တေးများကို သီဆိုခဲ့သည်။
“ အမေရိကန်ဂီတအခင်းအကျင်းမှာ ဘီဂျေသောမတ်ထက် ပိုပြီး ခိုင်မြဲတဲ့ အမှတ်သညာ ချန်ထားနိုင်တဲ့ အနုပညာသမားရယ်လို့ အနည်းအကျဉ်းပဲ ရှိပါတယ်” ဟု သူ၏အေးဂျင့်က Fan Site တစ်ခုတွင် ပြောကြားခဲ့သည်။
“ သူ့ရဲ့ နူးညံ့ပြီး ကြွယ်ဝတဲ့ အသံ၊ သီချင်းကို တန်းတန်းမတ်မတ် အာရုံခံနိုင်မှုနဲ့အတူ သောမတ်ရဲ့ ကျယ်ဝန်းတဲ့ ဖြန့်ကျက်မှုက Country ၊ Pop နဲ့ Gospel တို့အပါအဝင် ဂီတအမျိုးအစားအမျိုးမျိုးထဲမှာ အကျုံးဝင်ပါတယ်” ဟုလည်း သူ၏ အေးဂျင့်က ပြောကြားခဲ့သည်။
သောမတ်သည် ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း အရက်နှင့် ဆေးစွဲမှုတို့ကြောင့် ရုန်းကန်ခဲ့ရသေးသော်လည်း ၁၉၇၆ ခုနှစ်တွင် ဧဝံဂေလိခရစ်ယာန်အသင်းဝင် ဖြစ်လာခြင်းက သူ့ဘဝကို အလှည့်အပြောင်း ဖြစ်စေခဲ့သည်ဟု သူ၏ အေးဂျင့်က ဆိုသည်။
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်
-
Nations League ကွာတားဖိုင်နယ်သို့ ပေါ်တူဂီနှင့် နယ်သာလန်အသင်း ထပ်မံတက်ရောက်ခဲ့ပြီး ဂျာမနီအသင်း ပြိုင်ပွဲသမိုင်းတွင် ဂိုးအပြတ်ဆုံးနိုင်ပွဲ စံချိန်တင်