SBS ရုပ်သံလိုင်းမှ ထုတ်လွှင့်သည့် လူကြိုက်များသော တောင်ကိုရီးယားဇာတ်လမ်းတွဲ The Penthouse ကိုရိုက်ကူးသည့် ဒါရိုက်တာ ဂျိုဒုံမင်သည် ABA ၏ ရုပ်သံဌာနခွဲ Stundio S မှ နုတ်ထွက်သွားခဲ့ကြောင်း သိရသည်။
ဒါရိုက်တာ ဂျိုဒုံမင် Studio S မှ နုတ်ထွက်သွားခဲ့သည့်သတင်းကို မေ ၃၁ ရက်တွင် SBS က အတည်ပြုခဲ့ပြီး ဒုံမင်အနေဖြင့် The Penthouse ၏ နောက်ဆက်တွဲဇာတ်လမ်းတွဲကို အလွတ်တမ်းဒါရိုက်တာတစ်ဦး အဖြစ် ဆက်လက်ရိုက်ကူးသွားလိမ့်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ဝက်ဘ်ကာတွန်းကို အခြေခံရိုက်ကူးမည်ဖြစ်ပြီး လက်ရှိတွင် ထုတ်လုပ်ဆဲအဆင့်တွင် ရှိနေသေးသော Where the Snake Sits ဇာတ်ကားကို ဂျိုဒုံမင် ဆက်လက်ရိုက်ကူးမည်လားဆိုသည်ကို SBS က အတည်မပြုခဲ့ပေ။
ဒုံမင်သည် SBS အတွက် Birth Secret ၊ Return ၊ The Last Empress စသော ဇာတ်လမ်းကောင်းများကို ရိုက်ကူးပေးခဲ့သည်။ ၎င်းရိုက်ကူးထားသည့် The Penthouse Season 3 ဇာတ်လမ်းတွဲကို ဇွန် ၄ ရက်တွင် ပြသမည်ဖြစ်သည်။
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်
-
Nations League ကွာတားဖိုင်နယ်သို့ ပေါ်တူဂီနှင့် နယ်သာလန်အသင်း ထပ်မံတက်ရောက်ခဲ့ပြီး ဂျာမနီအသင်း ပြိုင်ပွဲသမိုင်းတွင် ဂိုးအပြတ်ဆုံးနိုင်ပွဲ စံချိန်တင်