Top News

ဇွန်လအတွင်း ဖတ်ရှုရန်အကောင်းဆုံး စာအုပ် ၁၅ အုပ်ကို Entertainment Weekly မဂ္ဂဇင်းက ဖော်ပြ
24htopnews | June 7, 2024 5:12 PM CST

၂၀၂၁ ခုနှစ် ဇွန်လအတွင်း ဖတ်ရှုရန် အကောင်းဆုံး နိုင်ငံတကာစာအုပ် ၁၅ အုပ်ကို Entertainment Weekly မဂ္ဂဇင်းက ဖော်ပြခဲ့သည်။

၁။ Malibu Rising

အမေရိကန်စာရေးဆရာမ Taylor Jenkins Reid ရေးသားထားပြီး မေ ၂၅ ရက်တွင် စတင်ထုတ်ဝေခဲ့ခြင်းဖြစ်သည်။

၂။ With Teeth

အမေရိကန် စာရေးဆရာမ Kristen Arnett ရေးသားထားသော With Teeth ဝတ္တုကို မေ ၁၉ ရက်တွင် စတင်ထုတ်ဝေခဲ့သည်။

၃။ How The World Is Passed

ဇွန်လတွင် စတင်ထုတ်ဝေမည့် How The World Is Passed ဝတ္တုကို စာရေးဆရာ Clint Smith က ရေးသားထားသည်။

၄။ Palace of the Drowned

အမေရိကန်စာရေးဆရာမ Christine Mangan ရေးသားထားသော Palace of the Drowned စာအုပ်ကို ဇွန်တွင် ထုတ်ဝေမည်ဖြစ်သည်။

၅။ Long Division

Long Division ဝတ္တုစာအုပ်ကို အမေရိကန်စာရေးဆရာ Kiese Laymon က ရေးသားခဲ့ပြီး ၂၀၁၃ ခုနှစ် မေ ၂၀ ရက်တွင် ထုတ်ဝေခဲ့ခြင်းဖြစ်သည်။

၆။ Dear Senthuran: A Black Spirit Memoir

နိုင်ဂျီးရီးယားစာရေးဆရာမ Akwaeke Emezi ရေးသားထားသော စာအုပ်ဖြစ်ပြီး ဇွန် ၈ ရက်တွင် စတင်ထုတ်ဝေမည်ဖြစ်သည်။

၇။ The Ugly Cry

The Ugly Cry ကိုယ်တွေ့မှတ်တမ်းဝတ္တုကို ဆရာရေးဆရာမ Danielle Henderson က ရေးသားထားပြီး ဇွန် ၄ ရက်တွင် ထုတ်ဝေမည်ဖြစ်သည်။

၈။ Animal

အမေရိကန်စာရေးဆရာမ Lisa Taddeo ရေးသားထားသော Animal စာအုပ်ကို ဇွန် ၈ ရက်တွင် စတင်ထုတ်ဝေမည်ဖြစ်သည်။

၉။ Filthy Animals

Filthy Animals ဝတ္တုစာအုပ်ကို အမေရိကန်စာရေးဆရာ Brandon Taylor က ရေးသားထားပြီး ဇွန် ၂၂ ရက်တွင် စတင်ဖြန့်ချိမည်ဖြစ်သည်။

၁၀။ Who They Was

Gabriel Krauze ရေးသားထားသော Who They Was စာအုပ်သည် ၂၀၂၀ ပြည့်နှစ်က ထွက်ရှိခဲ့ကာ၂၀၂၀ Booker Prize ဆုအတွက် ဆန်ခါတင်စာရင်းဝင်ခဲ့သော စာအုပ်လည်းဖြစ်သည်။

၁၁။ Blackout

စာရေးဆရာ ခြောက်ဦး၏ ပုံပြင်တို ခြောက်ပုဒ်ကို Blackout စာအုပ်တွင် ဖတ်ရှုခံစားရမည်ဖြစ်သည်။

၁၂။ Objects of Desire

စာရေးဆရာမ Clare Sestanovich ရေးသားထားပြီး ဇွန် ၂၂ ရက်တွင် ထုတ်ဝေမည်ဖြစ်သည်။

၁၃။ Heatwave

စာရေးဆရာ Victor Jestin ရေးသားထားသော စာအုပ်ဖြစ်သည်။

၁၄။ Rock the Boat

စာရေးဆရာမ Beck Dorey-Stein ရေးသားထားသည်။

၁၅။ Hell of a Book

စာရေးဆရာမ Jason Mott ရေးသားထားသော စတုတ္တမြောက် ဝတ္တုစာအုပ်ဖြစ်သည်။


READ NEXT
Cancel OK