Top News

အဆိုတော် နော်လီဇာ ကင်ဆာရောဂါဖြင့် ကွယ်လွန်
24htopnews | June 7, 2024 5:12 PM CST

မြန်မာနိုင်ငံတွင် ပရိသတ်အခိုင်အမာ ရရှိထားသည့် အဆိုတော် နော်လီဇာသည် ဇွန် ၂ ရက် ညနေ ၃ နာရီ မိနစ် ၄၀ အချိန်တွင် ရင်သားကင်ဆာရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရသည်။

Disco Queen ဆိုသည့် ပရိသတ်သက်မှတ်ခြင်း ခံထားရသော အဆိုတော် နော်လီဇာမှာ ကွယ်လွန်ချိန်တွင် အသက် ၆၂ နှစ် ရှိပြီဖြစ်သည်။

အဆိုတော် နော်လီဇာ ကွယ်လွန်ခြင်းနှင့် ပတ်သတ်၍ အနီးကပ် စောင့်ရှောက်ပေးနေသည့် ဆွေးမျိုးနီးစပ် တော်စပ်သူ သူနာပြု ဆရာမ နဒီက “အန်တီက နေမကောင်းတာတော့ ကြာပြီ။ ကျွန်မကလည်း သူနာပြုဆိုတော့ သူ့ကို အနီးကပ် အမြဲစောင့်ရှောက် ပေးနေတာပေါ့နော်။ သူက ရင်သားကင်ဆာ ဖြစ်နေတာ။ သူ နေမကောင်းတော့ ကျွန်မတို့အိမ်မှာ နှစ်လကျော် လာနေသွားတယ်။ ကုတင် ၅၀၀ မှာ ဆေးသွားကုသေးတယ်။ သက်သာလိုက် ပြန်ဖြစ်လိုက်နဲ့ပါ။ အိမ်မှာ နှစ်လကျော်လောက် နေပြီတော့ သူက အိမ်ကို အားနာလာတယ်ဆိုပြီး သူ့အိမ်ပြန်သွားတာ မကြာသေးဘူး။ ပြန်သွားတာ ရက်ပိုင်းလောက်ပဲ ရှိသေးတာ။ ဒီနေ့ ဆုံးပြီဆိုတဲ့သတင်း ကြားရတာပဲ" ဟု ပြောကြားသည်။

အဆိုတော် နော်လီဇာ၏ နာရေးကို ဇွန် ၃ ရက်တွင် လှိုင်သာယာ ထိန်ပင်သုသန်၌ ပြုလုပ်မည်ဖြစ်ပြီး အချိန်အတိအကျကိုမူ မသိရှိသေးပေ။ အဆိုတော် နော်လီဇာတွင် သမီး နှစ်ယောက်ရှိပြီး သမီးအကြီးမှာ ပြည်ပနိုင်ငံ၌ နေထိုင်ပြီး သမီးငယ်မှာ မိခင်နှင့်အတူ နေထိုင်နေကြောင်း သိရသည်။

 


READ NEXT
Cancel OK