တောင်ကိုရီးယားအမျိုးသား အဆိုတော်အဖွဲ့ EXO ၏ သတ္တမမြောက် စတူဒီယိုအယ်လ်ဘမ်ဖြစ်သော Don’t Fight The Feeling အယ်လ်ဘမ်သည် နိုင်ငံပေါင်း ၈၅ နိုင်ငံ၏ iTunes ထိပ်တန်းတေးဂီတဇယားထက်တွင် ထိပ်ဆုံးနေရာသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
EXO အဖွဲ့၏ Don’t Fight The Feeling စတူဒီယိုအယ်လ်ဘမ်သည် ဗြိတိန်၊ အမေရိကန်၊ ပြင်သစ်၊ ကနေဒါ၊ ဂျာမနီ၊ သြစတြေးလျ၊ ဘယ်ဂျီယံ၊ ဘီလာရုစ်၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ လာအို၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ မလေးရှား၊ နယ်သာလန်၊ နယူးဇီလန်၊ ဖိလစ်ပိုင်၊ ရုရှား၊ စင်ကာပူ၊ တောင်အာဖရိက၊ သီရိလင်္ကာ၊ ထိုင်ဝမ်၊ ထိုင်း၊ ဗီယက်နမ်အပါအဝင် နိုင်ငံပေါင်း ၈၅ နိုင်ငံ၏ iTunes တေးဂီတ ဇယား၏ နံပါတ်တစ်နေရာ၌ ရပ်တည်နေခြင်းဖြစ်ကာ တရုတ်၏ QQMusic တွင် ဒစ်ဂျစ်တယ် တေးအယ်လ်ဘမ် ရောင်းချရမှု အများဆုံး အယ်လ်ဘမ်စာရင်းထက်တွင်လည်း ထိပ်ဆုံးသို့ ရောက်ရှိခဲ့သည်။ ထိုအယ်လ်ဘမ် စတင်ဖြန့်ချိပြီး နှစ်နာရီနှင့် ၁၉ မိနစ်မျှအကြာတွင် Don’t Fight The Feeling အယ်လ်ဘမ်ရောင်းချရမှုသည် ယွမ် သုံးသန်း (ဒေါ်လာ ၄၆၉,၅၂၀) ကို ကျော်လွန်သွားခဲ့ခြင်းကြောင့် QQ Music တွင် ယင်းအယ်လ်ဘမ်သည် ပလက်တီနမ်တံဆိပ်သုံးခုဖြင့် ဂုဏ်ပြုခံရသည်။
တောင်ကိုရီးယားနိုင်ငံတွင်းရှိ ထိပ်တန်းတေးသီချင်းဇယားများဖြစ်သော Vibe ၊ Bugs နှင့် Genie တို့တွင်လည်း ထိုအယ်လ်ဘမ်၏ ခေါင်းစီးတေးသီချင်းဖြစ်သော Don’t Fight The Feeling တေးသီချင်းက ထိပ်ဆုံးသို့ ရောက်ရှိနေသည်။
ဇွန် ၇ ရက်က စတင်ဖြန့်ချိခဲ့သော Don’t Fight The Feeling အယ်လ်ဘမ်တွင် တေးသီချင်းစုစုပေါင်း ငါးပုဒ်ပါဝင်ပြီး ခေါင်းစီးတေးသီချင်းဗီဒီယို Don’t Fight The Feeling ကို YouTube တွင် ထုတ်လွှင့်ပေးထားသည်။
-
တစ်လအတွင်း ထိုင်းနိုင်ငံမှ တန်ဖိုးဒေါ်လာ သုည ဒသမ ၂၈ သန်းကျော်ရှိသည့် ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ ကျော် တင်သွင်း
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်