မေလကုန်ပိုင်းက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ အဆိုတော် အေသင်ချိုဆွေသည် ဇွန်လ ၁၁ ရက်က ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း မိသားစုဝင်တစ်ဦးထံမှ သိရသည်။
အဆိုတော် အေသင်ချိုဆွေ ပြန်လည် လွတ်မြောက်လာသည့်ကိစ္စနှင့် ပတ်သက်ပြီး မိသားစုဝင်တစ်ဦးဖြစ်တဲ့ မေသင်ချိုဆွေက "အေသင်ပြန်လွတ်ပါပြီ အိုင်ဗီလေးတို့ အမေနားပဲ ကပ်နေတယ်" ဟု သူမ၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်ကို တွေ့ရသည်။
ထို့အပြင် အေသင်ချိုဆွေ ပြန်လည်လွတ်မြောက်ရေးအတွက် ငွေကြေးမပေးရကြောင်း သူမ၏ မိခင်က ဆက်လက် ရေးသားထားသည်။
ပုဒ်မ ၅၀၅-က နဲ့ ဖမ်းဝရမ်း ထုတ်ခံရသည့် အဆိုတော် အေသင်ချိုဆွေသည် မေလ ၂၃ ရက် ညပိုင်းက ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ အောင်ဓမ္မရိပ်သာလမ်းရှိ ရွှေပါမီကွန်ဒိုနေအိမ်တွင် ဖမ်းဆီးခံခဲ့ရပြီး ဇွန်လ ၁၁ ရက်မှာ ပြန်လည်လွတ်မြောက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဟောင်း ဦးဇင်ဝိုင်းဟာလည်း ဇွန်လ ၇ ရက်၊ မနက်ပိုင်းက ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သိရသည်။
-
တစ်လအတွင်း ထိုင်းနိုင်ငံမှ တန်ဖိုးဒေါ်လာ သုည ဒသမ ၂၈ သန်းကျော်ရှိသည့် ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ ကျော် တင်သွင်း
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်