ထိတ်လန့်ချောက်ချားဖွယ် ဇာတ်လမ်း၊ ဇာတ်ကွက်များကြောင့် သည်းထိတ်ရင်ဖို ရုပ်ရှင်ချစ်ပရိသတ်များအကြား နာမည်ကြီးသည့် SAW ဇာတ်ကားများထဲတွင် နဝမမြောက်သည်းထိပ်ရင်ဖိုရုပ်ရှင်အဖြစ် ပါဝင်လာမည့် Spiral ဇာတ်ကားသစ်ကို မေ ၁၄ ရက်တွင် အမေရိကန်၌ ထုတ်လွှင့်ပြသသွားမည် ဖြစ်သည်။
နဝမမြောက် SAW ဇာတ်ကားဖြစ် သည့် Spiral သည်းထိတ်ရင်ဖိုဇာတ်ကားကို ဒါရိုက်တာ Darren Lynn Bousman က ရိုက်ကူးထားပြီး Lionsgate ကုမ္ပဏီက ဖြန့်ချိမည်ဖြစ်သည်။
အများကလေးစားရသည့် ရဲဝန်ထမ်းဟောင်း ဖခင် Marcus Banks ၏အရိပ်အောက်တွင် အလုပ်လုပ်ကိုင်နေရသော သားဖြစ်သူ စုံစမ်းထောက်လှမ်းရေးသမား Ezekiel Zeke Banks နှင့် ၎င်း၏မိတ်ဆွေသစ် Willian Schenk တို့သည် စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းသော လူသတ်မှုများကို စစ်ဆေးဖော်ထုတ်ရန် တာဝန်ယူထားကြသူများဖြစ်သည်။
ထိတ်လန့်ချောက်ချားဖွယ်ကောင်းသောပုံစံမျိုးဖြင့် သတ်ဖြတ်ခံထားရသည့် လူသတ်မှုများသည် အခင်းဖြစ်ပွားရာမြို့၏ ထိတ်လန့်စက်ဆုပ်ဖွယ် အတိတ်ဖြစ်ရပ်နှင့် ပုံစံဆင်တူနေသည်ကို ထောက်လှမ်းရေး သမား Ezekiel တစ်ယောက် စုံစမ်းသိရှိသွားခဲ့သည်။ ပိုမိုနက်နဲလာသော လျှို့ဝှက်ဆန်းကြယ်မှုအတွင်း အမှတ်တမဲ့ ထောင်ချောက်ဆင်အဖမ်းခံရမှုများနှင့်အတူ ရက်စက်ကြမ်းကြုတ်သော လူသတ်သမား၏ မဟူရာကစားပွဲ ဗဟိုချက်၌ ၎င်းရောက်ရှိနေသည်ကို Ezekiel တစ်ယောက် သတိထားမိသွားသောအခါ အညှာအတာမဲ့သော လူသတ်မှုများ၏ နောက်ကွယ်၌ရှိသည့် လူသတ်သမားအား Ezekiel ဖမ်းဆီးနိုင်မည် လားဆိုသည်ကို ထိတ်လန့်ချောက်ချားဖွယ် ရိုက်ကူးချက်များနှင့်အတူ စိတ်ဝင်စားဖွယ် ဇာတ်လမ်းဇာတ်ကွက်များကို Spiral သည်းထိတ်ရင်ဖို ဇာတ်ကားတွင် ကြည့်ရှုခံစားရမည်ဖြစ်သည်။
ဒေါ်လာ သန်း ၂၀ အကုန်ကျခံ ရိုက်ကူးခဲ့သော Spiral ဇာတ်ကားတွင် Ezekiel ဇာတ်ကောင်နေရာ၌ မင်းသား ChrisRock က ပါဝင်သရုပ်ဆောင်ထားပြီး Ezekiel ၏ ဖခင် Marcus ဇာတ်ကောင်နေရာ၌ ၀ါရင့်သရုပ်ဆောင် Samuel L. Jackson က လည်းကောင်း၊ William ဇာတ်ကောင်နေရာတွင် Max Minghell က လည်းကောင်း ပါဝင်ထားသည်။
SAW ဇာတ်ကားများထဲတွင် ၂၀၀၄ ခုနှစ်၌ ပထမဦးဆုံး ထွက်ရှိခဲ့သည့် SAW ဇာတ်ကားက ဝင်ငွေဒေါ်လာ ၁၀၉.၃ သန်း ရရှိခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် ထွက်ရှိခဲ့သည့် SAW II ဇာတ်ကားမှာ ဒေါ်လာ ၁၄၇.၇ သန်း၊ ၂၀၀၆ ခုနှစ်က ထွက်ရှိခဲ့သည့် SAW III ဇာတ်ကားမှာ ဒေါ်လာ ၁၆၄.၉ သန်း၊ SAW IV (၂၀၀၇ ခုနှစ်) ဇာတ်ကားမှာ ဒေါ်လာ ၁၃၉.၄ သန်း၊ SAW V (၂၀၀၈ ခုနှစ်) ဇာတ်ကားမှာ ဒေါ်လာ ၁၁၃.၉ သန်း၊ SAW VI (၂၀၀၉ ခုနှစ်) ဇာတ်ကားမှာ ဒေါ်လာ ၆၈.၂ သန်း၊ SAW VII (၂၀၁၀ ခုနှစ်) ဇာတ်ကားမှာ ဒေါ်လာ ၁၃၆.၁ သန်း၊ ၂၀၁၇ ခုနှစ် ကထွက်ရှိခဲ့သည့် Jigsaw ဇာတ်ကားမှာ ဝင်ငွေဒေါ်လာ ၁၀၃ သန်း ရရှိခဲ့သည်။
-
တစ်လအတွင်း ထိုင်းနိုင်ငံမှ တန်ဖိုးဒေါ်လာ သုည ဒသမ ၂၈ သန်းကျော်ရှိသည့် ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ ကျော် တင်သွင်း
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်