Black Panther ဇာတ်ကား၏ နောက်ဆက်တွဲရုပ်ရှင် Black Panther: Wakanda Forever ကို၂၀၂၂ ခုနှစ် ဇူလိုင် ၈ ရက်တွင် ထုတ်လွှင့်ပြသမည်ဟု Marvel Studios က ထုတ်ပြန်ကြေညာခဲ့သည်။
အော်စကာဆုရရှိခဲ့သော Judas And The Black Messiah ဇာတ်ကားကို ထုတ်ဝေခဲ့သူ စာရေးဆရာ၊ ဒါရိုက်တာ Ryan Coogler သည် မကြာသေးမီက Proximity မီဒီယာကုမ္ပဏီကို တည်ထောင်ခဲ့ပြီး ယခင် Black Panther ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် ဇာတ်ဆောင်မင်းသား Chadwick Boseman ကွယ်လွန်သွားပြီးနောက်ပိုင်း Black Panther နောက်ဆက်တွဲဇာတ်ကားသစ်အတွက် ဇာတ်ညွှန်းတစ်စိတ်တစ်ပိုင်းကို ပြန်လည်ရေးသားနေခဲ့ကြောင်း သိရသည်။
Black Panther: Wakanda Forever ဇာတ်ကားတွင် ယခင်ဇာတ်ကားမှ သရုပ်ဆောင်များဖြစ်သည့် Lupita Nyong’o ၊ Letitia Wright ၊ Winston Duke ၊ Danai Gurira ၊ Martin Freeman နှင့် Angela Bassett တို့ ပြန်လည်ပါဝင်လာမည်ဖြစ်သည်။
၂၀၁၈ ခုနှစ်က ထွက်ရှိခဲ့ပြီး ကမ္ဘာတစ်ဝန်း ရုပ်ရှင်ရုံများ$ ရုံတင်ပြသမှုမှ ဝင်ငွေ ဒေါ်လာ ၁.၃ ဘီလျံ ကျော်ရရှိခဲ့သည့် ယခင် Black Panther ဇာတ်ကားကြောင့် နောက်ဆက်တွဲထွက်ရှိမည့် Black Panther: Wankanda Forever ဇာတ်ကားအပေါ် မျှော်လင့်မှု မြင့်တက်ခဲ့သည်။
Black Panther ၏ နောက်ဆက်တွဲ ဇာတ်ကားသစ် The Marvels ကို ၂၀၂၂ နိုဝင်ဘာ ၁၁ ရက်တွင်လည်းကောင်း၊ Ant-Man နောက်ဆက်တွဲဇာတ်ကားသစ် Ant-Man And The Wasp: Quantumania ကို ၂၀၂၃ ဖေဖော်ဝါရီ ၁၇ ရက်တွင် လည်းကောင်း၊ Guardians of The Galaxy Vol.3 ကို ၂၀၂၃ မေ ၅ ရက်တွင်လည်းကောင်း၊ Black Widow ဇာတ်ကားကို ၂၀၂၁ ဇူလိုင် ၉ ရက်တွင် လည်းကောင်း ထုတ်လွှင့်မည်ဟု Marvel Studios က ထုတ်ပြန်ခဲ့သည်။
-
တစ်လအတွင်း ထိုင်းနိုင်ငံမှ တန်ဖိုးဒေါ်လာ သုည ဒသမ ၂၈ သန်းကျော်ရှိသည့် ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ ကျော် တင်သွင်း
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်