The Strange Talent of Luther Strode ကို ပူးတွဲဖန်တီးသူ ဂျက်စတင် ဂျော်ဒန်က ယင်းကောမစ်စီးရီး Live-Action ဇာတ်ကားနှင့်ပတ်သက်၍ ဖြစ်ပေါ်တိုးတက်မှု နောက်ဆုံးသတင်းကို မေ ၃ ရက်တွင် ဖော်ထုတ်ပြောဆိုခဲ့သည်။
ဂျော်ဒန်က သူ၏ ကျော်ကြားသည့် ကောမစ်စီးရီးကို လာမည့် Live-Action ဇာတ်ကားအဖြစ် ပြောင်းလဲခြင်းနှင့်ပတ်သက်၍ ပရိသတ်များကို သတင်းမျှဝေခဲ့ခြင်း ဖြစ်သည်။
ဂျော်ဒန်က CBR သတင်းဌာနသို့ ပြောကြားရာတွင် “ဇာတ်ညွှန်းမှာ ပြန်ပြင်စရာတချို့ကို ကျွန်တော် လုပ်နေဆဲဖြစ်ပေမဲ့ အပြီးသတ်လုနီးပါးဖြစ်ပြီး အပြစ်အနာအဆာတွေက အသေးအဖွဲလေးတွေပါ။ ကျွန်တော်တို့ ဒါရိုက်တာတစ်ဦးနဲ့ ပြောဆိုဆွေးနွေးခဲ့ပြီး ဒီပရောဂျက်က ကောင်းကောင်းမွန်မွန် ရှေ့ဆက်နေဆဲပါ။ စိတ်မကောင်းစရာကတော့ ကျွန်တော့်အနေနဲ့ လူသိရှင်ကြား ပြောပြစရာ ဒါပဲ ရှိသေးတာပါ။ ဒါပေမဲ့ ကျွန်တော် ပျော်ပါတယ်” ဟု ဆိုသည်။
The Strange Talent of Luther Strode သည် ၂၀၁၁ ခုနှစ်တွင် ပွဲဦးထွက်ခဲ့ရာ ကာတွန်းရုပ်ပြအဖြစ် ထုတ်ဝေခဲ့ခြင်းဖြစ်သည်။
ယင်းစီးရီးကို ဂျက်စတင်ဂျော်ဒန်နှင့် ထရက်မိုးတို့က ပူးတွဲဖန်တီးခဲ့ပြီး အရောင်များနှင့် ပတ်သက်၍ ဖိလစ်ပီဆိုဘရီယာရိုက ဖြည့်စွက်ပေးခဲ့ခြင်းဖြစ်သည်။
ယင်းစီးရီးသည် သာမန်ဇာတ်ကောင် Luther Strode ကို ဗဟိုပြုထားပြီး Luther Strode သည် စူပါလူသားအရည်အသွေးများ ရရှိသွားသော်လည်း ကိုယ်ကျင့်တရား ချည်းသက်သက်ကို အတိအကျလိုက်နာခြင်း မရှိပေ။
ဂျော်ဒန်နှင့် မိုးတို့သည် အခြားစီးရီးနှစ်ခုကိုလည်း ပူးတွဲဖန်တီးခဲ့ရာ ယင်းတို့မှာ The Legend of Luther Strode (၂၀၁၂) နှင့် The Legacy of Luther Strode (၂၀၁၅) တို့ ဖြစ်ကြသည်။
၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတွင် ဂျော်ဒန်နှင့် မိုးတို့သည် ၎င်းတို့၏ ကောမစ်စီးရီးကို Live-Action ဇာတ်ကားအဖြစ် ပြောင်းလဲထုတ်လုပ်တော့မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
“Luther Strode ဟာ ကျွန်တော် လုပ်ခဲ့ဖူးသမျှထဲ ကျွန်တော် အကြိုက်ဆုံးတစ်ခု ဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားအဖြစ် ပရိသတ်အသစ်တစ်ရပ်ရဖို့ အခွင့်အရေးရှိခြင်းဟာ ယုံကြည်ချက်ကို ကျော်လွန်ပြီးကို စိတ်လှုပ်ရှားစရာ ကောင်းတာပါ” ဟု ဂျော်ဒန်က ပြောကြားခဲ့သည်။
Live-Action ဇာတ်ကားကို ထုတ်လုပ်တော့မည်ဖြစ်ကြောင်း ကြေညာသည့်အချိန်တွင် ရုပ်ပြကာတွန်းထုတ်ဝေသူနှင့် ဖန်တီးရေးအရာရှိချုပ် အဲရစ်စတီဖင်ဆင်က “Luther Strode ဟာ အနိုင်မခံအရှုံးမပေး ယုံကြည်မှုနဲ့အတူ စာမျက်နှာတိုင်း လက်တွေ့ကျကျ တုန်ခါနေတယ်လို့ အသစ်ရောက်လာသူတွေ စိတ်လှုပ်ရှားပြီး မှတ်ချက်ပြုရတဲ့ လက်ရာ ... ထုတ်ဝေသူတိုင်းရဲ့ အိပ်မက်ပါ” ဟု ပြောကြားခဲ့သည်။
-
တစ်လအတွင်း ထိုင်းနိုင်ငံမှ တန်ဖိုးဒေါ်လာ သုည ဒသမ ၂၈ သန်းကျော်ရှိသည့် ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ ကျော် တင်သွင်း
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်