Top News

မေလအတွင်း NCT Dream ၊ OhMyGirl ၊ Oneus ၊ Taemin တို့၏ တေးအယ်လ်ဘမ်သစ်များ ထွက်ရှိမည်
24htopnews | June 7, 2024 4:13 PM CST

နာမည်ကျော် တောင်ကိုရီးယားအဆိုတော်အဖွဲ့များဖြစ်သည့် NCT Dream ၊ BTS ၊ Oh My Girl ၊ Tomorrow X Together ၊ Highlights ၊ Oneus ၊ WJSN the Black ၊ Tri.be အပါအဝင် SHINee အဖွဲ့ဝင် Taemin ၏ တေးအယ်လ်ဘမ်သစ်များ မေလအတွင်း ထွက်ရှိရန် ရှိကြောင်း သိရသည်။

နှုတ်ခမ်းနီမလေးများ အသဲစွဲ NCT Dream အဖွဲ့သည် ၎င်းတို့၏ ပထမဆုံးတေး အယ်လ်ဘမ်သစ် Hot Sauce ကို မေ ၁၀ ရက်တွင် ဖြန့်ချိမည်ဖြစ်သည်။ NCT Dream ၏ပရိသတ်များ မျှော်လင့်စောင့်စားနေကြသည့် ယင်းအယ်လ်ဘမ်အခွေကို ကြိုတင်မှာ ယူထားမှုပေါင်း တစ်သန်းကျော်အထိ စံချိန်တင်ထားသည်။

ဂီတစင်မြင့်ထက်တွင် နှစ်ပေါင်းများစွာ မတွေ့ခဲ့ရသည့် အမျိုးသားအဆိုတော်အဖွဲ့ Highlight သည် မေ ၃ ရက်တွင် အဖွဲ့၏မီနီတေးအယ်လ်ဘမ် The Blowing ကို မေ ၃ ရက်တွင် ဖြန့်ချိမည်ဖြစ်ကာ ယင်းအယ်လ် ဘမ်တွင် ပါဝင်သော တေးသီချင်းတစ်ပုဒ် ဖြစ်သည့် Not The End ကို YouTube တွင် ထုတ်လွှင့်ပေးထားသည်။

နာမည်ကြီး တောင်ကိုရီးယားအမျိုးသမီးအဆိုတော်အဖွဲ့ OhMyGirl ကလည်း မေ ၁၀ ရက်တွင် အဖွဲ့၏ အဋ္ဌမမြောက်မီနီ တေးအယ်လ်ဘမ် Dear OhMyGirl ကို ဖြန့်ချိမည်ဖြစ်သည်။

SHINee အဖွဲ့ဝင် Taemin သည် မေ ၃၁ ရက်တွင် စတင်၍ စစ်မှုထမ်းဆောင်ရမည့်သူများထဲတွင် ပါဝင်နေပြီး စစ်မှုမထမ်းဆောင်မီ မေ ၁၈ ရက်တွင် ၎င်း၏တတိယမြောက် EP အယ်လ်ဘမ် Advice ကို ဖြန့်ချိမည်ဖြစ်သည်။

BTS အဖွဲ့က မေ ၁၁ ရက်တွင် Butter တေးသီချင်းကို ထုတ်လွှင့်မည်ဖြစ်သည်။ Oneus အဖွဲ့သည် မေ ၁၁ ရက်တွင် အဖွဲ့၏ ပဥ္စမမြောက် EP အယ်လ်ဘမ် Binary Code ကို ဖြန့်ချိမည်ဖြစ်ကာ ယင်းအယ်လ်ဘမ်တွင် ပါဝင်မည့် Black Mirror တေး သီချင်းပြကွက်အတိုကို ထုတ်လွှင့်ပေးထားသည်။


READ NEXT
Cancel OK