အငှားကိုယ်ဝန်ဆောင်ခိုင်းမှု၊ ကလေးနှစ်ဦးကို အမေရိကန်တွင် စွန့်ပစ်ထားမှုကိစ္စဖြင့် ပြစ်တင်ဝေဖန်ခံခဲ့ရသော တရုတ်မင်းသမီး Zhen Shaung သည် ရုပ်သံအစီအစဉ်တစ်ခု ရိုက်ကူးမှုအတွက် အခကြေးငွေ ယွမ်သန်း ၁၆၀ (ဒေါ်လာ ၂၄.၆ သန်း) ရယူခဲ့မှုဖြင့် ထပ်မံဝေဖန်ခံနေရခြင်းနှင့်အတူ ယင်းဖြစ်ရပ်သည် တရုတ်နိုင်ငံ၌ ဆင်းရဲ၊ ချမ်းသာကွာဟမှုအပေါ် အကြိတ်အနယ်ငြင်းခုံဆွေးနွေးမှုကို တစ်ကျော့ပြန်လည် ဖြစ်ပွားစေခဲ့သည်။
ထုတ်လွှင့်ပြသတော့မည့် A Chinese Ghost Story ဒရာမာ ဇာတ်လမ်းတွဲတွင် ပါဝင်မှုအတွက် သရုပ်ဆောင်ကြေးကိစ္စနှင့် စပ်လျဉ်း၍ အွန်လိုင်းတွင် အပြန်အလှန် စာပို့ရေးသားထားသည့်ပုံကို Zhen Shaung ၏လက်တွဲဖော်ဟောင်းဖြစ်သူ Zhang Heng က Weibo ပေါ်တွင် ဖွင့်ချခဲ့ပြီး Shaung သည် ၎င်းအိမ်တွင် မွေးမြူထားသော အိမ်မွေးခွေး နေမကောင်းဖြစ်နေချိန်က ထိုခွေးကိုစွန့်ပစ်ရန် ကြိုးပမ်းခဲ့ဖူးကြောင်းလည်း Zhang Heng က ပြောကြားခဲ့သည်။
အခွန်တိမ်းရှောင်ရန်နှင့် သရုပ်ဆောင်ကြေးပမာဏကို မမှန်မကန်ဖော်ပြရန် စာချုပ်အတုများ Zhen Shaung လုပ်ဆောင်ခဲ့ခြင်းရှိ၊ မရှိကို စုံစမ်းစစ်ဆေးနေကြောင်း ရှန်ဟိုင်းအကောက်ခွန်ဌာနနှင့် ပေကျင်းရေဒီယို၊ အသံလွှင့်ဌာနက ထုတ်ပြန်ထားသည်။
Love 0 2 0 ဇာတ်လမ်းတွဲဖြင့် အောင်မြင်ကျော်ကြားလာခဲ့သည့် Shaung သည် Zhang Heng နှင့် အငှားကိုယ်ဝန်ဖြင့် ကလေးနှစ်ဦးယူခဲ့ပြီး လက်ရှိတွင် ထိုကလေးနှစ်ဦးကို Zhang Heng က ပြုစုစောင့်ရှောက်နေကြောင်း သိရသည်။
-
တစ်လအတွင်း ထိုင်းနိုင်ငံမှ တန်ဖိုးဒေါ်လာ သုည ဒသမ ၂၈ သန်းကျော်ရှိသည့် ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ ကျော် တင်သွင်း
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်