တရုတ်ဒရာမာဇာတ်လမ်းတွဲ Word of Honor ကို Youtube တွင် ကြည်ရှုသူ သန်း ၅၀ ကျော်ရှိခဲ့ပြီး ၂၀၂၁ ခုနှစ် ပထမသုံးလပတ်ကာလအတွင်း နိုင်ငံတကာမှ ရုပ်ရှင်ချစ်ပရိသတ်များ ကြည့်ရှုမှုများခဲ့သော တရုတ်ဇာတ်လမ်းတွဲဖြစ်ခဲ့သည်။
A Tale of the Wanderers ဟု အသိများသည့် Word of Honor ဇာတ်လမ်းတွဲကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်တွင် တရုတ်ရုပ်သံကွန်ရက် Youku ၌ စတင်ထုတ်လွှင့်ပြသခဲ့ပြီး မတ် ၂၃ ရက်တွင် ဇာတ်သိမ်းပိုင်းကို ထုတ်လွှင့်ပြသခဲ့ခြင်းဖြစ်သည်။
ယင်းဇာတ်လမ်းတွဲကို ဖေဖော်ဝါရီ ၂၃ ရက်တွင် Youtube ၌ စတင်ထုတ်လွှင့်ခဲ့ရာ ဇာတ်လမ်းတွဲ အပိုင်းအားလုံးကို ကြည့်ရှုသူ သန်း ၅၀ ကျော်ရှိခဲ့ပြီး ဇာတ်လမ်းတွဲ၏ ပထမပိုင်းကို ကြည့်ရှုသူ ၅.၆ သန်းကျော်ရှိခဲ့ကြောင်း သိရသည်။
လျှို့ဝှက်ဆန်းကြယ် သမိုင်းနောက်ခံ ဇာတ်လမ်းတွဲ Word of Honor ကို ဒါရိုက်တာ Cheng Zichao နှင့် Ma Huagan တို့က ရိုက်ကူးထားခြင်းဖြစ်ပြီး မင်းသား Zhang Zheha နှင့် Gong Jun အပါအဝင် သရုပ်ဆောင်အများအပြား ပါဝင်အားဖြည့်ထားသည်။
အပိုင်း (၃၆) ပိုင်း ပါဝင်သော Word of Honor ဇာတ်လမ်းတွဲသည် စာရေးဆရာမ Priest ၏ Tian Ya Ke ဝတ္တုကို အခြေခံရိုက်ကူးထားခြင်းဖြစ်ကာ ရိုက်ကွင်းနောက်ခံကို တရုတ်နန်းတွင်း အပြင်အဆင်များဖြင့် လှပခံ့ညားစွာ ပြင်ဆင်ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။
မင်းမျိုးမင်းနွယ်များအတွက် သက်တော်စောင့်အဖြစ် အမှုထမ်းပေးရသည့် သက်တော်စောင့်အဖွဲ့တစ်ဖွဲ့မှ ခေါင်းဆောင်ဖြစ်သူ Zhou Zishu သည် သက်တော်စောင့်အကြီးအကဲအလုပ်မှ နုတ်ထွက်ခဲ့ပြီးနောက် သိုင်းလောကအတွင်း လျှို့ဝှက်ပူးပေါင်းကြံစည်မှုနှင့် မဆီမဆိုင် ပတ်သက်ဆက်နွှယ်မိခဲ့သည်။ ကောင်လေးတစ်ဦးကို ကယ်တင်မိရာမှ မမျှော်လင့်ဘဲ လျှို့ဝှက်ကြံစည်မှုအတွင်း ပါဝင်မိခဲ့သည့် Zhou Zishu သည် အနေအထိုင်လျှို့ဝှက်သိုသိပ်သော သိုင်းပညာရှင် Wen Kexing နှင့် တွေ့ဆုံမိခဲ့သည်။
Wen Kexing သည် ၎င်း၏မိဘများ အသတ်ခံရမှုအတွက် လက်စားချေရန် တရားခံများအား ပိုက်စိပ်တိုက်ရှာဖွေနေသူ ဖြစ်သည်။ Zhou Zishu နှင့် Wen Kexing တို့နှစ်ဦး သူငယ်ချင်းများဖြစ်လာခဲ့ကြပြီး နောက်ပိုင်း သိုင်းလောကအတွင်း အမြင့်ဆုံးတိုက်ခိုက်ရေးစွမ်းအားကို ပေးနိုင်သော ဒဏ္ဍာရီလာ ရတနာတစ်ပါးကို နှစ်ဦးသားအတူစွန့်စားရှာဖွေကြရာမှ တွေ့ကြုံရင်ဆိုင်လာရသည့် အဖြစ်အပျက်များကို Word of Honor ဇာတ်လမ်းတွဲတွင် စိတ်ဝင်စားဖွယ် ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်သည်။
ထိုဇာတ်လမ်းတွဲကို စတင်ထုတ်လွှင့်ခဲ့ ချိန်နှင့် ထုတ်လွှင့်ပြီးချိန်တို့၌ နိုင်ငံတကာမှ ရုပ်ရှင်ချစ်ပရိသတ်များ၏ အားပေးထောက်ခံမှုကို ရရှိခဲ့ကာ အများအားဖြင့် ထိုင်း၊ အမေရိကန်၊ အင်ဒိုနီးရှားမှ ပရိသတ်အများအပြားက လူမှုမီဒီယာများထက်တွင် ယင်းဇာတ်လမ်းတွဲနှင့်ပတ်သက်၍ အကောင်းမြင်မှတ်ချက်များ ပေးခဲ့ကြသည်။
-
တစ်လအတွင်း ထိုင်းနိုင်ငံမှ တန်ဖိုးဒေါ်လာ သုည ဒသမ ၂၈ သန်းကျော်ရှိသည့် ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ ကျော် တင်သွင်း
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်