Miss USA အလှမယ်ဟောင်း ချက်စလီခရစ္စသည် ဇန်နဝါရီ ၃၀ ရက် နံနက်ပိုင်းက နယူးယောက်မြို့ရှိ အထပ်မြင့်တိုက် တစ်ခုပေါ်မှ ခုန်ချကာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့သည်။ သူ မသေဆုံးမီ နာရီ ပိုင်းအလိုက “ဒီနေ့လေးမှာ သင်အေးချမ်းပါစေ”ဆိုသည့် စာအား လူမှုမီဒီယာတွင် နောက်ဆုံး ရေးတင်သွား ခဲ့သည်။
အသက် ၃၀ သာ ရှိသေးသည့် ချက်စလီခရစ္စသည် ရှေ့နေတစ်ဦးဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် Miss USA Winner ဆုကို ဆွတ်ခူးကာ ထိုနှစ်အတွက် Miss Universe ပြိုင်ပွဲကို အမေရိကန်ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သည်။ ထို့နောက် အနုပညာအစီအစဉ်များ တင်ဆက်ရာ Extra တွင် သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သည်။
မန်ဟတ်တန် အနောက် ၄၂ လမ်းပေါ်ရှိ အထပ် ၆၀ အမြင့်ရှိ မိုးမျှော်တိုက် ကိုးထပ်တွင် သူ နေထိုင်ရာ တိုက်ခန်းရှိပြီး ထိုနေ့ နံနက် ၇ နာရီ ၁၅ မိနစ်ဝန်းကျင်က ၂၉ ထပ် မှ ခုန်ချကာ သေဆုံးသွားခြင်းဖြစ်ကာ သူ၏ အလောင်းကို နှင်းများ ဖုံးနေသည့် လူသွား လမ်းပေါ်တွင် တွေ့ခဲ့ကြသည်။
ရဲများက တိုက်ခန်းအတွင်း စာတိုတစ် စောင်ရှာတွေ့ခဲ့ပြီး စာထဲတွင် မိခင်ဖြစ်သူထံ အရာအားလုံး အပ်နှံထားခဲ့ချင်သည်ဟု ဖော်ပြထားပြီး အသေးစိတ်ရေးမထားခဲ့ပေ။
ချက်စလီခရစ္စကို မီရှီဂန်ပြည်နယ် ဂျက်ဆင်မြို့တွင် လူဖြူ ပိုလန်-အမေရိကန်ဖခင် နှင့် လူမည်းမိခင်တို့မှ မွေးဖွားခဲ့ပြီး သူသည် တောင်ကယ်ရိုလိုင်းနားတက္ကသိုလ်မှ ဘွဲ့ရခဲ့သည်။ ထို့နောက်ရှေ့နေဘွဲ့ရရန် ဆက်ကြိုး စားခဲ့ပြီး အကျဉ်းသားများ ပြစ်ဒဏ်လျော့ရေး အခမဲ့ရှေ့နေလိုက်ပေးခဲ့သူလည်းဖြစ်သည်။
အမေရိက၏ တရားရေးစနစ်ကို ပြုပြင်ပြောင်းလဲရန်ကြိုးစားခဲ့သူ ခရစ္စသည် MBA ဘွဲ့လည်း ရထားပြီး တက္ကသိုလ်နှစ်ခုမှ ဘွဲ့ သုံးခု ရယူထားသည်။
ထူးထူးခြားခြား ချက်စလီခရစ္စ သရဖူ ဆွတ်ခူးသည့်နှစ်မှာပင် Miss USA၊ Miss Teen USA နှင့် Miss America ပြိုင်ပွဲများတွင် Winner ဆုရှင်များက လူမည်အမျိုးသမီးများ ဖြစ်နေသည်။ ထိုတိုက်ဆိုင်မှုသည် ပထမဆုံးအကြိမ်လည်း ဖြစ်သည်။ ရှေ့နေ အလုပ်အပြင် ခရစ္စသည် ဖက်ရှင်ဘလော့ဂါလည်း လုပ်ပြီး White Collar Glam ဆိုသည့် ဖက်ရှင်ဘလော့တစ်ခု တည်ထောင်ထားသည်။
ဇန်နဝါရီ ၃၀ ရက်တွင် အခြားသော 2019 Miss USA ပြိုင်ပွဲဝင်များက သူတို့၏ စံပြမော်ဒယ်၊ ညီအစ်မအဖြစ် ချက်စလီ ခရစ္စကို ဂုဏ်ပြုကာ အင်စတာဂရမ်ပို့စ်များတွင် ဝမ်းနည်းမှုများ ထုတ်ဖော်ထားသည်။
Miss Universe နှင့် Miss USA အဖွဲ့အစည်းများကလည်း ချက်စလီခရစ္စ ကွယ်လွန်မှုအတွက် စိတ်မကောင်းဝမ်းနည်းရကြောင်း ဖော်ပြချက်နှင့်အတူ စိတ်ကျန်းမာရေးပြဿနာတစ်စုံတစ်ရာ ခံစားနေရပါက ဆက်သွယ်အကူအညီတောင်းခံကြရန် ဖုန်းနံပါတ်တစ်ခုနှင့် ဝက်ဘ်ဆိုက်လိပ်စာတစ်ခုကို လူမှုမီဒီယာတွင် ဖော်ပြထားသည်။
-
တစ်လအတွင်း ထိုင်းနိုင်ငံမှ တန်ဖိုးဒေါ်လာ သုည ဒသမ ၂၈ သန်းကျော်ရှိသည့် ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ ကျော် တင်သွင်း
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်