၂၀၂၂ ခုနှစ် ရွှေကမ္ဘာလုံးဆုပေးပွဲတွင် ရုပ်သံကဏ္ဍအတွက် အကောင်းဆုံး ဇာတ်ပို့မင်းသားဆုကို တောင်ကိုရီးယားသရုပ်ဆောင် O Yeong Su က Squid Game ဇာတ်လမ်းတွဲဖြင့် ရရှိခဲ့သည်။
ရွှေကမ္ဘာလုံးဆုပေးပွဲသည် အော်စကာဆုပေးပွဲမှလွဲလျှင် အမြင့်ဆုံးဆုပေးပွဲဖြစ်ပြီး ရွေးချယ်ဆုံးဖြတ်မည့်သူများထဲ လူမျိုးစုံမပါဝင်သည့် အငြင်းပွားစရာအချက်ကြောင့် ရုပ်သံ NBC က ဆုပေးပွဲ ထုတ်လွှင့်မည့်အစီအစဉ်ကို ရုပ်သိမ်းခဲ့ကာ ယခုနှစ် ၇၉ ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲကို အမေရိကန်ပြည်ထောင်စုတွင် ဇန်နဝါရီ ၉ ရက်က တိုက်ရိုက်မပြသတော့ဘဲ သိုသိပ်စွာပင် ကျင်းပလိုက်သည်။
၂၀၂၁ ခုနှစ်အတွင်း ရုပ်ရှင်ဇာတ်ကားနှင့် ရုပ်သံနယ်ပယ်မှ အကောင်းဆုံးဇာတ်ကား၊ သရုပ်ဆောင်များကိုသည့် ဂုဏ်ပြုချီးမြှင့်သည့် အဆိုပါဆုပေးပွဲအခမ်းအနားတွင် O Yeong Su က အကောင်းဆုံးဇာတ်ပို့မင်းသားဆုကို ဆွတ်ခူးကာ ရွှေကမ္ဘာလုံးဆုပေးပွဲသမိုင်းတစ်လျှောက် ပထမဆုံး ရွှေကမ္ဘာလုံးဆုရ ကိုရီးယားသရုပ်ဆောင် ဖြစ်သွားသည်။
West Side Story ဇာတ်ကားက အကောင်းဆုံးဇာတ်မြူးရုပ်ရှင်ဆုရပြီး ဝေါ့တ်ဒစ္စနေက ဖြန့်ချိသည့် အဆိုပါဇာတ်ကားက ဇာတ်မြူးပိုင်းအကောင်းဆုံးဇာတ်ဆောင် မင်းသမီးဆုအပါအဝင် ဆုသုံးဆု ဆွတ်ခူးသွားခဲ့သည်။
Netflix မှပြသသည့် The Power of the Dog ဇာတ်ကားကလည်း ဒါရိုက်တာ ဂျိန်းကမ်ပီယံကို အကောင်းဆုံးဒါရိုက်တာဆု၊ အကောင်းဆုံး ဒရာမာဇာတ်ကားဆုအပါအဝင် ဆုသုံးဆု ရယူပေးခဲ့သည်။
အကောင်းဆုံးနိုင်ငံခြားဘာသာစကား ဇာတ်ကားဆုကို ဂျပန်ရုပ်ရှင် Drive My Car က ရရှိပြီး ဒရာမာဇာတ်ကားပိုင်း အကောင်းဆုံးဇာတ်ဆောင်မင်းသားဆုကို အမေရိကန်တင်းနစ်အကျော်အမော် ဆရီနာဝီလျံတို့ ညီအစ်မနှစ်ဦး၏ ဖခင်အကြောင်း ရိုက်ထားသည့် King Richard ဇာတ်ကားမှ ဝယ်လ်စမစ်၊ အကောင်းဆုံးဇာတ်ဆောင် မင်းသမီးဆုကို Being the Ricardos ဇာတ်ကားမှ နစ်ကိုးကစ်ဒ်မန်း၊ မူရင်းတေးသီချင်းဆုကို နောက်ဆုံးထွက်ဂျိမ်းစ်ဘွန်းရုပ်ရှင်အတွက် ဘီလီအိုင်းလစ်ရှ်သီဆိုထားသည့် No Time To Die သီချင်း ၊ အကောင်းဆုံးအန် နီမေးရှင်းဇာတ်ကားဆုကို Encanto၊ အကောင်းဆုံး ဒရာမာရုပ်သံဇာတ်လမ်းတွဲဆုကို Succession က အသီးသီးရခဲ့သည်။
-
တစ်လအတွင်း ထိုင်းနိုင်ငံမှ တန်ဖိုးဒေါ်လာ သုည ဒသမ ၂၈ သန်းကျော်ရှိသည့် ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ ကျော် တင်သွင်း
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်