Top News

စုံထောက်ဇာတ်ကားသစ်တွင် Bae Doo Na ပါဝင်ရိုက်ကူးမည်
24htopnews | June 6, 2024 11:12 AM CST

တောင်ကိုရီးယားဒါရိုက်တာ July Jung ရိုက်ကူးမည့် The Next Sohee အမည်ရှိ စုံထောက်ဇာတ်ကားသစ်တွင် မင်းသမီး Bae Doo Na ပါဝင်သွားမည်ဖြစ်ပြီး ရိုက်ကူးမှုလည်း စတင်နေပြီဖြစ်သည်။

ဇာတ်လမ်းက call center တစ်ခုကို ကွင်းဆင်းသွားရောက်သည့် ဆိုဟီးဆိုသည့် အထက်တန်းကျောင်းသူတစ်ဦးနှင့် သူမကို သံသယဝင်မိသည့် ယူဂျင်းဆိုသည့် မိန်းကလေးစုံထောက်အကြောင်းတို့ဖြစ်သည်။

ထိုဇာတ်လမ်းတွင် Bae Doo Na က  ယူဂျင်းနေရာမှ သရုပ်ဆောင်မည်ဖြစ်ကာ  ဆိုဟီးဇာတ်ကောင်ကို မည်သူသရုပ်ဆောင်မည် မသိရသေးပေ။

ဆုရရုပ်ရှင် A Girl at My Door တွင် ဆုံပြီးနောက်  ရှစ်နှစ်အကြာ Bae Doo Na နှင့်ဒါရိုက်တာ July Jung တို့ပြန်လက်တွဲကြခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၆ ရက်တွင် စတင်ရိုက်ကူးနေပြီဖြစ်ကာ ပြသမည့်ရက်ကို မဆုံးဖြတ်ရသေးပေ။ Netflix မှပြသည့် The Silent Sea စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းတွဲတွင်လည်း  သူမပါဝင်ထားပြီး Zombie ဇာတ်လမ်းတွဲသစ် Kingdom တွင်လည်း ပြန်ပါလာဖွယ်ရှိသည်။


READ NEXT
Cancel OK