ဂီတထူးချွန်ဆုပေးပွဲဖြစ်သည့် ဂရမ်မီဆုပေးပွဲကို အိုမီခရွန်ကြောင့် ရက်အကန့်သတ်မရှိ ရွှေ့ဆိုင်းထားရာမှ လတ်ဗီးဂတ်စ်တွင် ဧပြီ ၃ ရက်၌ ကျင်းပသွားမည်ဟု CBS ကကြေညာထားသည်။ ဂရမ်မီဆုပေးပွဲကို နဂိုက ဇန်နဝါရီ ၃၁ ရက်တွင် LA ၌ ကျင်းပရန် လျာထားခြင်းဖြစ်သည်။
ယခုနှစ်အခမ်းအနားတွင် လူရွှင်တော် ထရက်ဗာနိုဝါက အစီအစဉ်မှူးအဖြစ်ဆောင်ရွက်မည်ဖြစ်ပြီး MGM Grand Garden ပွဲရုံမှ ကျင်းပမှုများကို တိုက်ရိုက်ထုတ်လွှင့်ပြသရန် စီစဉ်ထားသည်။
၂၀၂၁ ဂရမ်မီဆုပေးပွဲတုန်းကလည်း ကိုဗစ်ကပ်ရောဂါကြောင့် ၎င်းနှစ်ဇန်နဝါရီတွင် ကျင်းပမည့်အစား မတ်မှကျင်းပဖြစ်ခဲ့ပြီး အစီအစဉ်အားလုံးက တိုက်ရိုက်ချည်းမဟုတ်ဘဲ ကြိုတင်ရိုက်ကူးခဲ့သည်များလည်း ရှိခဲ့သည်။၂၀၂၂ ပွဲအတွက်မူ ကျင်းပမည့်နေရာနှင့် နေ့ရက်မှလွဲပြီး အသေးစိတ်မကြေညာသေးပေ။
ဆန်ခါတင်စာရင်းကိုမူ မနှစ်က နိုဝင်ဘာတွင် ကြေညာထားပြီးဖြစ်ပြီး အသက် ၁၈ နှစ်အရွယ် အမေရိကန်လူငယ်အဆိုတော် အိုလီဗီယာရော့ဒရီဂိုက Drivers License အချစ်သီချင်းဖြင့် အကောင်းဆုံးတေး အယ်လ်ဘမ်ဆု၊ အကောင်းဆုံးမျက်နှာသစ် အဆိုတော်ဆု၊ တစ်နှစ်တာအကောင်းဆုံး သီချင်းဆုအပါ အဓိကဆုလေးဆုအတွက် လျာထားခံရသည်။
အကောင်းဆုံးမျက်နှာသစ်အဆိုတော်ဆုမှအပ ကျန်သုံးဆုကို အမေရိကန်အဆိုတော် ဘီလီအိုင်းလစ်ရှ်၊ လီနက်စ်အိတ်စ်တို့လည်း လျာထားခံရပြီး Record of the Year ဆုအတွက် ဆွီဒင်တေးဂီတအဖွဲ့ Abba က ပထမဆုံးဂရမ်မီဆု အဆိုပြုခံရသည်။
တေလာဆွစ်ဖ်ကလည်း Evermore ဖြင့် တစ်နှစ်တာအကောင်းဆုံးအယ်လ်ဘမ်ဆု၊ အက်ရှီရန်က Bad Habits သီချင်းဖြင့် တစ်နှစ်တာအကောင်းဆုံးသီချင်းဆုအတွက် ဆန်ခါတင်ပါဝင်ထားကာ ဂျက်စတင်ဘီဘာ၊ ဒိုဂျာကတ်နှင့် H.E.R တို့က ဆုရှစ်ဆုအတွက် လျာထားခံရပြီး ဘီလီအိုင်းလစ်ရှ်နှင့် အိုလီဗီယာတို့က ဆုခုနစ်ဆုစီအတွက် လျာထားခံရသည်။
-
တစ်လအတွင်း ထိုင်းနိုင်ငံမှ တန်ဖိုးဒေါ်လာ သုည ဒသမ ၂၈ သန်းကျော်ရှိသည့် ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ ကျော် တင်သွင်း
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်