Chanel ရေမွှေးကြော်ငြာမင်းသားအဖြစ်လူသိများသည့် ပြင်သစ်ရုပ်ရှင်မင်းသား ဂတ်စ်ပတ်ယူလီယယ်သည် Apls တောင်တန်းဒေသတွင် နှင်းလျှောစီးရင်း မတော်တဆမှုဖြင့် ကွယ်လွန်သွားပြီဖြစ်သည်။
အသက် ၃၇ နှစ်သာရှိသေးသည့် ဂတ်စ်ပတ်သည် မတ်တွင် Disney+ မှပြသတော့မည့် မာဗယ်ရုပ်သံဇာတ်လမ်းတွဲ Moon Knight တွင်ပါဝင်ထားပြီး ဇာတ်လမ်းအမြည်းထွက်လာပြီးနောက်တစ်ရက်မှာပင် သေဆုံးသွားခြင်းဖြစ်သည်။ သူသည် It’s Only the End of the World ဒရာမာ ရုပ်ရှင်ဇာတ်ကားဖြင့် ၂၀၁၇ ခုနှစ်တွင် အကောင်းဆုံးဇာတ်ဆောင်မင်းသားဆု Cesar ဆု (ပြင်သစ်အော်စကာဆု) ရရှိပြီး ပထမကမ္ဘာစစ်ရုပ်ရှင်ဖြစ်သည့် A Very Long Engagement ဇာတ်ကားဖြင့်လည်း ၂၀၀၅ ခုနှစ်တွင် အလားအလာအကောင်းဆုံး မင်းသားဆုအတွက် Cesar ဆု ချီးမြှင့်ခံရသည်။
၂၀၀၇ ခုနှစ်က Hannigal Rising သည်းထိတ်ရင်ဖိုဇာတ်ကားတွင် လူသတ်ကောင်အဖြစ်သူ၏ သရုပ်ဆောင်ချက်များသည် ဂတ်စ်ပတ်ကို နိုင်ငံတကာကသိစေခဲ့ပြီး ပြင်သစ်ဖက်ရှင်ဒီဇိုင်နာ Yves Saint Laurent အကြောင်း ရိုက်ကူးသည့် Saint Laurent ဇာတ်ကားတွင်လည်း သူ့ကို လူသိများခဲ့သည်။
ဂတ်စ်ပတ်သည် ဇန်နဝါရီ ၁၈ ရက်က နှင်းလျှောစီးရင်း အခြားနှင်းလျှောစီးသမားတစ်ဦးနှင့် တိုက်မိကာ ဦးနှောက်ထိခိုက်မှုပြင်းထန်စွာဖြစ်ပြီး ရဟတ်ယာဉ်ဖြင့်ဆေးရုံပို့သော်လည်း နောက်တစ်နေ့တွင် ကွယ်လွန်သွားသည်။ သူနှင့်တိုက်မိသည့်သူက ဆေးရုံမရောက်ခဲ့ပေ။
သူသေဆုံးမှုနှင့်ပတ်သက်ပြီး ပြင်သစ်ဘဏ္ဍာရေးဝန်ကြီးက ပြင်သစ်ရုပ်ရှင်လောကအတွက် အရည်အချင်းလုံ့လအပြည့်ရှိသူတစ်ဦး ဆုံးရှုံးလိုက်ရပြီဟု တွစ်တာတွင် မှတ်ချက်ပေးထားသည်။ ဂတ်စ်ပတ်သည် ငယ်စဉ်ကလေးဘဝက ခွေးကိုက်ခံရသည့်ဒဏ်ရာကြောင့် ပါးတွင်အမာရွတ်ရှိပြီး ထိုအမာရွတ်ကပါးချိုင့်နှင့်တူသည့်အတွက် သူ့အသက်မွေးအလုပ်ကို တစ်မျိုးတစ်ဖုံအထောက်အကူပြုသည်ဟု ဂတ်စ်ပတ်က ပြောဖူးသည်။
-
တစ်လအတွင်း ထိုင်းနိုင်ငံမှ တန်ဖိုးဒေါ်လာ သုည ဒသမ ၂၈ သန်းကျော်ရှိသည့် ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ ကျော် တင်သွင်း
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်