ဗြိတိန်လူရွှင်တော် ရစ်ကီဂျဗတ်စ်က မတ်လတွင် ပြုလုပ်မည့် အော်စကာရုပ်ရှင်ထူး ချွန်ဆုပေးပွဲတွင် အစီအစဉ်မှူးနေရာမှ အခမဲ့ဆောင်ရွက်ပေးရန် ကမ်းလှမ်းထားသည်။ သို့သော် သူကြိုက်နှစ်သက်ရာကို ပြောခွင့်ပြု ရမည်ဆိုသည့် သတ်မှတ်ချက်တစ်ခုတော့ ရှိသည်။
The After Life ဖန်တီးသူ ဂျဗတ်စ်က သူ၏ပြက်လုံးများသည် အငြင်းပွားစရာ ဖြစ်လွန်းသည့်အတွက် သူ့ကို အော်စကာအစီအစဉ်မှူးနေရာအတွက် ကမ်းလှမ်းလာမည်ဟု မထင်ကြောင်း ဝန်ခံထားသည်။
သို့သော်လည်း သူ၏ကမ်းလှမ်းမှုကို အော်စကာပွဲစီစဉ်သူများက လက်ခံပြီး ရွှေကမ္ဘာလုံးဆုပေးပွဲတွင် သူ့ကိုပေးသည့် လွတ်လပ်ခွင့်အတိုင်း သူ့စိတ်ကြိုက်ပြောခွင့် ပေးမည်ဆိုလျှင် သူကလည်း အခွင့်အရေးကို လက်လွတ်မခံဟု ဆိုသည်။
ရွှေကမ္ဘာလုံးဆုပေးပွဲ၏ ကျေနပ်စရာ အကောင်းဆုံးအချက်က သူ့စိတ်ကြိုက်ဟာသများ ရေးခွင့်ပြောခွင့်ပြုခဲ့ခြင်းဟုလည်း ရစ်ကီ ဂျဗတ်စ်က The View ရုပ်သံအစီအစဉ်သို့ ပြောသည်။
၂၀၁၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ယခုနှစ်အော်စကာဆုပေးပွဲ အခမ်းအနားတွင် အစီအစဉ်မှူး ပြန်ပါလာမည်ဖြစ်ပြီး ကျင်းပနေကျ Dolby Theatre ဇာတ်ရုံတွင် ကျင်းပသွားမည်ဟု ABC ရုပ်သံ က ကြေညာထားသည်။
ကိုဗစ်ကူးစက်မှုများ မြင့်တက်လာသဖြင့် အခြားသော ဆုပေးပွဲများကို ရွှေ့ဆိုင်းထားသော်လည်း ရုပ်ရှင်ထူးချွန်ဆုပေးအပ်မှုများထဲ အမြင့်ဆုံးပွဲဖြစ်သည့် အော်စကာပွဲ ကို နဂိုအစီအစဉ်အတိုင်း လော့စ်အိန်ဂျလိစ်တွင် မတ်၂၇ ရက်၌ ကျင်းပသွားမည်ဖြစ်သည်။
အော်စကာဆုများကို ဆယ်လီအစီအစဉ်တင်ဆက်သူများက လက်ကမ်းပေးရလေ့ရှိသော်လည်း ၂၀၁၉၊ ၂၀၂၀ နှင့်၂၀၂၁ ခုနှစ် ပွဲများကျင်းပစဉ်က အစီအစဉ်မှူး မပါဝင်ခဲ့ပေ။ ၂၀၁၈ ပွဲကိုမူ အမေရိကန် Talk Show တင်ဆက်သူ ဂျင်မီကင်မယ်က ဆောင်ရွက်ခဲ့သည်။
Spider Man မင်းသား ဗြိတိန်သရုပ်ဆောင် တွမ်ဟော်လန်း၏ ပရိသတ်များကလည်း ၂၀၂၂ အော်စကာပွဲကို ဟော်လန်းနှင့် (သူနှင့်အသံထွက်နေသည့်) Spider Man တွဲဖက်မင်းသမီး ဇန်ဒယာတို့ကို အစီအစဉ်မှူး အဖြစ် ဆောင်ရွက်စေချင်နေကြသည်။
တွမ်ဟော်လန်းကိုယ်တိုင်ကလည်း ဆန္ဒ ရှိပုံရပြီး အကယ်၍ သူတို့ကမ်းလှမ်းလျှင် သူလက်ခံမည်ဟု The Hollywood Reporter မဂ္ဂဇင်းသို့ မနှစ်က ဒီဇင်ဘာတွင် ပြောထားသည်။
၂၀၂၁ အော်စကာပွဲကို လော့စ်အိန်ဂျ လိစ်မြို့လယ်ရှိ ယူနီယံစတေရှင်ဘူတာတွင် ကျင်းပခဲ့ပြီး ယခုနှစ်ပွဲကို ယခင်ကျင်းပနေကျ Dolby Theatre ဇာတ်ရုံတွင်သာ ကျင်းပ တော့မည်ဖြစ်သည်။
-
တစ်လအတွင်း ထိုင်းနိုင်ငံမှ တန်ဖိုးဒေါ်လာ သုည ဒသမ ၂၈ သန်းကျော်ရှိသည့် ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ ကျော် တင်သွင်း
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်