ဘောလိဝုဒ်မင်းသမီး ပရီယန်ကာချိုပရာနှင့် ခင်ပွန်း အမေရိကန်အဆိုတော် နစ်ဂျိုးနက်စ်တို့တွင် မိသားစုဝင်တစ်ဦး ထပ်တိုးလာခဲ့ပြီဖြစ်သည်။
အငှားကိုယ်ဝန်ဖြင့် ရင်သွေးလေးမွေး လိုက်ပြီဖြစ်ကြောင်း ပရီယန်ကာတို့နှစ်ဦးစလုံးက ဇန်နဝါရီ ၂၁ ရက်တွင် အင်စတာဂရမ် အကောင့်များမှတစ်ဆင့် အတည်ပြုကြေညာထားသည်။
ပရီယန်ကာက သူမသည် ကလေးအလွန်ချစ်တတ်သူဟု ဆိုထားပြီး သားသမီးယူရန်အစီအစဉ်ရှိကြောင်းလည်း ယခင်နှစ်များ ကတည်းက ပြောလေ့ရှိသည်။သူတို့စုံတွဲ သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် Umaid Bhawan နန်းတော်၌ လက်ထပ်ခဲ့သည်။ တစ်ဦး၏ ရိုးရာကို တစ်ဦးက လေးစားသောအားဖြင့် ဟိန္ဒိူနှင့် ခရစ်ယာန်အစဉ်အလာအတိုင်း လက်ထပ်ပွဲနှစ်ခု ပြုလုပ်ခဲ့သည်။
သတင်းပေးများအဆိုအရ ကလေးကို တောင်ပိုင်းကယ်လီဖိုးနီးယားဆေးရုံတစ်ရုံတွင် မွေးဖွားခဲ့ပြီး မိန်းကလေးဟု အနုပညာသတင်းဝက်ဘ်ဆိုက် TMZ က ဖော်ပြသည်။ ကလေးက ရင်သွေးဦးလေးဖြစ်ပြီး ဖခင်နစ်ဂျိုးနက်စ်က အမေရိကန်ပေါ့ပ်ဂီတအဖွဲ့ Jones Brother ညီအစ်ကိုအဖွဲ့တွင် နောက်ဆုံးမှ ရင်သွေးရလာသူဖြစ်သည်။
ကိုဗစ်ကာလ ခရီးသွားလာမှုဆိုင်ရာ ကန့်သတ်ချက်များကြောင့် ပရီယန်ကာတို့ ဇနီးမောင်နှံသည် ၂၀၂၁ ခုနှစ်အတွင်း ခွဲနေရချိန် က ပိုများခဲ့သည်။ ထိုစဉ်ကအခြေအနေသည် သူတို့နှစ်ဦးအတွက် ခက်ခဲလှသည်ဟုလည်း ပရီယန်ကာက ပြောခဲ့သည်။ ပရီယန်ကာ ဇာတ်လမ်းတွဲရိုက်ကူးရန် လန်ဒန်တွင် နေခဲ့ ရပြီး ခင်ပွန်းနစ်က အမေရိကန်တွင် ကျန်ခဲ့သည်။
အနေဝေးနေသော်လည်း သူတို့နှစ်ဦးစလုံးက သူတို့၏ ရေရှည်အလုပ်အကိုင် ရည်မှန်းထားသည်များကို နားလည်မှုရှိကြသူများ ဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး နှလုံးသားချင်း သိကြသည်။ အလုပ်အကိုင်မတူကြသည့်အတွက် တစ်ဦး၏ပရော်ဖက်ရှင်နယ်အလုပ်ကို တစ်ဦး က ဝင်မစွက်ရန်ကိုလည်း ရှင်းရှင်းလင်းလင်း နားလည်ထားကြသည်ဟု ပရီယန်ကာက ဆိုသည်။
၂၀၀၀ ခုနှစ်Miss World Winner ဆုရှင်ဖြစ်ခဲ့သည့် ပရီယန်ကာသည် ၂၀၁၅ ခုနှစ်က ABC ရုပ်သံဇာတ်လမ်းတွဲ Quantico တွင် FBI အဖွဲ့ဝင်သစ် အဲလစ်ပဲရစ်ရ်ှအဖြစ် သရုပ်ဆောင်ကာ အမေရိကန်ပရိသတ်များ အကြား စတင်ဝင်ရောက်ခဲ့သည်။
ပြီးခဲ့သည့်ရက်ပိုင်းက နစ်နှင့် ပရီယန်ကာတို့နှစ်ဦးက သူတို့ကွာရှင်းထားသည့်သတင်း ပျံ့နေသည့်အပေါ် ဖြေရှင်းလိုက်ရသေးသည်။ အလားတူကိစ္စမျိုး မနှစ်က နိုဝင်ဘာတွင်လည်း ပေါ်ပေါက်ခဲ့ပြီး ပရီယန်ကာက ဆိုရှယ်မီဒီယာအကောင့်တွင် ဂျိုးနက်စ်နာမည်ကို ဖြုတ်လိုက်သဖြင့် ပရိသတ်များ ထင် ကြေးပေးစရာဖြစ်ခဲ့ရသည်။
ပရီယန်ကာချိုပရာဂျိုးနက်စ်က သူမ၏ တွစ်တာနှင့် အင်စတာဂရမ်အကောင့်တွင် ချိုပရာဂျိုးနက်စ်အမည်ကို ဖြုတ်ခဲ့သဖြင့် ဆို ရှယ်မီဒီယာသုံးစွဲသူများက ပရီယန်ကာနှင့် နစ်ဂျိုးနက်စ်တို့ ကွဲကြတော့မည်လားဟု ခန့် မှန်းခဲ့ကြသည်။
-
တစ်လအတွင်း ထိုင်းနိုင်ငံမှ တန်ဖိုးဒေါ်လာ သုည ဒသမ ၂၈ သန်းကျော်ရှိသည့် ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ ကျော် တင်သွင်း
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်