ရော့ခ်အဆိုတော် ရော့ဒ်စတီးဝပ်သည် ဗြိတိန်ဘုရင်မ အလစ်ဇဘတ်၏ အသက် (၉၀) ပြည့် မွေးနေ့ဂုဏ်ပြုစာရင်း၌ ဆာဘွဲ့ဖြင့် ချီးမြှင့်ခံခဲ့ရသည်ဟု ဘက်ကင်ဟမ်နန်းတော်က ဇွန် ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။Do Ya Think I'm Sexy? နှင့် Maggie May အပါအဝင် သီချင်းများစွာ သီဆိုခဲ့သည့် ရော့ဒ်စတီးဝပ်ကို ဂီတနှင့်ပရဟိတ လုပ်ဆောင်ချက်များကြောင့် ဆာဘွဲ့ချီးမြှင့်ခြင်းဖြစ်သည်ဟု နန်းတော်က ထုတ်ပြန်ခဲ့သည်။ “ဗြိတိန်ပြည်သူတွေ အားပေးလို့ အနုပညာအလုပ်မှာ အောင်မြင်ခဲ့တယ်။ ကျွန်တော်ဘာကိုမှ ထပ်ပြီးမတောင်းဆိုချင်တော့ပါဘူး။ ဘုရင်မကြီးကို ကျေးဇူးတင်ပါတယ်။ ဆာဘွဲ့ကို ကောင်းကောင်း အသုံးချမယ်လို့ ကတိပေးပါတယ်” ဟု အသက် ၇၁ နှစ်အရွယ်ရှိ ရော့ဒ်က ပြောကြားခဲ့သည်။၁၉၆၁ ခုနှစ်တွင် ဂီတလုပ်ငန်းများ စတင်ခဲ့သည့် စတီးဝပ်သည် ဂီတသက်တမ်း ၆၀ အတွင်း အယ်လ်ဘမ်ချပ်ရေ သန်း ၁၀၀ ကျော် ရောင်းချနိုင်ခဲ့သည်။ ယခုအခါ ဆာပေါလ် မက္ကာနေ၊ ဆာအယ်လ်တန်ဂျွန် အစရှိသည့် ဆာဘွဲ့ရ ဂီတပညာရှင်စာရင်း၌ ရော့ခ်စတီးဝပ်လည်း ပါဝင်လာပြီ ဖြစ်သည်။အလစ်ဇဘတ်ဘုရင်မ၏ အသက် (၉၀)ပြည့် မွေးနေ့အထိမ်းအမှတ်အတွက် ဂုဏ်ပြုခံရသည့်သူ ၁,၀၀၀ ကျော် စာရင်းတွင် သရုပ်ဆောင် ပီနီလုဝီလ်တန်လည်း ပါဝင်ခဲ့သည်ဟု သိရသည်။ ဝီလ်တန်သည် ဗြိတိန်အနုပညာလုပ်ငန်းအတွက် အကျိုးပြုခဲ့မှုကြောင့် သူကောင်းဘွဲ့ ချီးမြှင့်ခံခဲ့ရသည်။ ဗြိတိန်အာကာသယာဉ်မှူး Tim Peake ကို အာကာသသုတေသနနှင့် သိပ္ပံဆိုင်ရာ ပညာရေးလုပ်ငန်းများတွင် အကျိုးပြုခဲ့မှုအတွက် CMG-Companion of the Order of St Michael and St George ဘွဲ့ဖြင့် ဂုဏ်ပြုခဲ့သည်။တော်ဝင်ဂုဏ်ပြုအခမ်းအနားကို ဗြိတိန်ဘုရင်မ၏မွေးနေ့နှင့် နှစ်သစ်ကူးတွင် ပြုလုပ်ခဲ့သည်။ ဂုဏ်ပြုခံရမည့်သူများ လျာထားစာရင်းကို အများပြည်သူ ကိုယ်စားပြုအဖွဲ့ဝင်များက တင်ပြပြီး တာဝန်ရှိသည့် ကော်မတီတစ်ခုက ဆန်ခါတင် ရွေးထုတ်ခဲ့သည်။ နောက်ဆုံး အတည်ပြုရွေးချယ်မည့် စာရင်းကို ဝန်ကြီးချုပ်နှင့် ဘုရင်မက ဆုံးဖြတ်သည်ဟု သိရသည်။
-
တစ်လအတွင်း ထိုင်းနိုင်ငံမှ တန်ဖိုးဒေါ်လာ သုည ဒသမ ၂၈ သန်းကျော်ရှိသည့် ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ ကျော် တင်သွင်း
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်