ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခံရသည့် ကဗျာဆရာ မောင်ဆောင်းခ၊ ချစ်သမီးနှင့် ကိုခွန်ဂျာလီတို့၏ အမှု ရင်ဆိုင်ရမှု အကြောင်း ရိုက်ကူးထားသည့် What' on your mind? မှတ်တမ်း ရုပ်ရှင်ကို ရန်ကုန်မြို့တွင် ကျင်းပမည့် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် ဇွန် ၁၅ ရက်နှင့် ၁၇ ရက်တို့၌ ပြသသွားမည်ဟု သိရသည်။ ယင်းဇာတ်ကားကို လူငယ် ဒါရိုက်တာ သုံးဦးဖြစ်သည့် ဒါရိုက်တာ စည်သူစိုး၊ ဒါရိုက်တာ အောင်ဆန်းနှင့် ဒါရိုက်တာ မြတ်အိမွန်တို့က ရိုက်ကူးထားခြင်း ဖြစ်ကြောင်း သိရသည်။“ဒီဇာတ်ကားကို ရိုက်ကူးချိန်မှာ တစ်ခုက အမှုရင်ဆိုင် နေရသူတွေဆီကို အင်တာဗျူးတွေ သွားရိုက်တဲ့အခါမှာ စောင့်ကြည့်ခံရတာတွေ၊ ခြိမ်းခြောက်သလို မေးမြန်းခံရတာတွေ ကြုံခဲ့ရတယ်။ ရုံးချိန်းတွေမှာ ရိုက်ကူးရေး လုပ်ဖို့ ခွင့်ပြုခဲ့တဲ့ ရဲတွေနဲ့ တရားရုံး တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီဇတ်ကားမှာ တရားစွဲဆို ခံရသူတွေက လူမှုကွန်ရက် Facebook နဲ့ပတ်သက်ပြီး ဖြစ်ခဲ့တာမို့လို့ ဒီဇာတ်ကားကို What' on your mind? လို့ Facebook မှာ တင်ထားတဲ့ စာလေးအတိုင်း နာမည် ပေးခဲ့တာပါ။ ဇာတ်ကား ရိုက်ပြီးချိန်မှာလည်း ဆင်ဆာ အဖွဲ့ရဲ့ ဖြတ်တောက်ခြင်းကို ခံရပေမယ့် ကျွန်တော်တို့တတွေ အကောင်းဆုံး ကြိုးစားထားပါတယ်” ဟု What' on your mind? မှတ်တမ်း ရုပ်ရှင်ကို ရိုက်ကူးသူ တစ်ဦးဖြစ်သည့် ဒါရိုက်တာ စည်သူစိုးက ဆိုသည်။What' on your mind? မှတ်တမ်း ရုပ်ရှင်ဇာတ်ကားတွင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခံရသည့် ကဗျာဆရာ မောင်ဆောင်းခ၊ ချစ်သမီးနှင့် ကိုခွန်ဂျာလီတို့ ရင်ဆိုင်ကြုံတွေ့ရသည့် အမှု စွဲဆိုခံရမှု ဖြစ်စဉ်များ၊ တရားစွဲဆိုခံရစဉ် တစ်လျှောက် အမှုစစ်ဆေးမှု ဖြစ်စဉ်များ၊ အမှု ရင်ဆိုင်နေရချိန်တွင် မိသားစုဝင်များ ကြုံတွေ့ရသည့် အခက်အခဲများနှင့် ယင်းအမှုများအပေါ် အခြားသူများ၏ အမြင်များကို ရိုက်ကူးထားခြင်း ဖြစ်ကြောင်း သိရသည်။ယင်းဇာတ်ကားကို လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်၏ အစီအစဉ်များ အနက် ဇွန် ၁၅ တွင် Junction Square ၌ မွန်းတည့် ၁၂ နာရီ ၄၅ မိနစ်ပွဲနှင့် ဇွန် ၁၇ ရက်တွင် နေပြည်တော် ရုပ်ရှင်ရုံ၌ ညနေ ၃ နာရီခွဲ ပွဲတို့၌ ပြသမည်ဖြစ်ပြီး စိတ်ဝင်စားသူတိုင်း အခမဲ့ လာရောက် ကြည့်ရှုနိုင်သည်ဟု သိရသည်။
-
တစ်လအတွင်း ထိုင်းနိုင်ငံမှ တန်ဖိုးဒေါ်လာ သုည ဒသမ ၂၈ သန်းကျော်ရှိသည့် ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ ကျော် တင်သွင်း
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်