ဂုဏ်ထူးနှစ်ဘာသာဖြင့် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သည့် ကလေးသရုပ်ဆောင် အကယ်ဒမီ ယွန်းယွန်းအတွက် ဂုဏ်ပြုပွဲ အခမ်းအနားကို ဇွန် ၁၃ ရက်ညပိုင်းတွင် Royal Garden ၌ ပြုလုပ်ခဲ့ရာ အနုပညာရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။ အဆိုပါ ဂုဏ်ပြုပွဲအခမ်းအနားတွင် ရွှေလက်ရာစာပေမှ ငွေကျပ်ရှစ်သိန်းတန် စိန်လက်စွပ်အားလည်းကောင်း၊ ရွှေပါရမီ ကျန်းမာရေး ဖောင်ဒေးရှင်းမှ ရွှေတစ်ကျပ်သားအားလည်းကောင်း တက္ကသိုလ်ဝင်တန်း ကို ဂုဏ်ထူးနှစ်ဘာသာဖြင့် အောင်မြင်ခဲ့သူ အကယ်ဒမီယွန်းယွန်းအား ဂုဏ်ပြုပေးအပ်ခဲ့ကြောင်း သိရသည်။
“ယွန်းယွန်းအတွက် အခုလိုချီးမြှင့်ပေးကြတဲ့ ရွှေလက်ရာစာပေနဲ့ ရွှေပါရမီ ကျန်းမာရေးဖောင်ဒေးရှင်းတို့ကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်။ ဒီပွဲကိုလာပေးကြတဲ့ ယွန်းရဲ့ဆရာအစ်ကိုတွေ၊ အနုပညာလောကထဲက အစ်ကိုအစ်မတွေ၊ သူငယ်ချင်းတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဂုဏ်ထူးနှစ်ခုနဲ့ အောင်တယ်ဆိုတော့ ပျော်ပါတယ်။ ကိုယ်ကြိုးစားတဲ့အတိုင်း ရလဒ် ထွက်လာတယ်ဆိုတော့ ကြိုးစားရကျိုး နပ်တာပေါ့နော်။ ဘယ်ဘာသာ ဆက်တက်ဖြစ်မယ်ဆိုတာတော့ အမှတ်စာရင်း ထွက်လာမှပဲ အမှတ်ပေါ်မူတည်ပြီး ဆုံးဖြတ်ဖြစ်မယ်။ လောလောဆယ်တော့ MHR စီးပွားရေးသင်တန်းကျောင်းမှာ တက်ရောက်နေပါတယ်။ ပညာရေးအတွက်လည်း ကြိုးစားသွားမှာ ဖြစ်သလို ယွန်းဝါသနာပါတဲ့ အနုပညာအလုပ်တွေကိုလည်း ဆက်ပြီး လုပ်သွားမှာပါ” ဟု သရုပ်ဆောင် အကယ်ဒမီယွန်းယွန်းက ဆိုသည်။
သရုပ်ဆောင် အကယ်ဒမီယွန်းယွန်းသည် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မြန်မာစာနှင့် ဇီဝဗေဒ ဂုဏ်ထူးများဖြင့် အောင်မြင်ခဲ့ခြင်းဖြစ်ပြီး လတ်တလောတွင် MHR စီးပွားရေးသင်တန်းကျောင်း၌ တက်ရောက်လျက် ရှိကြောင်း သိရသည်။ လတ်တလော အနုပညာ လှုပ်ရှားမှုအဖြစ် ဆပ်ပြာကြော်ငြာရိုက်ကူးရန် ရှိသည့်အပြင် ခေါင်းဆောင်မင်းသမီးအဖြစ်လည်း ဇာတ်ကားများ ကမ်းလှမ်းလာပါက ဇာတ်ကောင်စရိုက် လိုက်ဖက်မှုပေါ်မူတည်၍ လက်ခံရိုက်ကူးသွားရန် စီစဉ်ထားသည်ဟု သိရသည်။
-
တစ်လအတွင်း ထိုင်းနိုင်ငံမှ တန်ဖိုးဒေါ်လာ သုည ဒသမ ၂၈ သန်းကျော်ရှိသည့် ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ ကျော် တင်သွင်း
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်