အလုပ်လုပ်သော မိခင်များက သာတူညီမျှမှုမရှိသော ဝန်ထုပ်ဝန်ပိုး ထမ်းဆောင်နေရမှုကို မီးမောင်းထိုးပြပေးရန်အတွက် အော်စကာဆုရ သရုပ်ဆောင် အန်းဟာသာဝေးကို ကုလသမဂ္ဂ အမျိုးသမီးများဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်ခဲ့သည်ဟု ကုလသမဂ္ဂက ဇွန် ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးများသည် ကလေးရရှိချိန်တွင် လုပ်ငန်းခွင်၌ လစာစသည့် ပုံမှန်လုပ်ခနှင့် အခွင့်အရေး ဆုံးရှုံးမှုနှင့် ကြုံတွေ့ခဲ့ရသည်ဟု UN Women ၏ အမှုဆောင် ညွှန်ကြားရေးမှူးက ထုတ်ပြန်ခဲ့သည်။၂၀၁၃ ခုနှစ်တွင် Les Miserables ဇာတ်ကားဖြင့် အော်စကာဆုရရှိခဲ့သည့် အန်းဟာသာဝေးသည် အမျိုးသမီး အခွင့်အရေးအတွက် ကာလရှည်ကြာ ထောက်ခံခဲ့သူဖြစ်သည်။ ဟာသာဝေးသည် ကလေးပြုစု စောင့်ရှောက်မှုနှင့် ကလေးမီးဖွားစဉ် ဖခင်ဖြစ်သူခွင့်ရရှိရေး အစရှိသည့် မူဝါဒများအတွက် လှုံဆော်သွားမည်ဟု အမှုဆောင် ညွှန်ကြားရေးမှူး Mlambo-Ngcuka ကပြောကြားခဲ့သည်။The Devil Wears Prada၊ Brokeback Moun-tain၊ The Dark Knight Rises စသည့်ဇာတ်ကားများဖြင့် အောင်မြင်ခဲ့သည့် ဟာသာဝေးသည် ၂၀၁၁ ခုနှစ် အော်စကာဆုပေးပွဲတွင် ဂျိမ်းစ်ဖရန်ကိုနှင့် တွဲဖက်ပြီး အစီအစဉ် တင်ဆက်သူအဖြစ် ပါဝင်ခဲ့သည်။Nike ဖောင်ဒေးရှင်း၏ အကြံပေးတစ်ဦးလည်းဖြစ်သည့် ဟာသာဝေးသည် ကလေးသူငယ် ထိမ်းမြားလက်ထပ်မှုနှင့် ပတ်သက်ပြီး အသိပညာပေးရန်အတွက် ကင်ညာနှင့် အီသီယိုးပီးယားနိုင်ငံသို့ သွားရောက်ခဲ့သည်။ ဟာသာဝေးသည် အမျိုးသမီး ပညာရေးအတွက် စီအင်န်အင်န်က ရိုက်ကူးထားသည့် Girl Rising မှတ်တမ်းရုပ်ရှင်တွင် နောက်ခံအသံဖြင့် ပါဝင်သရုပ်ဆောင်ခဲ့သည်။“ကျွန်မဂုဏ်ယူပါတယ်။ ကျား၊မ သာတူညီမျှ ရှိရေးကို ကူညီဖို့အတွက် ဒီအခွင့်အရေးကို အသုံးချပြီး လှုံ့ဆော်သွားမှာပါ” ဟု အသက် ၃၃ နှစ်အရွယ်ရှိ ဟာသာဝေးက ပြောကြားခဲ့သည်။
-
တစ်လအတွင်း ထိုင်းနိုင်ငံမှ တန်ဖိုးဒေါ်လာ သုည ဒသမ ၂၈ သန်းကျော်ရှိသည့် ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ ကျော် တင်သွင်း
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်