ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ စျေးသတ်မှတ်ထားပြီး ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာကျပ် ၂၉၀၀ ဝန်းကျင်ရှိနေကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။
နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၂၁၀၀ ကျပ် သတ်မှတ်ထားပြီးငွေလဲ ကောင်တာအများစုတွင် ဒေါ်လာဝယ်ယူမှုသာရှိပြီး ရောင်းချပေးနိုင်ခြင်းမရှိကြောင်း သိရသည်။
“အခုကတော့ ပြင်ပစျေးကွက်မှာ ဒေါ်လာစျေးက သုံးထောင်ကျော်နဲ့ အလုပ်ဖြစ်နေတာပါ။ ငွေလဲကောင်တာအချို့မှာ ၃၁၀၀ နဲ့ ဝယ်ပေးနေတာတော့ တွေ့တယ်။ အပြင်စျေးကွက်မှာလည်း ဒေါ်လာစျေးက ၃၂၀၀ ဝန်းကျင်မှာ ငြိမ်နေတဲ့သဘောပေါ့”ဟု နိုင်ငံခြား ငွေကြေးရောင်းဝယ်ပြုလုပ်နေသူတစ်ဦးက ပြောကြားသည်။
ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၀ ရက်တွင် ဖြစ်ပေါ်သော အခြား နိုင်ငံခြားငွေကြေးများလဲလှယ်မှုနှုန်းထားများမှာ ယူရို ၂၉၀၀ ကျပ်၊ စင်ကာပူဒေါ်လာ ၂၀၅၀ ကျပ်၊ မလေးရှားရင်းဂစ် ၆၃၀ ကျပ်၊ ထိုင်းဘတ် ၇၇.၅ ကျပ်၊ တရုတ်ယွမ် ၄၂၀ ကျပ်၊ ဂျပန်ယန်း ၂၁.၅ ကျပ်တို့ဖြစ်သည်။
တရားမဝင်အွန်လိုင်းသတင်းမီဒီယာများမှ နိုင်ငံစီးပွားရေးတိုးတက်မှုကို အဟန့်အတားဖြစ်စေရန်နှင့် အများပြည်သူများအား စိုးရိမ်ပူပန်မှုများ မြင့်တက်စေရန်ရည်ရွယ်ပြီး နိုင်ငံခြားငွေများပြတ်လပ်ကာ နိုင်ငံခြားငွေ လဲလှယ်နှုန်းများ မြင့်တက်ဖွယ်ရှိကြောင်း၊ စက်သုံးဆီများ ပြတ်လပ်မှုများဖြစ်ပေါ်ပြီး စက်သုံးဆီစျေးနှုန်းများ ပိုမိုမြင့်တက်လာမည်ဖြစ်ကြောင်း ဖော်ပြရေးသားလျက်ရှိပါသည်။
ကုန်စျေးနှုန်းကြီးမားမှုကို ဖြစ်ပေါ်စေသော ပြင်ပအကြောင်းအရာများနှင့်ဆက်စပ်၍ စက်သုံးဆီစျေးနှုန်းများ ကျဆင်းရေးအတွက် နိုင်ငံခြားငွေများ လွယ်ကူစွာရရှိနိုင်ရေး၊ဘဏ်များ၊ စက်သုံးဆီတင်သွင်းသူ လုပ် ငန်းရှင်များနှင့် ညှိနှိုင်းဆွေးနွေးလျက်ရှိပြီး တိုင်းပြည်စီးပွားရေးကို အဓိကထိန်းကျောင်း ပံ့ပိုးပေးနေသော ဆက်စပ်ဝန်ကြီးဌာနများနှင့်အတူ ထိန်းညှိဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်၍ တရားမဝင်သတင်းမီဒီယာများ၏ လှုံ့ဆော်မှုများကို ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်ကြောင့်ကြမှုများ မဖြစ်ကြပါရန်နှင့် နိုင်ငံခြားငွေစျေးနှုန်း ဆွဲတင်နေသူများ၊ အွန်လိုင်းမှ တရားမဝင်နိုင်ငံခြားငွေများ ရောင်းဝယ်သူများအပေါ် ယုံကြည်ဆောင်ရွက်ခြင်းမပြုကြပါရန်နှင့် နိုင်ငံခြားငွေများ တရားမဝင်ရောင်းဝယ်နေသည့် အွန်လိုင်းလုပ်ငန်းများကိုလည်း နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေနှင့် စည်းမျဉ်းများအရ ထိရောက်စွာအရေးယူဆောင်ရွက်မည်ဟု သိရသည်။
အမေရိကန်နိုင်ငံ ဗဟိုဘဏ်မှ ထပ်မံ၍အတိုးနှုန်းမြှင့်တင်မည်ဟု ကြေညာမှုများကြောင့် အမေရိကန်ဒေါ်လာ အားကောင်းပြီး တန်ဖိုးတက်နေသဖြင့် ၎င်းနှင့်လဲလှယ်သည့် အခြားငွေကြေးများမှာ တန်ဖိုးကျဆင်းလျက် ရှိသည်။ ကမ္ဘာလုံးဆိုင်ရာ ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့ (FATF)၏ စောင့်ကြည့်ရမည့်နိုင်ငံနှင့် ဒေသများစာရင်းမှလွတ်မြောက်စေရေး ကြိုးပမ်းဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောကြားသည်။
-
အမေရိကန်တစ်ဒေါ်လာ ကျပ်သုံးထောင်ကျော်၊ ထိုင်း ၁၀၀၁ ဘတ် ကျပ်တစ်သိန်းဝန်းကျင် ဖြစ်လာတဲ့ မြန်မာငွေစျေးကျဆင်းမှု ဂယက်
-
ကြီးထွားလာနေသော ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးပြဿနာများနှင့် မြန်မာနိုင်ငံအခြေအနေ
-
ဆင်းရဲသည့်နိုင်ငံအဆင့်မှ ချမ်းသာဖွံ့ဖြိုးပြီးနိုင်ငံအဆင့်သို့ အတိုဆုံးအချိန်ကာလအတွင်း ရောက်ရှိစေခဲ့သည့် စီးပွားရေးဒီဇိုင်းမိုဒယ်ပုံစံ
-
ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ခြင်းနှင့် ထိုင်ဝမ်၏ ကာကွယ်ရေးမဟာဗျူဟာ
-
မုတ်သုံရေကြီးမှုများကြားက ပါကစ္စတန်၏ ဒုက္ခ