Top News

အမေရိကန်တစ်ဒေါ်လာ ကျပ်သုံးထောင်ကျော်၊ ထိုင်း ၁၀၀၁ ဘတ် ကျပ်တစ်သိန်းဝန်းကျင် ဖြစ်လာတဲ့ မြန်မာငွေစျေးကျဆင်းမှု ဂယက်
24htopnews | November 20, 2024 1:12 PM CST

မြန်မာ-ထိုင်းနယ်စပ် မြဝတီကုန်သွယ်ရေးဇုန်အနီးတွင် ကုန်ကားကြီးများကို တွေ့ရစဉ်

အမေရိကန်နိုင်ငံ ဗဟိုဘဏ်က အတိုးနှုန်းမြှင့်တင်မှုနှင့်  ထပ်မံ၍ အတိုးနှုန်းမြှင့်တင်မည်ဟု ကြေညာမှုများကြောင့် အားကောင်းလာသည့် အမေရိကန်ဒေါ်လာ

လက်ရှိအချိန်တွင် အမေရိကန်ဒေါ်လာ သည် တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် တန် ဖိုးမြင့်တက်လျက်ရှိနေပြီး အကျိုးဆက်အနေ ဖြင့် အမေရိကန်ချေးငွေစာချုပ် အထွက်နှုန်း Bond တန်ဖိုးများမှာလည်း အသီးအသီးမြင့် တက်နေသည်။

သြဂုတ် ၂၆ ရက်က အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌအနေဖြင့် စီးပွားရေးကျဆင်းမှု အန္တရာယ်များကြားတွင် ငွေကြေးဖောင်းပွမှုအပေါ် တိုက်ဖျက်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း နှင့် တင်းကျပ်သည့် ငွေကြေးပေါ်လစီများကို အချိန်အတိုင်းတာတစ်ခုအထိ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌ Jerome Poweel က သြဂုတ် ၂၆ ရက် သတင်းထုတ် ပြန်ရာတွင် မြင့်မားသောငွေကြေးဖောင်းပွမှု ကို ထိန်းကျောင်းချုပ်ကိုင်နိုင်ရန် မြင့်မား သော အတိုးနှုန်းမြှင့်တင်မှုများကို လာမည့် လများအတွင်း ချမှတ်ရန်ရှိနေကြောင်းကို တရားဝင်ထုတ်ပြန်ခဲ့သည်။ အမေရိကန်နိုင်ငံ သည် နှစ်ပေါင်း ၄၀ အတွင်း အမြင့်မားဆုံး သော ငွေကြေးဖောင်းပွမှုကိုလည်း ရင်ဆိုင် နေရသည်။

“ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်း မှုအနေအထားနဲ့ ရင်ဆိုင်နေရချိန်မှာ နိုင်ငံ အသီးသီးရဲ့ အမေရိကန်ဒေါ်လာတန်ဖိုးမြင့် မားနေမှုက အမေရိကန်ဒေါ်လာကို Cash of king  ဖြစ်နေစေတယ်လို့ ဆိုနိုင်ပါတယ်။ အနီးစပ်ဆုံး ဥပမာအနေနနဲ့ အမေရိကန်ရဲ့ စီးပွားပြိုင်ဘက်ဖြစ်တဲ့ EU ဥရောပဇုန်မှာ လည်း ရုရှား-ယူကရိန်းစစ်ပွဲဒဏ်ကြောင့် စွမ်းအင်ကျပ်တည်းမှုကနေအစပြုပြီး လက် ရှိအချိန်မှာ ဥရောပငွေကြေးတန်ဖိုး ထိုးကျ နေတာဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဒေါ်လာတန်ဖိုးဟာ သမိုင်းတစ်လျှောက်အမြင့်ဆုံး အနေအထား မှာ ရှိနေတာဖြစ်ပါတယ်” ဟု စီးပွားရေးပညာ ရှင်တစ်ဦးက ၎င်း၏အမြင်ကို သုံးသပ်ပြောကြားသည်။

အွန်လိုင်းမှ တရားမဝင် နိုင်ငံခြားငွေရောင်းဝယ်သူများကို အရေးယူမည်ဟု ကြေညာခဲ့သည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်

နိုင်ငံခြားငွေများ တရားမဝင် ရောင်း ဝယ်နေသည့် အွန်လိုင်းလုပ်ငန်းများကို နိုင်ငံ ခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေနှင့် စည်းမျဉ်း များအရ ထိရောက်စွာ အရေးယူမည်ဖြစ် ကြောင်း သြဂုတ် ၂၇ ရက်နေ့စွဲဖြင့် မြန်မာ နိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။

တရားမဝင် အွန်လိုင်း သတင်းမီဒီယာများက နိုင်ငံစီးပွားရေးတိုးတက်မှုကိုအဟန့်အတားဖြစ်စေရန်နှင့် အ များပြည်သူများအား စိုးရိမ်ပူပန်မှု များ မြင့်တက်စေရန်ရည်ရွယ်ပြီး နိုင်ငံခြားငွေများ ပြတ်လပ်ကာ နိုင်ငံခြားငွေ လဲလှယ်နှုန်းများ မြင့်တက်ဖွယ်ရှိကြောင်း၊ စက်သုံးဆီများ ပြတ်လပ်မှုများဖြစ်ပေါ်ပြီး စက်သုံးဆီစျေးနှုန်းများပိုမိုမြင့်တက်လာမည် ဖြစ်ကြောင်း ဖော်ပြရေးသားလျက် ရှိပါသည်။

ကုန်စျေးနှုန်းကြီးမားမှုကို ဖြစ်ပေါ်စေ သော ပြင်ပအကြောင်းအရာများနှင့်ဆက်စပ်၍ စက်သုံးဆီစျေးနှုန်းများကျဆင်းရေးအတွက် နိုင်ငံခြားငွေများ လွယ်ကူစွာရရှိနိုင်ရေး၊ ဘဏ် များ၊ စက်သုံးဆီတင်သွင်းသူ လုပ်ငန်းရှင်များ နှင့် ညှိနှိုင်းဆွေးနွေးလျက်ရှိပြီး တိုင်းပြည်စီး ပွားရေးကို အဓိကထိန်းကျောင်း ပံ့ပိုးပေးနေ သော ဆက်စပ်ဝန်ကြီးဌာနများနှင့်အတူ ထိန်းညှိဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်၍ တရားမဝင် သတင်းမီဒီယာ များ၏ လှုံ့ဆော်မှုများကို ပြည်သူများအနေ ဖြင့် စိုးရိမ်ပူပန်ကြောင့်ကြမှုများ မဖြစ်ကြပါ ရန်နှင့် နိုင်ငံခြားငွေစျေးနှုန်း ဆွဲတင်နေသူ များ၊ အွန်လိုင်းမှတရားမဝင်နိုင်ငံခြားငွေများ ရောင်းဝယ်သူများအပေါ် ယုံကြည်ဆောင် ရွက်ခြင်း မပြုကြပါရန်နှင့် နိုင်ငံခြားငွေများ  တရားမဝင် ရောင်းဝယ်နေသည့် အွန်လိုင်း လုပ်ငန်းများကိုလည်း နိုင်ငံခြားသုံးငွေစီမံခန့် ခွဲမှုဥပဒေနှင့် စည်းမျဉ်းများအရ ထိရောက် စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

လက်ရှိတွင် အမေရိကန်နိုင်ငံဗဟိုဘဏ်က အတိုးနှုန်းမြှင့်တင်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိပြီး ထပ်မံ၍အတိုးနှုန်းမြှင့်တင်သွားမည်ဟု ကြေညာမှုများကြောင့် အမေရိ ကန်ဒေါ်လာ အားကောင်းပြီး တန်ဖိုးတက်နေ သဖြင့် ၎င်းင်းနှင့်လဲလှယ်သည့် အခြားငွေကြေး များမှာ တန်ဖိုးကျဆင်းလျက်ရှိသည်။

ကမ္ဘာ့နိုင်ငံအများစုအနေဖြင့်လည်း မိမိ တို့၏ ငွေကြေးများ ခိုင်မာမှုရှိစေရန်၊ တိုင်းပြည် စီးပွားရေးတိုးတက်မှုရှိစေရန်၊ အစီအမံများ ချမှတ်ပြီး နိုင်ငံခြားအရန်ငွေများနှင့်  အစိုးရမှ အခွန်သက်သာခွင့်များ အသုံးစရိတ်များ ကျခံ သုံးစွဲပေးမှုများဖြင့် ထိန်းကျောင်းလျက်ရှိပါ သည်။

ကမ္ဘာ့ရေနံစျေးနှုန်း အပြောင်းအလဲ များနှင့် ကုန်သွယ်မှုမညီမျှသည့် အကြောင်း ရင်းများကြောင့် ငွေကြေးတည်ငြိမ်မှုရှိစေရန် နှင့် စီးပွားရေးအားကောင်းစေရန် မိမိတို့နိုင်ငံ အနေဖြင့်လည်း ကုန်သွယ်မူဝါဒနှင့် ငွေကြေး မူဝါဒများဖြင့် စီးပွားရေးလုပ်ငန်းများ မြန် ဆန်စွာ လည်ပတ်နိုင်ရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

AD လိုင်စင်ရဘဏ်များက ပို့ကုန်ရငွေ ၃၅ ရာခိုင်နှုန်းနှင့်  ၁၀၀ ရာခိုင်နှုန်း ကင်းလွတ် ခွင့်ရရှိသူတို့ထံမှ ဝယ်ယူထားသော နိုင်ငံခြား ငွေများအနက် စက်သုံးဆီနှင့် စားသုံးဆီ တင် သွင်းသည့်ကုမ္ပဏီများသို့ ပြန်လည်ရောင်းချ ခဲ့သည့်စာရင်းကို ဗဟိုဘဏ်သို့ စာရင်းပြုတင် ပြရမည်ဖြစ်ကြောင်း သြဂုတ် ၂၅ ရက် နေ့စွဲ ဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန် ခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သြဂုတ် ၁၆ ရက်က ထုတ်ပြန်ခဲ့သော ရည်ညွှန်း ချက် (၁)နှင့် (၂)ပါစာများအရ နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များက ပို့ကုန်တင်ပို့သူများထံ မှ ပို့ကုန်ရငွေ၏ ၃၅ ရာခိုင်နှုန်းအနက်မှဖြစ် စေ၊ ကင်းလွတ်ခွင့်ရရှိသည့် ကုမ္ပဏီ၊ အဖွဲ့အ စည်း၊ လူပုဂ္ဂိုလ်တို့ထံမှဖြစ်စေ နိုင်ငံခြားငွေ များကိုဝယ်ယူခဲ့ပြီး အဆိုပါနိုင်ငံခြားငွေများအနက် စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများ၊ စာသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ရောင်း ချခဲ့သောစာရင်းကို မြန်မာနိုင်ငံတော် ဗဟို ဘဏ်၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာနသို့ စာ ရင်းပြုတင်ပြရန် ထုတ်ပြန်ချက်၌ ဖော်ပြထား သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ် ပြန်ခဲ့သော ရည်ညွှန်းချက်ပါ အမိန့်ကြော်ငြာ စာအမှတ် (၃၆/၂၀၂၂) အရ ပို့ကုန်တင်ပို့ သူများသည် ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ ကုန်ရငွေပမာဏ၏ ၆၅ ရာခိုင်နှုန်းကိုသာ အ မိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂)ပါ  သတ် မှတ်ချက်များနှင့်အညီ မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန် ညွှန်ကြားခဲ့ပါသည်။

ကျန်ပို့ကုန်ရငွေပမာဏ၏ ၃၅ ရာခိုင် နှုန်းကို ပို့ကုန်တင်ပို့သူအနေဖြင့် မိမိကိုယ်တိုင် အတွက် သုံးစွဲခြင်း၊ AD လိုင်စင်ရဘဏ်မဟုတ် သော အခြားသူများထံသို့ လွှဲပြောင်းခြင်း၊ AD လိုင်စင်ရဘဏ်များသို့ ရောင်းချခြင်းတို့ ကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဖော်ပြ ထားသည်။

ဒေါ်လာမှကျပ်ငွေသို့ လဲလှယ်မှုမှ ကင်း လွတ်ခွင့်ပြုထားသည့် ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်၏ ပြည်ပမှ နိုင်ငံခြားသုံးငွေဖြင့် ရရှိ သောဝင်ငွေပမာဏ၏ ၁၀၀ ရာခိုင်နှုန်းကိုပြန် လည်ရောင်းချခွင့်ပြုကြောင်း သြဂုတ် ၁၅ ရက် နှင့် ၁၆ ရက် နေ့စွဲများဖြင့်  မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ ၏ လမ်းညွှန်ချက်နှင့်အညီ ရည်ညွှန်းချက် (၁) ပါ အမိန့်ကြော်ငြာစာမှ ကင်းလွတ်ခွင့် ပြုသည့် ကုမ္ပဏီ၊ အဖွဲ့အစည်း၊လူပုဂ္ဂိုလ်၏ ပြည်ပမှ နိုင်ငံခြားသုံးငွေဖြင့်ရရှိသော ဝင်ငွေများနှင့် စပ်လျဉ်း၍ အဆိုပါကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူ ပုဂ္ဂိုလ်အနေဖြင့် မိမိကိုယ်တိုင်အတွက်သုံးစွဲ ခြင်း၊ AD လိုင်စင်ရဘဏ်မဟုတ်သော အခြား သူများထံသို့ ရောင်းချခြင်း၊ AD လိုင်စင်ရ ဘဏ်များသို့ရောင်းချခြင်းတို့ကို ဆောင်ရွက် နိုင်ကြောင်း ထုတ်ပြန်ထားသည်။

သြဂုတ် ၁၆ ရက် နေ့စွဲဖြင့် ထုတ်ပြန်ထား သော ထုတ်ပြန်ချက်နှစ်ခုအရ ကျပ်ငွေသို့ လဲ လှယ်မှုမှ ကင်းလွတ်ခွင့်ရရှိထားသော ပို့ကုန်ရ ငွေ ၃၅ ရာခိုင်နှုန်းနှင့် ၁၀၀ ရာခိုင်နှုန်း ကင်း လွတ်ခွင့်ပြုထားသည့် ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တို့က ၎င်းကိုယ်တိုင်အတွက်  သုံးစွဲခြင်းပြုရာတွင် နိုင်ငံဖြတ်ကျော်ဆောင်ရွက် သည့် Cross Border Transaction ကိုလည်း ကောင်း၊ ၎င်းင်းတို့ထံမှ ဝယ်ယူထားသည့် နိုင်ငံ ခြားငွေများကို မိမိကိုယ်တိုင်အတွက် သုံးစွဲ ခြင်းပြုရာတွင် နိုင်ငံဖြတ်ကျော် ဆောင်ရွက် သည Cross Border Transaction ကိုလည်း ကောင်း၊ နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီ ၏ခွင့်ပြုချက်ရယူပြီး ဆောင်ရွက်နိုင်ကြောင်း ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

အမေရိကန်တစ်ဒေါ်လာ ကျပ်သုံးထောင်ကျော်နှင့် ထိုင်း ၁၀၀၁ ဘတ်  ကျပ်တစ်သိန်းဝန်းကျင်ရှိလာပြီဖြစ်သည့် မြန်မာကျပ်ငွေစျေး ကျဆင်းမှု

၂၀၂၂ ခုနှစ် သြဂုတ် ၂ရရက်တွင် ဗဟို ဘဏ်စျေးနှုန်း နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ် လာ ကျပ် ၂၁၀၀ စျေး  သတ်မှတ်သော်လည်း ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၃၂၀၀ ဝန်းကျင်၊ ထိုင်း ၁၀၀၁ ဘတ်လျှင်ကျပ် တစ်သိန်းဝန်းကျင်ဖြင့် အရောင်းအဝယ်ပြု လုပ်နေကြောင်း သိရသည်။

“သြဂုတ် ၂၇ ရက် ထိုင်းစံတော်ချိန် ည နေ ၅ နာရီ ၄၄ မှာ ဘတ်စျေးက ၉၉ ဒသမ ၉ အထိရှိလာပြီး မြန်မာကျပ်ငွေတစ်သိန်းကို ထိုင်းဘတ် ၁၀၀၁ ဘတ်အထိ စျေးကွက်ထဲမှာ ပေါက်စျေးရှိခဲ့တယ်။ အခုရက်ပိုင်းမှာက ထိုင်းဘတ် ငွေလဲတဲ့သူတွေ အရမ်းများပြီး စျေးတွေအရမ်းတက်နေလို့ ဘတ်ငွေ ဝယ်မရ လို့ လက်လီအရောင်းတွေတောင် ခဏရပ် ထားရပါတယ်”ဟု ထိုင်း-မြန်မာ ငွေလဲလုပ် ငန်းလုပ်ကိုင်နေသည့် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

လက်ရှိတွင် ယင်းသို့ မြန်မာကျပ်ငွေတန် ဖိုး လျင်မြန်ဆိုးရွားစွာ ကျဆင်းနေမှုကြောင့် ထိုင်းနိုင်ငံမှ လူသုံးကုန်နှင့် စားသောက်ကုန် ပစ္စည်းများမှာယူကာ အွန်လိုင်းတွင်အရောင်း ပို့စ်တင်ရောင်းချနေသည့်အွန်လိုင်းအရောင်း စျေးဆိုင်အချို့မှာ ရောင်းချမှုရပ်နားထားရ ကြောင်း သိရသည်။

မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှု ကြောင့် နိုင်ငံခြားငွေအသီးသီး၏ ငွေကြေး လဲလှယ်မှုမှာ လျင်မြန်စွာပြောင်းလဲနေခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ အွန်လိုင်းစျေးကွက် တွင် အိမ်နီးချင်း ထိုင်းနိုင်ငံမှ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများမှာယူကာ အွန် လိုင်းတွင် အရောင်းပို့စ်တင်ရောင်းချနေ သည့် အွန်လိုင်းအရောင်းစျေးဆိုင်အများစု မှာ ဘတ်ငွေတန်ဖိုး မတည်ငြိမ်မှုများကြောင့် အခက်အခဲများ ရင်ဆိုင်နေရခြင်းဖြစ်ကာ ရောင်းချမှု ရပ်နားထားသည်အထိ ကြုံတွေ့ နေရကြောင်း သိရသည်။

“အခုဆို အစ်မ ဘာမှတောင်မရောင်း ဘူး။ အကုန်ရပ်ထားတယ်။ မှာထားတာနဲ့ ရောင်းရတာနဲ့က မကိုက်တော့ဘူးလေ။ အစ်မတို့က ထိုင်းနိုင်ငံက ပစ္စည်းတွေကို အများဆုံးမှာပြီး ရောင်းတာပါ။ အခု မြန်မာ  ငွေစျေးကျတာက ဆက်တိုက်ဖြစ်နေတာ။ ဥပမာဆိုရင် မနက်ပိုင်းမှာ ထိုင်းဘတ်ငွေ တစ်ဘတ်ကို ကျပ် ၇၀ ဆိုရင် ညနေကျ ၇၅ အဲဒီလို ဖြစ်သွားတာ။ ပစ္စည်းထပ်မှာဖို့က အ ဆင်မပြေတော့ဘူးလေ။ ပြီးတော့ Pre order  ကောက်ပြီး ရောင်းတာဖြစ်တဲ့အတွက် အစ်မ တို့က ၆၂ ကျပ်၊ ၆၃ ကျပ်နဲ့တွက်ပြီး ရောင်း ထားတာ။ ပစ္စည်းမှာတော့ စျေးက ၇၀ တို့၊ ၇၅ တို့ဖြစ်သွားတဲ့အခါကျ စျေးက တော်တော်ဟ သွားပြီလေ။ တစ်ဘတ်ကိုလေ ၁၀ ကျော် လောက်ဟသွားတော့ အများနဲ့ကျတော့ အဆင်မပြေတော့ဘူး”ဟုထိုင်းနိုင်ငံမှ လူသုံး ကုန်နှင့် စားသောက်ကုန်ပစ္စည်းများ မှာယူ ကာ အွန်လိုင်းတွင် အရောင်းပို့စ်တင် ရောင်း ချနေသည့် အွန်လိုင်းစျေးရောင်းသူတစ်ဦး က ပြောကြားသည်။    

လက်ရှိကာလတွင် ငွေစျေးနှုန်း မတည် ငြိမ်မှုကြောင့် အွန်လိုင်းရှော့ပင်းအများစု အရောင်း ခေတ္တရပ်နားထားခြင်း၊ စျေးဝယ် သူနည်းပါးမှုကြောင့် ရောင်းအားကျဆင်း များ ရင်ဆိုင်နေရခြင်း ဖြစ်သည်။ ယခုကဲ့သို့ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုမှာ ဆက် လက် ဆိုးရွားလာမည်ဆိုလျှင် အလွှာစုံမှလူ တန်းစားမရွေး ယခုထက် ပိုမိုဆိုးရွားသည့် အခြေအနေများနှင့် ရင်ဆိုင်လာရနိုင်ဖွယ် ရှိနေကြောင်း သုံးသပ်မှုများရှိနေသည်။


READ NEXT
Cancel OK