အဆိုတော်တေလာဆွစ်နှင့် သရုပ်ဆောင် တွမ်ဟစ်ဒယ်စတန်တို့သည် သုံးလကြာ တွဲခဲ့ပြီးနောက် လမ်းခွဲလိုက်ပြီဟု People မဂ္ဂဇင်းက စက်တင်ဘာ ၆ ရက် တွင် ဖော်ပြခဲ့သည်။ “သူတို့နှစ်ယောက်က အခင်အမင်မပျက်ဘဲ လမ်းခွဲလိုက်ကြတာ” ဟု သတင်းရင်းမြစ်တစ်ဦး၏ ပြောစကားကို People က ကိုးကားဖော်ပြခဲ့သည်။စက်တင်ဘာ ၁၈ ရက်တွင်ပြုလုပ်မည့် Emmy ဆုပေးပွဲကို ၎င်းနှင့်အတူတက်ရန် တွမ်ဟစ်ဒယ်စတန်က ဆွစ်ကိုတောင်းဆိုခဲ့သောကြောင့် ၎င်းတို့နှစ်ဦး ပြဿနာတက်ခဲ့သည်ဟု Daily Mail တွင် ဖော်ပြခဲ့သည်။ ဟစ်ဒယ်စတန်နှင့်ဆွစ်သည် ဇူလိုင် ၂၇ ရက်တွင် ဆန်တာမိုနီကာမြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ချိန်းတွေ့ကာ ညစာအတူစားပြီးနောက် ၎င်းတို့နှစ်ယောက်တွဲပြီး ဓာတ်ပုံမရိုက်သည်မှာ တစ်လကျော်ကြာပြီဟု People ကဆိုသည်။ဆွစ်သည် ဇွန် ၁ ရက်တွင် အဆိုတော်၊ ဒီဂျေကယ်ဗင်ဟားရစ်နှင့် လမ်းခွဲခဲ့ပြီးနောက် မကြာမီ ဟစ်ဒယ်စတန်နှင့်တွဲခဲ့ခြင်းဖြစ်သည်။ ဆွစ် နွေရာသီအပန်းဖြေအိမ်ရှိသည့် Rhode Island ရှိ ကျောက်ထူထပ်သော ကမ်းစပ်သောင်ယံ တစ်ခုတွင် ၎င်းတို့စုံတွဲ အနမ်းချွေသည့် ဓာတ်ပုံများ ပေါ်ထွက်ခဲ့ပြီးနောက် ၎င်းတို့တွဲနေသည်ဟု အတည်ပြုခဲ့ကြသည်။ဇွန်တွင် ဟစ်ဒယ်စတန်သည် ဆွစ်၏မိသားစုဝင်များနှင့် နက်ရှ်ဗေးတွင် တွေ့ဆုံခဲ့ပြီးနောက် ဆွစ်သည်လည်း ဟစ်ဒယ်စတန်၏ မိဘများနှင့် ဗြိတိန်၌ တွေ့ဆုံခဲ့သည်။ ၎င်းတို့နှစ်ဦးသည် ကျော်ကြားမှုအတွက် တွဲခဲ့ခြင်း ဟုတ်၊ မဟုတ် ဝေဖန်သူအချို့က မေးခွန်းထုတ်ခဲ့ကြသည်။ဆွစ်၏အယ်လ်ဘမ်သစ်တွင် Avengers သရုပ်ဆောင် တွမ်ဟစ်ဒယ်စတန်အကြောင်း သီချင်းရေးဖွယ်ရှိသည်ဟု အချို့က ခန့်မှန်းခဲ့သည်။ အသက် ၂၆ နှစ်အရွယ်ရှိ ဆွစ်က ဆဋ္ဌမမြောက် အယ်လ်ဘမ်အတွက် ဆမ်အဒမ်ကို တေးရေးဆရာအဖြစ် ရွေးချယ်ထားသည်ဟု Twitter တွင် ဖော်ပြခဲ့သည်။ဆွစ်ဖ်သည် အဆိုတော် ဂျိုးဂျိုနက်စ်၊ သရုပ်ဆောင် တေလာလုနာ၊ ဂီတပညာရှင် ဂျွန်မေယာ၊ အဆိုတော် ဟာရီစတိုင်တို့နှင့်လည်း တွဲခဲ့ဖူးသည်။
-
တစ်လအတွင်း ထိုင်းနိုင်ငံမှ တန်ဖိုးဒေါ်လာ သုည ဒသမ ၂၈ သန်းကျော်ရှိသည့် ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ ကျော် တင်သွင်း
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်