တေးသံရှင်ပိုပို၏ ပထမဆုံး တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ဖေဖော်ဝါရီ ၂၉ ရက်တွင် မန္တလေးမြို့ရှိ Yadanarpon Event Park ၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ တေးသံရှင်ပိုပို၏ ပထမဆုံး တစ်ကိုယ်တော်ဖျော်ဖြေပွဲကို Masterpiece ဟု အမည်ပေးထားပြီး သီချင်းတိုက်လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။ တေးသံရှင်ပိုပို၏ ယင်းဖျော်ဖြေပွဲတွင် Million Dreams Music Band ကတီးခတ်ပေးမည်ဖြစ်ကာ Life & Dance နှင့် Now Dancer အဖွဲ့များက ပါဝင်ကပြပေးမည်ဖြစ်သည်။
“ ပိုပိုရဲ့ပထမဆုံး တစ်ကိုယ်တော်ပွဲအတွက် နေ့ရောညပါ အချိန်ယူပြီး ပြင်ဆင်နေပါတယ်။ သီချင်းတွေကိုလည်း ပရိသတ်တွေ နားထောင်ချင်တဲ့ သီချင်းတွေရော ပိုပိုဆိုပြချင်တဲ့ သီချင်းတွေပါပါအောင် ရွေးထားတယ်။ သီချင်းတွေနဲ့ လိုက်ဖက်တဲ့ပါဖောမန့်စ်တွေ၊ အကတွေလည်း အများကြီးတိုက်နေပါတယ်။ ဘဝမှာ အမှတ်တရပွဲ တစ်ပွဲအနေနဲ့ တင်ဆက်တဲ့အတွက် အခက်အခဲတွေ အများကြီးကြားက ကြိုးစားနေပါတယ်။ ဘယ်လောက်ပဲခက်ခဲပေမယ့် ပရိသတ်တွေကိုအကောင်းဆုံး တင်ဆက်နိုင်ချင်တယ်။ ဒါကြောင့် အချိန်တွေအများကြီးယူပြီး ကြိုးစားပြင်ဆင်နေပါတယ်။ မန္တလေးမြို့က ပရိသတ်တွေရော၊ အနီးအနားက ပရိသတ်တွေလည်းဖိတ်ခေါ်ပါတယ်။ ရန်ကုန်ကနေလိုက်ပြီး အားပေးကြမယ့်ပရိသတ်တွေကိုလည်း ဖိတ်ခေါ်ပါတယ်။ နာမည်ပေးထားသလိုပဲ ပိုပို့အတွက် masterpiece ပွဲမျိုးဖြစ်အောင် ကြိုးစားတင်ဆက်သွားမှာပါ” ဟု တေးသံရှင်ပိုပိုက ဆိုသည်။
တေးသံရှင်ပိုပိုသည် ပထမဆုံးအကြိမ် ပြုလုပ်မည့် တစ်ကိုယ်တော်ဖျော်ဖြေပွဲတွင် ထွက်ရှိထားပြီးဖြစ်သည့် တစ်ကိုယ်တော်အယ်လ်ဘမ်များထဲမှ တေးသီချင်းများ၊ Single Sound အဖြစ် ထွက်ရှိထားသည့် တေးသီချင်းများအား သီဆိုဖျော်ဖြေမည် ဖြစ်သည်။ တေးသံရှင်ပိုပိုသည် ပရိသတ်များနှင့် အမှတ်တရရှိသည့် တေးသီချင်းများအားသီဆိုမည့်အပြင် ပရိသတ်များကိုသီဆိုပြချင်သည့် တေးသီချင်းအချို့အားလည်း ရွေးချယ်ထားကြောင်းသိရသည်။ တေးသီချင်းများအား ကိုယ်တိုင်ရေးသားနိုင်သူတစ်ဦးဖြစ်သည့် တေးသံရှင် ပိုပိုသည် ပရိသတ်အားပေးမှု အခိုင်အမာရရှိထားသူဖြစ်ကာ ပထမဆုံး တစ်ကိုယ်တော်ဖျော်ဖြေပွဲအတွက် ၂၀၁၉ နှစ်ကုန်ပိုင်းမှပင် စတင်ပြင်ဆင်နေကာ လက်မှတ်များအား မကြာမီရောင်းချမည်ဖြစ်သည်။
-
eSports လောကသို့ဝင်ရောက်ရန် ဆွေးနွေးမည်ဟု ဘိုင်ယန်မြူးနစ်အသင်း ဘုတ်အဖွဲ့ဥက္ကဋ္ဌ ရူမင်နစ်ဂီ ပြောကြား
-
အာဖဂန်နစ္စတန်မှ ဆုတ်ခွာခဲ့ပြီးနောက် အမေရိကန်သည် စူပါပါ၀ါနိုင်ငံ မဟုတ်တော့ဟု ဗြိတိန် ကာကွယ်ရေးဝန်ကြီးက ပြောကြား
-
မြန်မာနိုင်ငံသို့ သွားရောက်နိုင်ရေး အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့် ကြိုးပမ်းနေဆဲဟု မလေးရှား နိုင်ငံခြားရေးဝန်ကြီး ပြောကြား
-
အစိုးရဆန့်ကျင်ဆန္ဒပြမှုများ ပိုမိုလုပ်ဆောင်ရန် ထိုင်းဆန္ဒပြသူများက စီစဉ်နေကြစဉ် ဝန်ကြီးချုပ် ပရာယွတ်က အယုံအကြည်မရှိအဆိုမဲခွဲမှုကို ကျော်လွှားနိုင်ခဲ့
-
တစ်လအတွင်း ထိုင်းနိုင်ငံမှ တန်ဖိုးဒေါ်လာ သုည ဒသမ ၂၈ သန်းကျော်ရှိသည့် ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ ကျော် တင်သွင်း