အနုပညာလောကအတွင်း ရှည်ကြာသည့် ဖြတ်သန်းမှုခရီးလမ်းတစ်လျှောက် တွင် ပရိသတ်အားပေးမှု အခိုင်အမာရယူထားနိုင်သည်သာမက အကယ်ဒမီထူးချွန်ဆုများစွာရရှိထားသူ သရုပ်ဆောင်အကယ်ဒမီရန်အောင်မှာ လက်ရှိတွင် အနုပညာ မျိုးဆက်သစ်များ ထွက်ပေါ်လာစေရန်ရွေးချယ်မည့် အကယ်ဒမီရွှေကြိုရွေးချယ်ရေးကော်မတီတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည်။ အကယ်ဒမီထူးချွန်ဆုစိစစ်ရွေးချယ် ရေးအကဲဖြတ်အဖွဲ့တွင်လည်း ပါဝင်လျက်ရှိကာ၂၀၁၉ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုရှင်များ ပေါ်ထွက်လာစေရန် စိစစ်ရွေးချယ်လျက်ရှိသည်။ Voting စနစ်ဖြင့် ပထမဆုံးအကြိမ်ရွေးချယ်မည့် အကယ်ဒမီရွှေကြိုရွေးချယ်ရေးနှင့်ပတ် သက်သည့်အမြင်များ၊ အကယ်ဒမီထူးချွန်ဆုစိစစ်ရွေးချယ်ရေးနှင့်ပတ်သက်၍ သုံးသပ်ချက်များအား အကယ်ဒမီရန်အောင်နှင့်တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။
မေးà အကယ်ဒမီရွှေကြိုရွေးချယ်မှုကို Voting နဲ့ရွေးချယ်မယ့်အပေါ် သုံးသပ်ပေးပါဦး။
ဖြေà ကောင်းပါတယ်။ အဓိကçကတော့ အကယ်ဒမီရွှေကြိုဆိုတာက အနု ပညာလောကအတွက် မျိုးဆက်သစ်တွေကိုမွေးထုတ်ပေးတဲ့ပွဲပါပဲ။ အနုပညာရှင်ဆိုတာက ပရိသတ်အားပေးမှုနဲ့ ရှင်သန်ရပ်တည်ရတာဖြစ်တဲ့အတွက် အခုလို ပရိသတ်ကိုယ်တိုင်ရွေးချယ်ရတဲ့ Voting စနစ်ထည့်သွင်းတာက အရမ်းကောင်းပါတယ်။ ပရိသတ်တွေက အနုပညာမျိုးဆက်သစ်လေးတွေရဲ့ အရည်အချင်း၊ ကြိုးစားအားထုတ်မှု၊ အနုပညာအပေါ်ထားတဲ့ စိတ်စေတနာ တွေအပေါ်အကဲဖြတ်ပြီး ရွေးချယ်ကြရမှာဖြစ်တဲ့အတွက် ပရိသတ် ချစ်ခင် အားပေးမှုနဲ့အတူ မျိုးဆက်သစ်တွေ ထွက်ပေါ်လာမယ်လို့ယုံကြည်ပါတယ်။
မေး။ ပြိုင်ပွဲတိုင်းမှာ Voting စနစ်ပါလာပြီဆိုရင် ဝေဖန်မှုတွေ၊ အငြင်းပွားမှုတွေလည်းရှိတတ်တော့ အဲဒီအပေါ်မှာရော ဘယ်လိုမြင်လဲ။
ဖြေ။ Voting ပါတဲ့ပြိုင်ပွဲတိုင်းကတော့ ငြင်းခုံမှုတွေ၊ ဝေဖန်မှုတွေရှိတတ်ပါတယ်။ ဒါပေမဲ့ Voting ဆိုတာက ပရိသတ်က အကဲဖြတ်ပေးတဲ့အမှတ်ပေါ့။ သူတို့ရဲ့ချစ်ခင်မှု၊ နှစ်သက်မှုတွေကို Voting ကိုယ်စားပြုပြီး ရွေးချယ်ကြတာပေါ့။ ဒီလိုရွေးချယ်ခြင်းအားဖြင့် အားသာချက်ကတော့ ကိုယ်ရွေးချယ်ခဲ့တဲ့ မျိုးဆက်သစ်လေးတွေကို အားပေးမှုချစ်ခင်မှုအမှတ်ရမှုဆိုတာတွေက ပုံမှန်ထက် ပိုပြီးများလာမယ်။ ဒီအတွက် မျိုးဆက်သစ်အနုပညာရှင်ရဲ့အနုပညာ လမ်းကြောင်းပေါ် ဆက်လျှောက်ရမယ့်ခရီးလမ်းမှာ ပရိသတ်နဲ့ အမှတ်တရ ရှိမှုကပိုမိုခိုင်မြဲစေမယ်လို့လည်းမြင်ပါတယ်။
မေး။ အကယ်ဒမီရွှေကြိုရွေးချယ်ရေးအကဲဖြတ်အဖွဲ့အနေနဲ့ရော ဘယ်လိုတွေရွေးချယ်မလဲ။
ဖြေ။ အကယ်ဒမီရွှေကြိုရွေးချယ်ရေးအကဲဖြတ်အဖွဲ့မှာက ဒိုင်ကိုးဦးပါဝင်ပါမယ်။ အကဲဖြတ်ဒိုင်တွေအားလုံးက အကယ်ဒမီဆုရ အနုပညာရှင်တွေ ပါဝင်အကဲဖြတ်ပေးကြမှာပါ။ အပတ်စဉ်ရွေးချယ်ရာမှာ ဧည့်သည်ဒိုင်အနေနဲ့ အကယ်ဒမီဆုရအနုပညာရှင်တွေလည်း ပါဝင်ကြပါမယ်။ ဥပမာ - အူဝဲ (အိန္ဒြာကျော်ဇင်)၊ ကစ်ကစ် (ဝတ်မှုန်ရွှေရည်) တို့လိုမျိုးပေါ့။ အနုပညာရှင်တွေ ကိုတော့ ကမ်းလှမ်းထားဆဲပါ။ ဒိုင်တွေရဲ့အမှတ်ပေးရွေးချယ်မှုက ၄၀ ရာခိုင် နှုန်းပါဝင်ခွင့်ရပါမယ်။ ပရိသတ်တွေကိုတော့ ၆၀ ရာခိုင်နှုန်း ရွေးချယ်ခွင့်ပေးထားပါတယ်။ ဒါကလည်း ပရိသတ်များကိုယ်တိုင်ရွေးချယ်ခွင့်အနေနဲ့ ပေးထားတာပါပဲ။
မေး။ အကယ်ဒမီဗန်းကိုင် အဲဒီကနေမှရွှေကြိုပြီးတော့ အနုပညာမျိုးဆက်သစ်လေးတွေစသဖြင့် တစ်နှစ်နဲ့ တစ်နှစ်ကွဲပြားတဲ့ရွေးချယ်မှုတွေနဲ့ပတ်သက်လို့လည်း ပြောပေးပါဦး။
ဖြေ။ အကယ်ဒမီဗန်းကိုင်ဆိုတာတော့ ဟိုအရင်ကတည်းကရှိခဲ့တဲ့အရာပေါ့။ အဲဒီကနေမှ အကယ်ဒမီရွှေကြိုဆိုပြီး လျှောက်လွှာတွေ ခေါ်၊ ၀ါရင့်အနုပညာရှင် အတတ်ပညာရှင်တွေ ပါဝင်ရွေးချယ်ခဲ့တယ်။ တစ်ခါ အနုပညာရှင်အတတ်ပညာရှင်တွေရဲ့မျိုးဆက်သစ်လေးတွေကို ရွေးချယ်ပြီး အကူမောင်မယ်ဆိုတဲ့အသုံးအနှုန်းနဲ့ တစ်ခါရွေးချယ်ခဲ့ကြတယ်။ အဲဒီလို ရွေးချယ်ပါဝင်စေခဲ့တဲ့သူတွေလည်း အနုပညာအလုပ်တွေ လုပ်ဆောင်ခွင့်ရနေတာကိုမြင်တွေ့ကြမှာပါ။ ကိုခင်လှိုင်ရဲ့သမီးလေး၊ ခင်ဇာခြည်ကျော်ရဲ့ သားလေးစသဖြင့်ပေါ့။ အနုပညာအလုပ်တွေမှာအများကြီးပါဝင်ခွင့်ရနေကြတယ်။ အခုကတော့မျိုးဆက်သစ် အနုပညာရှင်တွေကို ရွေးချယ်မယ့် ရွှေကြိုဖြစ်တဲ့အတွက် အနုပညာအရည်အချင်းရှိတဲ့ သူတွေ ပါဝင်ရွေးချယ်ခံနိုင်မှာဖြစ်သလို အနုပညာရှင် တွေရဲ့မျိုးဆက်သစ်တွေ လည်းပါဝင်ရွေးချယ်ခံနိုင်မယ်။ အားလုံးကတော့ အရည်အချင်းပေါ်မူ တည်ပြီးတော့ပဲ ရွေးချယ်ခံကြရမှာပါ။
မေး။ Voting result ရဲ့ပွင့်လင်းမြင်သာမှုအပိုင်းနဲ့ပတ်သက်ရင်ရော။
ဖြေ။ အဲဒါကတော့ သိထားသလောက်ပြောရရင် ဒီ Voting က ဖုန်းနဲ့ပေးတာမျိုးမဟုတ်ဘဲ application နဲ့သွားမှာမျိုးပါ။ ပြိုင်ပွဲဝင်တစ်ယောက်ချင်းစီရထားတဲ့ Voting ကို ရာခိုင်နှုန်းနဲ့ တောက်လျှောက်ပြထားတာမျိုး ပါဝင်မယ်လို့သိထားပါတယ်။ ဒီတစ်ယောက်က ရာခိုင်နှုန်းတွေတက်လာပြီ ဒါမှမဟုတ် ရာခိုင်နှုန်း ကျသွားပြီစသဖြင့်ပေါ့။ ပရိသတ်က ကိုယ်အားပေးတဲ့ ပြိုင်ပွဲဝင်ရဲ့ ရာခိုင်နှုန်းအနည်းအများကို တွေ့ခွင့်ရမှာပါ။
မေး။ အကယ်ဒမီဆုရွေးချယ်ရေးအကဲဖြတ်အဖွဲ့ဝင်အနေနဲ့လည်း ပါဝင်နေတယ်နော်။
ဖြေ။ ဒီနှစ်မှ ပထမဆုံးပါဝင်ဖြစ်တာပါ။ ဒီနှစ်က ၀ါရင့်အနုပညာရှင်ကြီးတွေနဲ့အတူ ကျွန်တော်တို့လို လူလတ်ပိုင်းအနုပညာရှင်တွေလည်း ပါဝင်စိစစ်ခွင့်ရတာပေါ့။ ကျွန်တော်တို့ ပထမအဆင့်အနေနဲ့ဇာတ်ကားပေါင်း ၉၆ ကားကိုကြည့်ရှုပြီးပါ ပြီ။ အဲဒီထဲကမှ အမှတ်အများဆုံးရတဲ့ ၂၉ ကားကို ဆန်ခါတင်အနေနဲ့ အကြိမ်ကြိမ်စိစစ်ရွေးချယ်သွားမှာပါ။ ဒီနှစ်မှာ လူငယ်မျိုးဆက်သစ်အနုပညာရှင်တွေရဲ့ဖန်တီးမှုကလည်း အရမ်းကောင်းသလို ၀ါရင့်အနုပညာရှင်တွေရဲ့ဖန်တီးမှုလည်း အရမ်းကောင်းကြတဲ့အတွက် စိစစ်ရတာတော်တော်လေးကို တာဝန်ကြီးပါတယ်။ ကျွန်တော်တို့ကတော့ အကောင်းဆုံး အမှန်ကန်ဆုံးဖြစ်အောင် အသေးစိတ်လေးကအစ စိစစ်ပြီး ရွေး ချယ်ကြရမှာပါ။
မေး။ နှစ်တိုင်းလည်း အကယ်ဒမီနဲ့ပတ်သက်ရင်က ဝေဖန်မှုတွေ၊ အမြင်မတူတာတွေ ထွက်ပေါ်လေ့ရှိတော့ အဲဒီအပေါ်မှာရောဘယ်လိုမြင်လဲ။
ဖြေ။ ဝေဖန်မှုကတော့ရှိနေမှာပါပဲ။ ကျွန်တော်တို့ရဲ့ရွေးချယ်မှုမှာလည်း ဝေဖန် မှုရှိကောင်းရှိနိုင်ပါတယ်။ ကျွန်တော်တို့ကတော့ တတ်နိုင်သမျှ အမှန်ကန်ဆုံး ဖြစ်အောင်၊ ပရိသတ်မျှော်လင့်ချက်နဲ့အနီးစပ်ဆုံးဖြစ်အောင် ရွေးချယ်သွားမှာပါ။ ဒီနှစ်ကတော့ ပရိသတ်တွေရဲ့ဆန္ဒနဲ့လည်း အနီးစပ်ဆုံးထပ်တူကျမယ်လို့တော့ မျှော်လင့်ပါတယ်။
-
eSports လောကသို့ဝင်ရောက်ရန် ဆွေးနွေးမည်ဟု ဘိုင်ယန်မြူးနစ်အသင်း ဘုတ်အဖွဲ့ဥက္ကဋ္ဌ ရူမင်နစ်ဂီ ပြောကြား
-
အာဖဂန်နစ္စတန်မှ ဆုတ်ခွာခဲ့ပြီးနောက် အမေရိကန်သည် စူပါပါ၀ါနိုင်ငံ မဟုတ်တော့ဟု ဗြိတိန် ကာကွယ်ရေးဝန်ကြီးက ပြောကြား
-
မြန်မာနိုင်ငံသို့ သွားရောက်နိုင်ရေး အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့် ကြိုးပမ်းနေဆဲဟု မလေးရှား နိုင်ငံခြားရေးဝန်ကြီး ပြောကြား
-
အစိုးရဆန့်ကျင်ဆန္ဒပြမှုများ ပိုမိုလုပ်ဆောင်ရန် ထိုင်းဆန္ဒပြသူများက စီစဉ်နေကြစဉ် ဝန်ကြီးချုပ် ပရာယွတ်က အယုံအကြည်မရှိအဆိုမဲခွဲမှုကို ကျော်လွှားနိုင်ခဲ့
-
တစ်လအတွင်း ထိုင်းနိုင်ငံမှ တန်ဖိုးဒေါ်လာ သုည ဒသမ ၂၈ သန်းကျော်ရှိသည့် ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ ကျော် တင်သွင်း