Top News

(၉၂) ကြိမ်မြောက် အော်စကာဆုပေးပွဲတွင် တောင်ကိုရီးယားဇာတ်ကား Parasite က အကောင်းဆုံးဇာတ်ကားဆု အပါအဝင် ဆု လေးဆု ရရှိ
24htopnews | June 1, 2024 3:12 PM CST

 

ကယ်လီဖိုးနီးယားပြည်နယ်ရှိ Dolby ပြဇာတ်ရုံ၌ ဖေဖော်ဝါရီ ၉ ရက်က ကျင်းပခဲ့သည့် ဟောလိဝုဒ်၏ ထိပ်တန်းရုပ်ရှင် ဆုပေးပွဲသော အော်စကာဆုပေးပွဲတွင် တောင်ကိုရီးယားဇာတ်ကား Parasite က အကောင်းဆုံး ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ မူရင်းဇာတ်ညွှန်းဆုနှင့် အကောင်းဆုံး နိုင်ငံခြားဘာသာ စကားပြောဇာတ်ကားဆုတို့ကို ဆွတ်ခူးခဲ့သည်။

 

တောင်ကိုရီးယားတွင် လူတန်းစားကွာဟချက်အကြောင်းကို သရော်ရိုက်ကူးထားသည့် ယင်းဇာတ်ကားသည် အော်စကာဆုပေးပွဲ သမိုင်းတစ်လျှောက်တွင် အကောင်းဆုံး ဇာတ်ကားဆုရရှိသည့် ပထမနိုင်ငံခြားဘာသာ စကားပြောဇာတ်ကား ဖြစ်လာခဲ့သည်။

အကောင်းဆုံးအမျိုးသား သရုပ်ဆောင်ဆုကို ဟွာကင်းဖီးနစ်က Joker ဇာတ်ကားဖြင့် ရရှိခဲ့ပြီး အကောင်းဆုံးအမျိုးသမီး သရုပ်ဆောင်ဆုကို Renee Zellweger က Judy ဇာတ်ကားဖြင့် ရရှိခဲ့သည်။

အကောင်းဆုံး အမျိုးသားဇာတ်ပို့ သရုပ်ဆောင်ဆုကို ဘရက်ပစ်က Once Upon a Time in Hollywood ဇာတ်ကားဖြင့်ရရှိခဲ့ပြီး အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့သရုပ်ဆောင်ဆုကို Laura Dern က Marriage Story ဇာတ်ကားဖြင့် ရရှိခဲ့သည်။ အကောင်းဆုံးအန်နီမေးရှင်း ဇာတ်ကားဆုကို Toy Story 4 က ရရှိခဲ့သည်။

အကောင်းဆုံးဇာတ်ကားဆုအတွက် ရေပန်းစားခဲ့သည့် 1917 ဇာတ်ကားသည်  အကောင်းဆုံးရုပ်ရှင် အတတ်ပညာရှင်ဆု၊ Best Sound Editing ဆု၊ Best Sound Mixing ဆုနှင့် Best Visual Effects ဆုတို့သာ ဆွတ်ခူးခဲ့သည်။

 


READ NEXT
Cancel OK