Top News

Squid Game မပြမီက Kim Joo Ryoung တွင် အင်စတာဂရမ်ဖော်လိုဝါ ၄၀၀ သာရှိ
24htopnews | June 1, 2024 1:12 AM CST

Squid Game တောင်ကိုရီးယားဇာတ်  လမ်းတွဲမပြသမီနှင့် ပြသပြီးနောက်ပိုင်း သူမ ၏အောင်မြင်လူသိများလာမှုကို Kim Joo Ryoung ကနှိုင်းယှဉ်ပြောပြခဲ့သည်။ Squid Game ထဲမှ Han Mi Nyeo  ဇာတ်ကောင်သည် သူမကို ပရိသတ်သတိထားမိစေခဲ့ပြီး မိမိအတွက်အကျိုးရှိမည်ဆိုပါက မည်သည့် အဖွဲ့၊ မည်သူ့ကိုမဆို အသုံးချရန် ဝန်မလေးသည့် အပြောင်းအလဲလွယ်သူဇာတ်ရုပ်ကို ပီပြင်ခဲ့သည်။

မကြာသေးမီက အင်တာဗျူးတစ်ခုတွင် Kim Joo Ryoung က သူမ၏အင်စတာဂရမ်တွင် ဖော်လိုဝါပရိ သတ်များစွာတိုးလာကြောင်း ပြောဆိုသွားသည်။

“အရင်ကကျွန်မမှာ ဖော်လိုဝါ ၄၀၀ ပဲရှိတာ။ အခုကြည့်လိုက်တော့ ၁.၆၈ သန်းတောင် ဖြစ်နေတယ်။ ဘာ ဖြစ်သွားလဲတောင် ကျွန်မဖြင့် နားမလည်ဘူး။ နိုင်ငံခြားက ပရိသတ်တွေလည်း အများကြီးပါတယ်။ မတူတဲ့ဘာသာစကားတွေနဲ့ ကျွန်မကိုအားပေးတဲ့ စာတွေရေးပို့ကြတယ်။ တစ်ဦးတစ်ယောက်ချင်းစီကို စာပြန်ချင်ပေမယ့် မပြန်နိုင်တဲ့အတွက် တောင်းပန်ပါတယ်” ဟု ထည့်ပြောသွားသည်။ အောက်တို ဘာ၂၆ ရက်တွင် သူမ၏အင်စတာဂရမ် ဖော်လိုဝါပေါင်း ၂.၂ သန်းအထိ တက်လာခဲ့သည်။

“ဘဝမှာ ခုလိုတွေကြုံရမယ်လို့ မယုံနိုင်ဘူး။ သူတို့ကို ဘယ်လိုကျေးဇူးတင်ရမယ်တောင် မသိဘူး။ ခုဆို ကျွန်မကိုလူတွေ ပိုသိပိုချစ်လာတယ်လို့ ခံစားမိတယ်။ ဒီတော့ ကျွန်မရဲ့ လုပ်ရပ်တွေပေါ်မှာ ပိုပြီးဂရုတစိုက်နေရ တော့မယ်ထင်တယ်” ဟုလည်း သူမကပြောသည်။

Squid Game ရိုက်ကူးခဲ့စဉ်က အမှတ်တရများနှင့် ပတ်သက်၍လည်း သူမကရိုက်ကွင်းတွင် သရုပ်ဆောင်အချင်းချင်း ရင်းရင်းနှီးနှီးရှိခဲ့ကြပြီး ဇာတ်ဝင်ခန်းနောက်တစ်ခန်းကို မရိုက်မီစပ်ကြားတွင် အားလုံးရယ်မောနေရသည်ဟု ဆိုသည်။ ဘယ်ဟာရွေးပြောရမှန်မသိအောင် ဇာတ်ဝင်ခန်းနောက်ကွယ်မှ အ      မှတ်တရဖြစ်ရပ် များစွာရှိခဲ့ကြပြီး ရယ်လည်း အတူ၊ ငိုလည်းအတူ ဒါရိုက်တာ ရိုက်ကူးရေး အဖွဲ့သားများနှင့် အဆင်ပြေကာ မေ့ရတော့မည်မဟုတ်သည့် အတွေ့အကြုံတစ်ခုကို ရလိုက်သည်ဟု မျှဝေခဲ့သည်။


READ NEXT
Cancel OK