BLACKPINK အဖွဲ့ဝင် လီဆာသည် သူမတစ်ကိုယ်တော်သီဆိုထားသည့် “LALISA” သီချင်းဖြင့် ကမ္ဘာ့ဂင်းနစ်စံချိန် နှစ်ခုတင်သွားပြီဖြစ်သည်။
အောက်တိုဘာ ၈ ရက်တွင် ကမ္ဘာ့ဂင်းနစ်စံချိန်အဖွဲ့က “LALISA” သီချင်းဖြင့် တင်ထားသည့် စံချိန်နှစ်ခုကို ၎င်းတို့တရားဝင် အသိအမှတ်ပြုကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
လီဆာ၏ တစ်ကိုယ်တော်သီချင်း “LALISA” သည် Solo Artist တစ်ဦး၏ ၂၄ နာရီအတွင်း လူကြည့်အများဆုံး You Tube MV (music video) အဖြစ် ကမ္ဘာ့စံချိန်တင်ထားကြောင်း You Tube က အတည်ပြုခဲ့သည်။ ထိုသီချင်းထွက်လာပြီးနောက် ၂၄ နာရီအတွင်း ကြည့်ရှုမှုအကြိမ်ရေ ၇၃.၆ သန်းရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် တေလာဆွစ်၏ ME! သီချင်း ကြည့်ရှုခံရမှုအကြိမ်ရေ ၆၅.၂ သန်းစံချိန်ကို ကျော်တက်သွားခြင်းဖြစ်သည်။
ထို့ပြင် တစ်ဖွဲ့တည်းဖြစ်သည့် Rose ၏ တစ်ကိုယ်တော်သီချင်း On the Ground ကြည့်ရှုခံရမှုအကြိမ်ရေ ၄၁.၆ သန်းစံချိန်ကို ကျော်ကာလီဆာ၏ “LALISA” သီချင်းက ၂၄ နာရီအတွင်း လူကြည့်အများဆုံး Solo K-pop Artist တစ်ဦး၏ YouTube MV အဖြစ်လည်း စံချိန်တင်ထားသည်။
-
ရန်ကုန်အထိုင်စျေး အခြေခံလက်ကားရည်ညွှန်းစျေးနှုန်း စားအုန်းဆီတစ်ပိဿာလျှင် ၇၁၀၅ ကျပ်ဖြစ်ပြီး ယခင်တစ်ပတ်ထက် စားအုန်းဆီရည်ညွှန်းစျေး ကျပ် ၃၈၀ မြင့်တက်
-
ပြင်သစ်ထိပ်သီးကလပ် လိုင်ယွန်အသင်း ဘဏ္ဍာရေးပြဿနာကြောင့် ရာသီကုန်တွင် လီဂူး-၂ သို့ တန်းဆင်းရန် ပြစ်ဒဏ်ချမှတ်ခံရ
-
ပေါ့ဘာနှင့် ဂျူဗင်တပ်စ်အသင်း နိုဝင်ဘာလကုန်တွင် စာချုပ်ဖျက်သိမ်းရန် သဘောတူညီမှုရရှိ
-
မျှော်လင့်ခြင်းများစွာဖြင့်
-
Nations League နဲ့ မျှော်လင့်ခြင်းများဆီသို့