ဧပြီ ၂၂ ရက်တွင် ရန်ကုန်ရွှေအသင်းက ထုတ်ပြန်သည့် အကယ်ဒမီမီးလင်းရွှေစျေးကွက်စျေးနှုန်း တစ်ကျပ်သားလျှင် ကျပ် ၃၉၉၈၈၀၀ ဝန်းကျင်ဖြစ်ကြောင်းသိရသည်။
မတ် ၂၂ ရက်တွင် ရန်ကုန်ရွှေအသင်းက ထုတ်ပြန်သည့် အကယ်ဒမီမီးလင်းရွှေစျေးကွက်စျေးနှုန်း တစ်ကျပ်သားလျှင် ကျပ် ၃၇၉၄၃၀၀ ဝန်းကျင်ဖြစ်ကြောင်း သိရသည်။
မတ် ၁၃ ရက်က ပြင်ပစျေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၄၁ သိန်း ကျော်သို့ရောက်ရှိလာကြောင်း သိရသည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၄ ရက်တွင် ရန်ကုန်ရွှေအသင်းက တစ်ကျပ်သားလျှင် ကျပ် ၂၂၈၅၅၀၀ ဝန်းကျင်ဖြင့် စျေးပိတ်ခဲ့ပြီး ပြင်ပစျေးကွက်၌ ပြည်တွင်းရွှေစျေး ကျပ် ၂၈၂၃၀၀၀ ဝန်းကျင်ရှိခဲ့သည်။
ပြီးခဲ့သည့်စက်တင်ဘာ ၁၀ ရက်တွင် အခေါက်ရွှေစျေးနှုန်းမှာ တစ်ကျပ်သားလျှင် ကျပ် ၃၁၁၀၀၀၀ ဝန်းကျင်ဖြင့် စတင်စျေးဖွင့်ခဲ့ပြီး ကျပ် ၃၁၃၀၀၀၀ ဝန်းကျင်ဖြင့် စျေးပိတ်ခဲ့ကာ အနိမ့်ဆုံး ကျပ် ၃၁ဝဝဝဝဝနှင့် အမြင့်ဆုံး ကျပ် ၃၁၃၀၀၀၀ ဝန်းကျင်ရှိခဲ့သည်။
စံချိန်တင်စျေးနှုန်းအနေဖြင့် သြဂုတ်၁၂ ရက်တွင် အခေါက်ရွှေစျေးနှုန်းမှာ တစ်ကျပ်သားလျှင် ကျပ် ၂၆ သိန်းသို့ ရောက်ရှိခဲ့ပြီး သြဂုတ် ၁၃ တစ်ရက်တည်းတွင် နံနက်ပိုင်း၌ ၂၇ သိန်း၊ နေ့လည်ပိုင်းတွင်၂၈ သိန်းကျော်အထိ စံချိန်တင်မြင့်တက်ခဲ့ပြီး သြဂုတ် ၃၁ ရက်က ၃၆၇၀၀၀၀ ထိ စံချိန်တင်မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၆ ခုနှစ်မှစ၍၂၀၂၁ ခုနှစ် အထိ ပြည်တွင်းရွှေစျေးနှုန်း စံချိန်တင်စျေးနှုန်းများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ကာ နှစ်အလိုက် စံချိန်တင်စျေးနှုန်းများမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက် တွင် ကျပ် ၁၀၈၈၅၀၀၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁၁၄၃၅၀၀၊ ၂၀၁၉ ခုနှစ် သြဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊ ၂၀၁၉ စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀၊ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၇ ရက်တွင် ကျပ် ၁၃၃၅၅၀၀၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ ဖြစ်သည်။
ရွှေစျေးနှုန်းသည် ၂၀၁၇ ခုနှစ်တွင် ကျပ် ၉၀၀၀၀၀ တန်း၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၀၀၀၀၀၀ တန်း၊ ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၁၀၀၀၀၀ တန်းနှင့် ကျပ် ၁၂၀၀၀၀၀ တန်းကို ကျော်လွန်လာခဲ့ပြီး ၂၀၁၉ ခုနှစ် စက်တင် ဘာတွင် ကျပ် ၁၃၁၀၀၀၀ ကျော်အထိ မြင့်တက်ခဲ့ခြင်းဖြစ်ကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ အထိ စံချိန်တင်မြင့်တက်ခဲ့သည်။
လအလိုက်ဖြစ်ပေါ်ခဲ့သော အနိမ့်ဆုံးနှင့်အမြင့်ဆုံးကမ္ဘာ့ရွှေစျေးနှုန်းများမှာ ၂၀၂၀ ပြည့်နှစ်ဧပြီတွင် ၁၅၆၈-၁၇၂၉ ဒေါ်လာ၊ မေတွင် ၁၆၈၃-၁၇၄၈ ဒေါ်လာ၊ ဇွန်တွင် ၁၆၈၀-၁၇၇၉ ဒေါ်လာ၊ စက်တင်ဘာတွင် ၁၈၄၈-၁၉၇၅ ဒေါ်လာ၊ အောက်တိုဘာတွင် ၁၈၅၈- ၁၉၃၃ ဒေါ်လာ၊ နိုဝင်ဘာတွင် ၁၇၆၄ - ၁၉၆၆ ဒေါ်လာ၊ ဒီဇင်ဘာတွင် ၁၇၇၆-၁၉၀၆ ဝန်းကျင်ရှိခဲ့ခြင်းဖြစ်သည်။
-
ထရန့်က ကုန်သွယ်ရေးနှင့် ပညာရေးဝန်ကြီးရာထူးနေရာများအတွက် အမည်စာရင်းတင်သွင်း
-
ဝေဖန်ခံနေရသည့် အသင်းဖော် ချူပိုမိုတင်းကို ဘာပေ အားပေး
-
ပရီးမီးယားလိဂ်သို့ ပြန်လည်ပြောင်းရွှေ့မည်မဟုတ်ဟု ကော်တင်ဟို ပြောကြား
-
သထုံမြို့နယ်တွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည့် Puma Power စက်သုံးဆီအရောင်းဆိုင် မန်နေဂျာကို ၁၀ ရက်ကြာသည်အထိ အဆက်အသွယ်မရသေး
-
ဖိလစ်ပိုင်တွင် ဆဋ္ဌမမြောက် တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် မြေပြိုမှုများဖြစ်ပွားပြီး လူခုနစ်ဦး သေဆုံး