Blackpink အဖွဲ့ဝင်ဂျင်းနီက ကိုရီးယားလူငယ်များအတွက် စီမံကိန်းတစ်ခုကို ထောက်ပံ့ပေးသည့်အနေဖြင့် ဝမ်သန်း၁၀၀(အမေရိကန်ဒေါ်လာ ၇၀,၀၀၀) ကျော်ကို အဖွဲ့၏ပရိသတ်အမည်ဖြစ်သည့် Blinks အမည်ဖြင့် လှူဒါန်းပေးခဲ့သည်ဟု အကျိုးမယူအဖွဲ့အစည်း Habitat For Humanity Korea က မေ ၁၆ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ယင်းလှူဒါန်းမှုကို Rodemnamu International Alternative School ဆောက်လုပ်ရေးအတွက် အသုံးပြုသွားမည်ဟုတောင် ကိုရီးယားသတင်းဌာန Newsen ကထုတ်ပြန်ခဲ့သည့် မှတ်တမ်းတွင်ဖော်ပြထားသည်။
ယင်းမှတ်တမ်း၌“ကျွန်တော်တို့အနေနဲ့ ဂျင်းနီနဲ့ Blinks တွေကို သူတို့ရဲ့တန်ဖိုးရှိတဲ့ လှူဒါန်းမှုအတွက်ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ Habitat Korea အနေဖြင့် နွေးထွေးတဲ့နှလုံးသားတွေကို ကာလကြာရှည် အမြဲတမ်းအမှတ်ရနေမှာပါ”ဟုဖော်ပြထားသည်။
တောင်ကိုရီးယားနိုင်ငံ ဂယောင်းဂီပြည် နယ်အန်ဆီယောင်းမြို့တွင် Rodemnamu International Alternative School ကို တည်ဆောက်သွားမှာဖြစ်ကာ Koryoin (ဆိုဗီယက်ခေတ်လွန်ပြည်နယ်များမှ မျိုးနွယ်စု ကိုရီးယားနိုင်ငံသား) ဆယ်ကျော်သက်များကို ပညာသင်ကြားပေးမည်ဖြစ်သည်။
-
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ငါးခုတွင် ရာသီဥတု ပြောင်းလဲမှုများနှင့် မြေဆီလွှာ တိုက်စားမှု လျှော့ချရန်အတွက် ရေဝေရေလဲ နေရာငယ်များတွင် ဒေသနှင့် ကိုက်ညီသည့်သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းမှု ပြုလုပ်
-
ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ (LDC) တွင် မြန်မာနိုင်ငံသည် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အများဆုံး ရရှိခဲ့ပြီး မကြာမီ LDC စာရင်းဝင်နိုင်ငံအဖြစ်မှ လွတ်မြောက်တော့မည်ဟု ကုလသမဂ္ဂ အစီရင်ခံစာ၌ ဖော်ပြ
-
ဟေတီတွင် ရာဇဝတ်ဂိုဏ်းများနှင့် ဆက်နွှယ်သည့် အကြမ်းဖက်မှုများကြောင့် လူ ၂၀,၀၀၀ ကျော် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်
-
■ စီးရီးအေ ပွဲစဉ်(၆)၊ ဂျာမန်ဖလား ပထမအဆင့်နှင့် ပြင်သစ်လီဂူး ပွဲစဉ်(၆) ပွဲကြိုသုံးသပ်ချက်
-
■ ဟူစတန်ဒိုင်နမိုအသင်းနှင့် ယှဉ်ပြိုင်ရမည့် အင်တာမိုင်ယာမီအသင်း၏ US Open Cup ဗိုလ်လုပွဲကိုလည်း မက်ဆီ လွဲချော်ဖွယ်ရှိနေ