၂၀၂၀ ပြည့်နှစ် ဧပြီလကုန်အထိ မြန် မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၂၀၇၂၈ ဘီ လျံကျော် ခွင့်ပြုထားပြီး အိမ်ခြံမြေဖွံ့ဖြိုးရေး၊ ကုန်ထုတ်လုပ်မှု၊ ပို့ဆောင်ဆက်သွယ်ရေး၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းနှင့် ဆောက် လုပ်ရေးလုပ်ငန်း ကဏ္ဍတို့တွင် အများဆုံး မြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။
မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများ၏ လုပ်ငန်း ၁၇၀၈ ခုကို လုပ်ငန်းကဏ္ဍ ၁၁ ခုတွင် ရင်းနှီးမြှုပ်နှံခွင့် ပြုထားခြင်းဖြစ်ပြီး စုစုပေါင်းပမာဏ ကျပ် ၂၀၇၂၈၄၉၁ ဒသမ ၂၄၈ သန်း (ကျပ် ၂၀၇၂၈ဘီလျံကျော်) ရှိခြင်းဖြစ်သည်။
ကဏ္ဍအလိုက် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုများမှာ အိမ်ခြံမြေဖွံ့ဖြိုရေး ကဏ္ဍတွင် ကျပ် ၄၇၀၄ ဒသမ ၂၇၈ ဘီလျံ (လုပ်ငန်း ၉၂ ခု)၊ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် ကျပ် ၃၈၅၇ ဒသမ ၅၇၅ ဘီလျံ (လုပ်ငန်း ၉၂၀ ခု)၊ ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍတွင် ကျပ် ၃၀၁၃ ဒသမ ၈၀၁ ဘီလျံ (လုပ်ငန်း ၅၂ ခု)၊ ဟိုတယ်နှင့် ခရီးသွားလာရေး ကဏ္ဍတွင် ကျပ် ၂၁၉၅ ဒသမ ၆၈၅ ဘီလျံ (လုပ်ငန်း ၁၉၁ ခု)၊ ဆောက်လုပ်ရေးကဏ္ဍတွင် ကျပ် ၁၁၃၂ ဒသမ ၆၀၇ ဘီလျံ (လုပ်ငန်း ၆၈ ခု) တို့ဖြစ်သည်။
ထို့ပြင် စက်မှုဖွံ့ဖြိုးရေးကဏ္ဍတွင် ကျပ် ၈၉၉ ဒသမ ၈၂၈ ဘီလျံ (လုပ်ငန်း ၁၂ ခု)၊ စွမ်းအင်ကဏ္ဍတွင် ကျပ် ၈၂၁ ဒသမ ၁၂၉ ဘီလျံ (လုပ်ငန်း ၂၂ ခု)၊ မွေမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ကျပ် ၃၇၀ ဒသမ ၂၅၉ ဘီလျံ (လုပ်ငန်း ၉၁ ခု)၊ သတ္တုတူးဖော်ရေး ကဏ္ဍတွင် ကျပ် ၂၁၂ ဒသမ ၃၈၉ ဘီလျံ (လုပ် ငန်း ၇၂ ခု)၊ စိုက်ပျိုးရေး ကဏ္ဍတွင် ကျပ် ၈၉ ဒသမ ၆၃၅ ဘီလျံ (လုပ်ငန်း ၁၈ ခု) နှင့် အခြားကဏ္ဍတွင် ကျပ် ၃၄၂၆ ဒသမ ၆၅၈ ဘီ လျံ (လုပ်ငန်း ၁၆၉ ခု)၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ကျပ် ၄ ဒသမ ၆၄၀ ဘီလျံ (လုပ်ငန်းတစ်ခု) ရင်းနှီးမြှုပ်နှံခွင့် ပြုထားကြောင်း သိရသည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ကုန် (၂၀၁၆ မတ်လကုန်) အထိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၁၁၆၂၄ ဘီလျံကျော်ရှိပြီး လက်ရှိအစိုးရ တက်ရောက်ပြီး သက်တမ်းလေးနှစ်တစ်လအတွင်း (၄၉ လတာကာလ အတွင်း) ကျပ် ၉၁၀၄ ဘီလျံဝန်းကျင် ရင်းနှီး မြှုပ်နှံခဲ့ခြင်းဖြစ်သည်။ ပြည်တွင်းလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုသည် အိမ်ခြံမြေဖွံ့ဖြိုးရေး ကဏ္ဍတွင် အဓိကများပြားလာခဲ့ရာ ယခင်ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု အများဆုံး ကဏ္ဍဖြစ်သော ကုန်ထုတ်လုပ်မှုကဏ္ဍကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင်စတင် ကျော်ဖြတ်၍ ထိပ်ဆုံးရောက်ရှိလာခဲ့သည်။
၂၀၂၀ ပြည့်နှစ် ဧပြီလအထိ ရင်းနှီး မြှုပ်နှံထားသော ကျပ် ၂၀၇၂၈ ဘီလျံကျော် ၏ ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှု ရာခိုင်နှုန်းမှာ အိမ်ခြံမြေဖွံ့ဖြိုရေး ကဏ္ဍတွင် ၂၂ ဒသမ ၆၉ ရာခိုင်နှုန်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ၁၈ ဒသမ ၆၁ ရာခိုင်နှုန်း၊ ပို့ဆောင်ဆက်သွယ် ရေးကဏ္ဍတွင် ၁၄ ဒသမ ၅၄ ရာခိုင်နှုန်း၊ ဟို တယ်နှင့် ခရီးသွားလာရေး ကဏ္ဍတွင် ၁၀ ဒသမ ၅၉ ရာခိုင်နှုန်း၊ ဆောက်လုပ်ရေးကဏ္ဍတွင် ၅ ဒသမ ၄၆ ရာခိုင်နှုန်း၊ စက်မှုဖွံ့ဖြိုးရေး ကဏ္ဍတွင် ၄ ဒသမ ၃၄ ရာခိုင်နှုန်း၊ စွမ်းအင် ကဏ္ဍတွင် ၃ ဒသမ ၉၆ ရာခိုင်နှုန်း၊ မွေမြူ ရေးနှင့် ရေလုပ်ငန်း ကဏ္ဍတွင် ၁ ဒသမ ၇၉ ရာခိုင်နှုန်း၊ သတ္တုတူးဖော်ရေး ကဏ္ဍတွင် ၁ ဒသမ ၀၂ ရာခိုင်နှုန်း၊ စိုက်ပျိုးရေး ကဏ္ဍတွင် ၀ ဒသမ ၄၃ ရာခိုင်နှုန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် ၀ ဒသမ ၀၂ ရာခိုင်နှုန်း၊ အခြားကဏ္ဍတွွင် ၁၆ ဒသမ ၅၃ ရာခိုင်နှုန်း တို့ဖြစ်သည်။
နိုင်ငံသား ရင်းနှီးမြှုပ်နှံသူများသည် နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံရာတွင် ကင်းလွတ်ခွင့်၊ သက်သာခွင့်များ ရရှိရန်အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုမိန့်ရရှိရေးအတွက် သတ်မှတ်ထားသော အဆိုပြုလွှာ ပုံစံဖြည့်ခြင်း၊ ၎င်းအဆိုပြုလွှာကို နေပြည်တော်ရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ တင်ပြခြင်းများ ဆောင်ရွက်ရကြောင်း သိရသည်။
ပြည့်စုံသော အဆိုပြုလွှာများကို အဆိုပြုလွှာ စိစစ်ရေးအဖွဲ့ (Proposal Assessment Team) အစည်းအဝေးသို့ တင်ပြဆွေးနွေးခြင်း၊ အဆိုပြုလွှာ စိစစ်ရေးအဖွဲ့ အစည်းအဝေးမှ အတည်ပြုပါက အဆိုပြုချက်ကို လက်ခံကြောင်း၊ ငြင်းပယ်ကြောင်း အဆိုပြုလွှာ တင်သွင်းသူထံ အကြောင်းပြန်ခြင်း၊ လက်ခံပြီးသည့် အဆိုပြုလွှာနှင့် ပတ်သက်၍ ကော်မရှင်ရုံးအဖွဲ့က သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ သဘောထား၊ သက်ဆိုင်ရာ ဝန်ကြီးဌာန သဘောထားများ တောင်းခံခြင်း၊ သဘောထားမှတ်ချက် ပြည့်စုံပါက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က အစည်းအဝေးသို့ အဆိုပြုချက်ကို တင်ပြဆွေးနွေးခြင်း၊ MIC အစည်းအဝေးမှ ခွင့်ပြုကြောင်း ဆုံးဖြတ်ပါက ရင်းနှီးမြှုပ်နှံသူထံ ခွင့်ပြုမိန့် ထုတ်ပေးကြောင်း သိရသည်။
-
ဖိလစ်ပိုင်ကို အရေးနိမ့်ခဲ့သည့် မြန်မာအမျိုးသမီးအသင်း အာရှအားကစားပြိုင်ပွဲ အုပ်စုအဆင့်မှ ထွက်ခဲ့ရ
-
■ နည်းပြဘဝအတွက် အူန်ယွန်းဘာလင်ကို ရွေးချယ်ခဲ့ခြင်းဟု ဘိုနူချီ ဆို
-
■ ရီးယဲလ်နှင့် ကာမာဗင်ဂါ သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် နီးစပ်
-
■ မာဆေးလ်အသင်းကို ဆော်ဒီရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ဝယ်ယူနိုင်ခဲ့ပါက ဇီဒန်းကို နည်းပြအဖြစ် ခန့်အပ်ရန် သဘောတူညီမှုရရှိထား
-
■ လီဗာပူးလ်အသင်း၏ ရှယ်ယာအချို့ကို အသင်းပိုင်ရှင်များဖြစ်သည့် FSG က အမေရိကန်လုပ်ငန်းစု Dynasty Equity သို့ ရောင်းထုတ်