အမေရိကန်ရုပ်ရှင်မင်းသား ဘန်အက်ဖလက်နှင့် အကဘုရင်မဂျနီဖာလိုပက်ဇ်(ဂျေလို)တို့ ကွာရှင်းတော့မည်ဖြစ်ပြီး ဘန်က အိမ်ခွဲနေထိုင်နေသည်ဟုပင် သတင်းပေးတစ်ဦးက အနုပညာသတင်းများကိုဖော်ပြနေသည့် In Touch သို့ပြောသည်။
ဘန်နှင့်ဂျေလိုတို့ကို ယခုနောက်ပိုင်း အတူတွဲမမြင်ရတော့သည်ကို ပရိသတ်များက သတိထားမိလာကြသည်။မေ ၆ ရက်ကကျင်းပသည့် Met Gala ဖက်ရှင်ပွဲတွင်လည်း ဂျေလိုက ပူးတွဲသဘာပတိအဖြစ် တက်ရောက်ခဲ့သော်လည်း ဘန်မတက်ပေ။ မတက်ရခြင်းက The Accountant 2 ဇာတ်ကားရိုက်နေရသဖြင့် မအား၍ဟု ဘန်ကအကြောင်းပြခဲ့ သည်။သို့သော် In Touch သို့သတင်းပေးလာ သူက ဘန်သည် ဂျေလိုနှင့်အိမ်ထောင်ရေးကို အဆုံးသတ်ရန် ဆုံးဖြတ်ထားပြီဟုဆိုသည်။
“ဘန်က သူ့ရဲ့အလုပ်နဲ့ကလေးတွေကိုပဲ လောလောဆယ်အာရုံစိုက်နေတယ်။သူအိမ်တောင်ပြောင်းလာပြီးပြီ။ နှစ်နှစ်လောက်အချိန်ပေးရှာထားတဲ့ အခုအိမ်ကို ရောင်းရင်ရောင်းလိမ့်မယ်။တစ်ယောက်နဲ့တစ်ယောက် ချစ်နေတာကို ရပ်လိုက်မှာမဟုတ်ဘူး။ဒါပေမဲ့ဘန်ကို သူအမြဲထိန်းချုပ်လို့မရသလို ဘန်ကလည်း သူ့ကိုပြောင်းလဲလို့မရဘူး။ဒီတော့တည်မြဲဖို့လမ်း မရှိတော့ဘူူး” ဟု သတင်းပေးဆိုသူက ပြောသည်။
၎င်းတို့နှစ်ဦး၏ပြဿနာက အောင်မြင်မှုအပေါ် တုံ့ပြန်မှုကွဲနေခြင်းဖြစ်သည်။ဂျေလိုက မီဒီယာများ၏အာရုံစိုက်မှုကို နှစ်သက်ကာ ဘန်က ထိုသို့မဟုတ်ပေ။၂၀၀၂ ခုနှစ်တွင် ရုပ်ရှင်ရိုက်ကွင်းတစ်ခု၌ ၎င်းတို့စတွေ့ခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် စေ့စပ်လိုက်ကြသည်။သို့သော် မီဒီယာများက အာရုံစိုက်လွန်းသည်ဆိုသည့် အကြောင်းပြချက်ဖြင့် ၂၀၀၄ ခုနှစ်တွင် လမ်းခွဲလိုက်ကြသည်။
-
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ငါးခုတွင် ရာသီဥတု ပြောင်းလဲမှုများနှင့် မြေဆီလွှာ တိုက်စားမှု လျှော့ချရန်အတွက် ရေဝေရေလဲ နေရာငယ်များတွင် ဒေသနှင့် ကိုက်ညီသည့်သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းမှု ပြုလုပ်
-
ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ (LDC) တွင် မြန်မာနိုင်ငံသည် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အများဆုံး ရရှိခဲ့ပြီး မကြာမီ LDC စာရင်းဝင်နိုင်ငံအဖြစ်မှ လွတ်မြောက်တော့မည်ဟု ကုလသမဂ္ဂ အစီရင်ခံစာ၌ ဖော်ပြ
-
ဟေတီတွင် ရာဇဝတ်ဂိုဏ်းများနှင့် ဆက်နွှယ်သည့် အကြမ်းဖက်မှုများကြောင့် လူ ၂၀,၀၀၀ ကျော် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်
-
■ စီးရီးအေ ပွဲစဉ်(၆)၊ ဂျာမန်ဖလား ပထမအဆင့်နှင့် ပြင်သစ်လီဂူး ပွဲစဉ်(၆) ပွဲကြိုသုံးသပ်ချက်
-
■ ဟူစတန်ဒိုင်နမိုအသင်းနှင့် ယှဉ်ပြိုင်ရမည့် အင်တာမိုင်ယာမီအသင်း၏ US Open Cup ဗိုလ်လုပွဲကိုလည်း မက်ဆီ လွဲချော်ဖွယ်ရှိနေ