မွန်ပြည်နယ်ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် နှင်းဆီအဖွဲ့သားများ၏ ရန်ပုံငွေအငြိမ့်တင်ဆက်မှုအား မကြာမီပြုလုပ်သွားရန် စီစဉ်ထားသည်ဟု သိရသည်။
‘နှင်းဆီလှေ’ ဟု အမည်ပေးထားသည့် အဆိုပါရန်ပုံငွေပွဲတွင် ရရှိလာသည့် အကျိုးအမြတ်များအားလုံးကို ရေဘေးသင့် ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။ ‘နှင်းဆီ လှေ’ ဟု အမည်ပေးထားသည့် အငြိမ့်ဖျော်ဖြေမှုအတွက် နှင်းဆီအဖွဲ့သားများသည် စတင်ညှိနှိုင်းမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။
‘နှင်းဆီလှေ’ အငြိမ့်တင်ဆက်မှုတွင် ဒါရိုက်တာအကယ်ဒမီမောင်မျိုးမင်း (ရင်တွင်းဖြစ်) က စီစဉ်မည်ဖြစ်ပြီး သရုပ်ဆောင်အကယ်ဒမီနေတိုး၊ အကယ်ဒမီမင်းမော်ကွန်း၊ အကယ်ဒမီကျော်ကျော်ဗိုလ်၊ အကယ်ဒမီထွန်းထွန်းတို့က လူရွှင်တော်များအဖြစ် ပါဝင်မည်ဖြစ်ပြီး မင်းသမီးများအဖြစ်ဖူးစုံ၊ မေကဗျာ၊ မိုးယုစံတို့က ပါဝင်တင်ဆက်မည်ဖြစ်ကြောင်း သိရသည်။
“ရေဘေးသင့်ဒေသကို ပြန်လည်ထူထောင်ရေးအတွက် နှင်းဆီအငြိမ့် ကပြဖို့ရှိပါတယ်။ နှင်းဆီဖောင်ဒေးရှင်းကတော့ ပုံမှန်နှစ်တိုင်းလိုလိုမှာ ဒုက္ခရောက်သည်ဖြစ်စေ၊ မရောက်သည်ဖြစ်စေပွဲကပြီး လှူနေကြဆိုတော့ ဒီနှစ်ကရေဘေးသင့်သူတွေအတွက် လှူဒါန်းဖို့ဆုံးဖြတ်လိုက်တာပါ။ ရေဘေးအတွက်ကို တော်တော်လေးပြင်းပြင်းထန်ထန် ပျက်စီးဆုံးရှုံးမှုများတဲ့အခါကျတော့ ပြန်လည်ထူထောင်ရေးအတွက် မဖြစ်မနေငွေကြေး အမြောက်အမြား လိုအပ်ပါတယ်။ ဒါကြောင့်ကျွန်တော်တို့ နှင်းဆီအဖွဲ့လည်း တတ်အားသရွေ့ ကူညီဖို့ဆုံးဖြတ်လိုက်တာပါ။ အခုလိုသတင်းတွေ မြင်ကွင်းတွေမြင်ရကြားရတဲ့အခါ ဒုက္ခရောက်ရတဲ့ မိသားစုများနဲ့ ထပ်တူခံစားရပါတယ်။ ကိုယ့်ရဲ့သွေးချင်းသားချင်း ညီအစ်ကိုမောင်နှမများ ဒုက္ခရောက်နေသလို ခံစားရပါတယ်။ တစ်လခွဲ နှစ်လလောက်အတွင်းမှာ အမြန်ဆုံးအငြိမ့်ကနိုင်အောင်လည်း ကြိုးစားနေပါတယ်။ ကျွန်တော်တို့ အဖွဲ့သားအားလုံး အမြန်ဆုံး ပြင်ဆင်ကြိုးပမ်းသွားမှာပါ”ဟု သရုပ်ဆောင် အကယ်ဒမီနေတိုးက ဆိုသည်။
နှင်းဆီအဖွဲ့သားများသည်အငြိမ့် တင်ဆက်ကပြရန်အတွက် ညစဉ်တိုင်း တွေ့ဆုံကာ ပြက်လုံးများ တိုင်ပင်ပြင်ဆင်ခြင်းများ စတင်ပြုလုပ်နေပြီဖြစ်ကာ ပြုလုပ်သွားမည့် နေ့ရက်နှင့် နေရာတို့ကို မကြာမီအသိပေး ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။
-
သထုံမြို့နယ် အနန်းပင်ကျေးရွာအနီး သထုံ - ပေါင် ခရိုင်ချင်းဆက်လမ်းတွင် မော်တော်ယာဉ်တစ်စီးအရှိန်လွန်တိမ်းမှောက်မှုကြောင့် လူ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ
-
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ငါးခုတွင် ရာသီဥတု ပြောင်းလဲမှုများနှင့် မြေဆီလွှာ တိုက်စားမှု လျှော့ချရန်အတွက် ရေဝေရေလဲ နေရာငယ်များတွင် ဒေသနှင့် ကိုက်ညီသည့်သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းမှု ပြုလုပ်
-
ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ (LDC) တွင် မြန်မာနိုင်ငံသည် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အများဆုံး ရရှိခဲ့ပြီး မကြာမီ LDC စာရင်းဝင်နိုင်ငံအဖြစ်မှ လွတ်မြောက်တော့မည်ဟု ကုလသမဂ္ဂ အစီရင်ခံစာ၌ ဖော်ပြ
-
ဟေတီတွင် ရာဇဝတ်ဂိုဏ်းများနှင့် ဆက်နွှယ်သည့် အကြမ်းဖက်မှုများကြောင့် လူ ၂၀,၀၀၀ ကျော် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်
-
■ စီးရီးအေ ပွဲစဉ်(၆)၊ ဂျာမန်ဖလား ပထမအဆင့်နှင့် ပြင်သစ်လီဂူး ပွဲစဉ်(၆) ပွဲကြိုသုံးသပ်ချက်